Connect with us

Hi, what are you looking for?

LuduNwayOo

News

ကျဆုံးစစ်သည်များအတွက် ဆုတောင်းပွဲ MNDAA ပြုလုပ်

ကျဆုံးသောသူရဲကောင်းများအတွက် မပြီးဆုံးသေးသော တော်လှန်ရေးလမ်းစဉ်ကို ဒေသခံပြည်သူလူထုအားလုံးနှင့်တကွ တော်လှန်ရေးအောင်မြင်သည့်အထိ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း MNDAAက ထုတ်ပြန်သည်။

ဓာတ်ပုံ - The Kokang

ကိုးကန့်လက်နက်ကိုင်အဖွဲ့ဟုခေါ်ဆိုသည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)မှ ကျဆုံးသွားသည့် ၎င်းတို့ စစ်သည်များအတွက် ဂါရ၀ပြု ဆုတောင်းပွဲနှင့် အလေးပြုခြင်းအခမ်းအနားကို ဒီဇင်ဘာ ၁၃ရက်က ပြုလုပ်ခဲ့ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်သည်။

ဓာတ်ပုံ – The Kokang

MNDAAနှင့် စစ်ကောင်စီတပ်အကြားတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေချိန် မုံးကိုးခရိုင်အတွင်း ကျဆုံးခဲ့သည့် သူရဲကောင်း စစ်သည်များအတွက် ထိုသို့ အခမ်းအနား ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အခမ်းအနားသို့ အထူးဒေသ(၁)မုံးကိုးခရိုင်အုပ်ချုပ်ရေးအဖွဲ့ကိုယ်စားလှယ်များ၊ MNDAA ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများလည်း ပါဝင်တက်ရောက်ခဲ့ကြောင်း၊ တက်ရောက်လာသူ အားလုံးသည် အခမ်း အနားအစတွင် ၃မိနစ်ခန့်ကြာ ငြိမ်သက်စွာ အလေးပြုပြီးနောက် ကိုယ်စားလှယ်အသီးသီးများမှ လွမ်းသူ့ပန်းခွေများချခဲ့ကြကြောင်း ဖော်ပြသည်။

ဓာတ်ပုံ – The Kokang

မုံးကိုးခရိုင်၏ခရိုင်ကော်မတီဝင် ဒုဥက္ကဌက MNDAA ၏ နိုင်ငံရေးဌာန ကိုယ်စားပြု၍ ကျဆုံး သူရဲကောင်း များအတွက် ဂုဏ်ပြုစာနှင့် ဝမ်းနည်းစာ ဖတ်ကြားခဲ့ရာ သူရဲကောင်းတို့သည် ပြည်ထောင်စုမြန်မာနိုင်ငံတော် တည်ဆောက်နိုင်ရေး၊ တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ အထူးဒေသ(၁)၏ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့် စသည့်တို့ ရရှိနိုင်ရေးအတွက် ကိုယ်ကျိုးမဖတ် ပေးဆက်စွန့်စားရဲသည့် စိတ်ဓာတ်ကိုသတိရပြီး ၎င်းတို့သည် သမိုင်းထဲတွင် မှတ်ကျောက်တင်ခံရမည်ဖြစ်ကြောင်းဖော်ပြထားသည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – The Kokang

ကျဆုံးသောသူရဲကောင်းများအတွက် မပြီးဆုံးသေးသော တော်လှန်ရေးလမ်းစဉ်ကို ဒေသခံပြည်သူလူထုအားလုံးနှင့်တကွ တော်လှန်ရေးအောင်မြင်သည့်အထိ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း MNDAAက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့အား မြို့တော်ခန်းမအတွင်းရှိ စစ်သားများက ရိုက်နှက် နှိပ်စက်ခဲ့ရာ ကိုအောင်ကျော်ဇင်မှာ မတ်လ (၂၉) ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောကြားသည်။

သတင်း

ဖေဖော်ဝါရီ ၂၅ရက်က မုံရွာမြို့နယ်ရှိ ဗန်စီစီ၊ နိဗ္ဗာန်ဝ၊ မုံရွေးကြေးမုံကျေးရွာများသို့ ထိုးစစ်ဆင်လာခဲ့သော စစ်ကြောင်းနှင့် မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ တပ်ခွဲ(၃)၊ တပ်စု(၂)Youth Vigor Revolution Force ရဲဘော်များနှင့် ထိပ်တိုက်တွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

မေးမြန်းခန်း

ကိုးကန့်ဒေသပြန်လည်ထူထောင်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး ကိုးကန့်တပ်မတော်(MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းကို People's Spring ကဆက်သွယ်မေးမြန်းထားတာကို ဖော်ပြလိုက်ပါတယ်။

နိုင်ငံတကာ

ကနဦး စုံစမ်းမှုတွေအရ အမေရိကန် တပ်ဖွဲ့ဝင်တွေဟာ အဲဒီ ဖောက်ခွဲရေး ဒရုန်းကို ကိုယ့်တပ်ဖက်က ဒရုန်းလို့ အထင်မှားပြီး ပေါ့ပေါ့ဆဆ သဘောထားမိခဲ့တာ ဖြစ်နိုင်တယ်လို့ သိရှိရပါတယ်။