Connect with us

Hi, what are you looking for?

News

ကျဆုံးစစ်သည်များအတွက် ဆုတောင်းပွဲ MNDAA ပြုလုပ်

ကျဆုံးသောသူရဲကောင်းများအတွက် မပြီးဆုံးသေးသော တော်လှန်ရေးလမ်းစဉ်ကို ဒေသခံပြည်သူလူထုအားလုံးနှင့်တကွ တော်လှန်ရေးအောင်မြင်သည့်အထိ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း MNDAAက ထုတ်ပြန်သည်။

ဓာတ်ပုံ - The Kokang

ကိုးကန့်လက်နက်ကိုင်အဖွဲ့ဟုခေါ်ဆိုသည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)မှ ကျဆုံးသွားသည့် ၎င်းတို့ စစ်သည်များအတွက် ဂါရ၀ပြု ဆုတောင်းပွဲနှင့် အလေးပြုခြင်းအခမ်းအနားကို ဒီဇင်ဘာ ၁၃ရက်က ပြုလုပ်ခဲ့ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်သည်။

ဓာတ်ပုံ – The Kokang

MNDAAနှင့် စစ်ကောင်စီတပ်အကြားတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေချိန် မုံးကိုးခရိုင်အတွင်း ကျဆုံးခဲ့သည့် သူရဲကောင်း စစ်သည်များအတွက် ထိုသို့ အခမ်းအနား ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အခမ်းအနားသို့ အထူးဒေသ(၁)မုံးကိုးခရိုင်အုပ်ချုပ်ရေးအဖွဲ့ကိုယ်စားလှယ်များ၊ MNDAA ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများလည်း ပါဝင်တက်ရောက်ခဲ့ကြောင်း၊ တက်ရောက်လာသူ အားလုံးသည် အခမ်း အနားအစတွင် ၃မိနစ်ခန့်ကြာ ငြိမ်သက်စွာ အလေးပြုပြီးနောက် ကိုယ်စားလှယ်အသီးသီးများမှ လွမ်းသူ့ပန်းခွေများချခဲ့ကြကြောင်း ဖော်ပြသည်။

ဓာတ်ပုံ – The Kokang

မုံးကိုးခရိုင်၏ခရိုင်ကော်မတီဝင် ဒုဥက္ကဌက MNDAA ၏ နိုင်ငံရေးဌာန ကိုယ်စားပြု၍ ကျဆုံး သူရဲကောင်း များအတွက် ဂုဏ်ပြုစာနှင့် ဝမ်းနည်းစာ ဖတ်ကြားခဲ့ရာ သူရဲကောင်းတို့သည် ပြည်ထောင်စုမြန်မာနိုင်ငံတော် တည်ဆောက်နိုင်ရေး၊ တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ အထူးဒေသ(၁)၏ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့် စသည့်တို့ ရရှိနိုင်ရေးအတွက် ကိုယ်ကျိုးမဖတ် ပေးဆက်စွန့်စားရဲသည့် စိတ်ဓာတ်ကိုသတိရပြီး ၎င်းတို့သည် သမိုင်းထဲတွင် မှတ်ကျောက်တင်ခံရမည်ဖြစ်ကြောင်းဖော်ပြထားသည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – The Kokang

ကျဆုံးသောသူရဲကောင်းများအတွက် မပြီးဆုံးသေးသော တော်လှန်ရေးလမ်းစဉ်ကို ဒေသခံပြည်သူလူထုအားလုံးနှင့်တကွ တော်လှန်ရေးအောင်မြင်သည့်အထိ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း MNDAAက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

ဆောင်းပါး

နေပြည်တော်ကလာတဲ့ အမိန့်ကို ဂရုမစိုက်တတ်တဲ့၁၀၂၇စစ်ဆင်ရေးဖိုက်တာMNDAAက ရှမ်းမြောက်မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးအာဏာပြိုင်ပွဲကို အသံတိတ်စစ်မျက်နှာဖွင့်လှစ်လိုက်ပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)က၁၀၂၇ စစ်ဆင်ရေးမှာဖမ်းဆီးခဲ့တဲ့ စစ်သုံ့ပန်းတွေအနက် ၁၀၀ကျော်ကို စစ်တပ်ထံ ဒီကနေ့ ထပ်မံလွှဲပေးလိုက်တယ်လို့​ဒေသခံသတင်းရင်းမြစ်အချို့က​ပြောပါတယ်။