Connect with us

Hi, what are you looking for?

News

မယ်​ထော်သ​လေးတိုက်ပွဲ စစ်ကောင်စီတပ်သား ၁၈ဦး​သေ၊ ၈ဦးကို အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိ

တိုက်ပွဲကြောင့် လေးကေ့ကော်ဒေသခံ ထောင်နှင့်ချီ၍ စစ်ဘေးရှောင်ကြရပြီး ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်နေသူများလည်းရှိသည်။

ဓာတ်ပုံ - ​တောင်ပိုင်းတိုင်း စစ်​မြေပြင်သတင်းနှင့်ပြန်ကြား​ရေး၊ PVTV

ကရင်ပြည်နယ် မြ၀တီမြို့နယ် လေးကေ့ကော်မြို့သစ်အနီးရှိ မယ်ထော်သလေးတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၁၈ဦးသေဆုံးပြီး ၈ဦး အရှင်ဖမ်းမိကြောင်း အမျိုးသားညီညွတ်​ရေးအစိုးရ( NUG) ၏ သတင်းပြန်ကြား​ရေး PVTVက ယနေ့ ဖော်ပြသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ဒီဇင်ဘာ ၁၆ရက်တွင် မယ်ထော်သလေး ဒေသ၌ တိုက်ပွဲဖြစ်ခဲ့သည်။ ဒီဇင်ဘာ ၁၅ရက်က လေးကေ့ကော်မြို့တွင်း၊မြို့ပြင်နေရာများ၌ တိုက်ပွဲစတင်ခဲ့ပြီးနောက် မယ်ထော်သလေး၌ တိုက်ပွဲဆက်ဖြစ်ခဲ့ခြင်းဖြစ်သည်။

မယ်ထော်သလေး တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၆ဦးနှင့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF)မှ ၂ဦး အရှင်ဖမ်းမိခဲ့သည်ဟု PVTVက ဖော်ပြသည်။

KNU ထိန်းချုပ်နယ်မြေ လေးကေ့ကော်မြို့သစ်ကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၄ရက်တွင် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ပြီး CDM များအပါအဝင် လေးကေ့ကော်၌ ခိုလှုံနေသူများကို ဖမ်းဆီးသွားရာ ဒီဇင်ဘာ ၁၅ရက်မှစ၍ KNLA/PDF ပူးပေါင်းအဖွဲ့နှင့် တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ရက်အတွင်း စစ်ကောင်စီတပ်မှ သေဆုံး ထိခိုက်မှုများပြားခဲ့သည်။ ပူးပေါင်းအဖွဲ့က လည်းအချို့ ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲကြောင့် လေးကေ့ကော်ဒေသခံ ထောင်နှင့်ချီ၍ စစ်ဘေးရှောင်ကြရပြီး ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်နေသူများလည်းရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook