Connect with us

Hi, what are you looking for?

LuduNwayOo

News

နိုင်ငံအနောက်မြောက်ပိုင်းတွင် အရပ်သားနေရပ်စွန့်ခွာထွက်ပြေးရမှုများမြင့်တက်နေကြောင်း OCHA ထုတ်ပြန်

လူသားချင်းစာနာမှုလုပ်ငန်းဆောင်ရွက်နေသူများအနေ ဖြင့် အဆိုပါဒေသတွေဆီ သွားလာခွင့်ရ ရှိရန် အခက် အခဲများဖြစ်နေပြီး ယင်းမှာ အလေးအနက်ထားဖြေရှင်းရမည့် လူသားချင်းစာနာမှုအခြေအနေဖြစ်ကြောင်း OCHAက ဆိုသည်။

ကယားပြည်နယ် ဒီး​မော့ဆိုမြို့နယ်အတွင်း ​နေရပ်စွန့်ခွာထွက်​ပြေး​နေရသူ သက်ကြီးပိုင်း​ဒေသခံတစ်ဦးကို ​တွေ့ရစဥ်၊ ဓာတ်ပုံ - HRW

မြန်မာနိုင်ငံအနောက်မြောက်ပိုင်းတွင် နိုင်ငံတွင်း အရပ်သားနေရပ်စွန့်ခွာထွက်ပြေးရမှုများ မြင့်တက်နေပြီး လူသားချင်းစာနာမှုလုပ်ငန်းတွေလုပ် ဆောင်ရေး ခက်ခဲနေကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး(OCHA)က ယနေ့(ဒီဇင်ဘာ ၁၅ရက်) ထုတ်ပြန်သည်။

လူသားချင်းစာနာမှုလုပ်ငန်းဆောင်ရွက်နေသူများအနေ ဖြင့် အဆိုပါဒေသတွေဆီ သွားလာခွင့်ရ ရှိရန် အခက် အခဲများဖြစ်နေပြီး ယင်းမှာ အလေးအနက်ထားဖြေရှင်းရမည့် လူသားချင်းစာနာမှုအခြေအနေဖြစ်ကြောင်း OCHAက ဆိုသည်။

ဒီဇင်ဘာ ၇ရက် ကိန်းဂဏန်းများအရ တပ်မတော်၊ ချင်းပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့နှင့် အခြားသောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများကြောင့် လူဦးရေ ၁သိန်းကျော် တိုက်ပွဲရှောင်ထွက်ပြေးနေရကြောင်း OCHA၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ထို့အပြင် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၄ ခုတွင် လူပေါင်း ၁၈၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး တိုက်ပွဲရှောင်ထွက်ပြေးရသူဦးရေမှာ ၅၉၀၀၀ ကျော်ရှိနေပြီဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ချင်းပြည်နယ်၊ မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်များတွင် ထပ်မံ အိုးအိမ်စွန့်ခွာထွက်ပြေးရသူဦးရေ ၁၀၅၀၀ ခန့်ရှိခဲ့ပြီး လက်ရှိအချိန်အထိ လူဦးရေ ၄၀၁၀၀ အထိရှိသွားပြီဖြစ်သည်ဟု OCHA က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

စစ်ကောင်စီသည် ယခုနှစ်အတွင်း ပြည်သူ ၃၀ဦးကို ဖမ်းဆီးခဲ့ရာ ၁၀ဦးအား ပြန်လွှတ်ပေးခြင်းမရှိသေးဟု မင်းတပ် CDFက ထုတ်ပြန်သည်။

သတင်း

စိန်လုံဗျူဟာမှူးဗိုလ်မှူးကြီး ဟိန်းထက်အောင် အပါအဝင် စစ်သား ၂၄ ဦးကို ​ကျောက်စခန်းအနီးတိုက်ပွဲ၌ KIA ကဖမ်းဆီးခဲ့ခြင်းဖြစ်သည်။