Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်က လေးရက်အတွင်း လေကြောင်းမှ ၁၄ကြိမ် တိုက်ခိုက်ဟု MNDAA ထုတ်ပြန်၊ မုံးကိုးဒေသကို တိုက်ပွဲကြီး ဖော်ဆောင်လာနိုင်ဟုဆို

MNDAAနှင့် စစ်ကောင်စီတပ်တို့သည် တိုက်ပွဲ ဖြစ်ပွားမှု ၄လ ကျော်ကြာမြင့်ခဲ့ရာ လက်ရှိတွင် မုံးကိုးခရိုင်၊ ဖောင်းဆိုင်ဒေသသည် အဓိကတိုက်ပွဲဖြစ်ပွားရာ နေရာဖြစ် သည်ဟု ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က မုံးကိုးခရိုင်ရှိ ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA) တပ်စခန်းများကို စစ်ရဟတ်ယာဉ်နှင့် တိုက်လေ ယာဉ်များဖြင့် ဆက်လက်တိုက်ခိုက်နေပြီး တိုက်ပွဲကြီးမျာ ဖော်ဆောင်လာနိုင်ကြောင်း MNDAAက ထုတ်ပြန်သည်။

ဒီဇင်ဘာလ ၁၃ ရက်မှ ၁၆ရက်အထိ စစ်ကောင်စီတပ်က MNDAA တပ်စခန်းမျာကို လေကြောင်းမှ ၁၄ကြိမ် တိုက်ခိုက်ခဲ့ပြီ လာမည့်တိုက်ပွဲများ၌လည်း စစ်ကောင်စီက စစ်ရဟတ်ယာဉ်နှင့် တိုက်လေယာဉ်များကို ဆက် လက် အသုံးပြုလာနိုင်ကြောင်း ဖော်ပြသည်။

MNDAAနှင့် စစ်ကောင်စီတပ်တို့သည် တိုက်ပွဲ ဖြစ်ပွားမှု ၄လ ကျော်ကြာမြင့်ခဲ့ရာ လက်ရှိတွင် မုံးကိုးခရိုင်၊ ဖောင်းဆိုင်ဒေသသည် အဓိကတိုက်ပွဲဖြစ်ပွားရာ နေရာဖြစ် သည်ဟု ဆိုသည်။

ဖောင်းဆိုင်ဒေသရှိ MNDAA၏ မန်ရန်တပ်စခန်း နှင့် ရှိကျိကျ‌တောင်တန်းသည် စစ်ကောင်စီ၏ အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်မှုကိုခံခဲ့ရကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၁၈ရက်သတင်းအရ စစ်ကောင်စီသည် မုံးကိုးခရိုင်ရှိ MNDAA တပ်စခန်းများကို အကြိမ်ကြိမ်ထိုးစစ်ဆင်ရာ မအောင်မြင်၍ ယင်းတပ်စခန်းများကို ဆက်လက်တိုက်ခိုက်ရန် ပြင်ဆင်နေပြီး တိုက်ပွဲကြီး ဖြစ်လာနိုင်ကြောင်း ထုတ်ပြန်သည်။ စစ်ကောင်စီတပ်၏ သံချပ်ကာကား(၃)စီးသည် မုံးကိုးခရိုင်သို့ရောက်ရှိနေသည်ဟုဆိုသည်။

MNDAAနှင့် စစ်ကောင်စီတပ်တို့သည် ဒီဇင်ဘာ ၁၅ရက်ကလည်း သိန္နီမြို့နယ်တွင် တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ ၄ဦးသေဆုံးပြီး MNDAAမှ ကျဆုံးမှုမရှိဟု ဖော်ပြခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။