Connect with us

Hi, what are you looking for?

News

နိုင်ငံအနောက်မြောက်ပိုင်းတွင် အရပ်သားနေရပ်စွန့်ခွာထွက်ပြေးရမှုများမြင့်တက်နေကြောင်း OCHA ထုတ်ပြန်

လူသားချင်းစာနာမှုလုပ်ငန်းဆောင်ရွက်နေသူများအနေ ဖြင့် အဆိုပါဒေသတွေဆီ သွားလာခွင့်ရ ရှိရန် အခက် အခဲများဖြစ်နေပြီး ယင်းမှာ အလေးအနက်ထားဖြေရှင်းရမည့် လူသားချင်းစာနာမှုအခြေအနေဖြစ်ကြောင်း OCHAက ဆိုသည်။

ကယားပြည်နယ် ဒီး​မော့ဆိုမြို့နယ်အတွင်း ​နေရပ်စွန့်ခွာထွက်​ပြေး​နေရသူ သက်ကြီးပိုင်း​ဒေသခံတစ်ဦးကို ​တွေ့ရစဥ်၊ ဓာတ်ပုံ - HRW

မြန်မာနိုင်ငံအနောက်မြောက်ပိုင်းတွင် နိုင်ငံတွင်း အရပ်သားနေရပ်စွန့်ခွာထွက်ပြေးရမှုများ မြင့်တက်နေပြီး လူသားချင်းစာနာမှုလုပ်ငန်းတွေလုပ် ဆောင်ရေး ခက်ခဲနေကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး(OCHA)က ယနေ့(ဒီဇင်ဘာ ၁၅ရက်) ထုတ်ပြန်သည်။

လူသားချင်းစာနာမှုလုပ်ငန်းဆောင်ရွက်နေသူများအနေ ဖြင့် အဆိုပါဒေသတွေဆီ သွားလာခွင့်ရ ရှိရန် အခက် အခဲများဖြစ်နေပြီး ယင်းမှာ အလေးအနက်ထားဖြေရှင်းရမည့် လူသားချင်းစာနာမှုအခြေအနေဖြစ်ကြောင်း OCHAက ဆိုသည်။

ဒီဇင်ဘာ ၇ရက် ကိန်းဂဏန်းများအရ တပ်မတော်၊ ချင်းပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့နှင့် အခြားသောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများကြောင့် လူဦးရေ ၁သိန်းကျော် တိုက်ပွဲရှောင်ထွက်ပြေးနေရကြောင်း OCHA၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ထို့အပြင် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၄ ခုတွင် လူပေါင်း ၁၈၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး တိုက်ပွဲရှောင်ထွက်ပြေးရသူဦးရေမှာ ၅၉၀၀၀ ကျော်ရှိနေပြီဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ချင်းပြည်နယ်၊ မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်များတွင် ထပ်မံ အိုးအိမ်စွန့်ခွာထွက်ပြေးရသူဦးရေ ၁၀၅၀၀ ခန့်ရှိခဲ့ပြီး လက်ရှိအချိန်အထိ လူဦးရေ ၄၀၁၀၀ အထိရှိသွားပြီဖြစ်သည်ဟု OCHA က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာကြောင့် အရပ်သားတွေ မိသားစုလိုက်သေဆုံးခဲ့ရတယ်လို့ နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က မနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းမြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းက အရပ်သား ၃ဦး သတ်ဖြတ်သွားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့အနီးမှာ တိုက်ပွဲတွေပြင်းထန်နေပြီး လူမှုကူညီရေးလုပ်ဆောင်တဲ့အမျိုးသားတဦးအပါအဝင် ဒေသခံနှစ်ဦး မိုင်နင်းမိပြီး သေဆုံးသွားခဲ့ပါတယ်။