Connect with us

Hi, what are you looking for?

News

မုံးကိုးဒေသ ယမန်နေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ​ထိ့ခိုက်​သေဆုံးသူ ၇၀ကျော်ရှိဟု MNDAA ထုတ်ပြန်

စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာကျဆုံး(၇၀)ကျော်အထက်ရှိကြောင်းနှင့် စစ်ကောင်စီသည် ကျဆုံးမှုများသောကြောင့် MNDAA၏ မုံးကိုးခရိုင် လှိုင်ရှိန်တောင်တန်းနှင့် မန်ရန် တပ်စခန်းကို တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်လာရောက်ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်သည်။

ရှမ်းပြည်နယ် မြောက်ပိုင်း မုံးကိုးဒေသတွင် အာဏာသိမ်းစစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၉ရက်တွင် ထိုးစစ်ဆင်မှုများအကြိမ်ကြိမ်ပြုလုပ်ခဲ့၍ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ကျော်ထိခိုက်​သေဆုံးကြောင်း ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA)က ယနေ့ ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ မနက် ၆နာရီခန့်မှစ၍ MNDAA၏ မန်ရန် တပ်စခန်းကို လက်နက်ကြီး များဖြင့် စတင်ပစ်ခတ်ကာ ခြေလျင်တပ်ဖွဲ့ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာကြောင်း၊ နေ့လည်ပိုင်းတွင် သံချပ်ကာကားများ အပါအဝင် လက်နက်ကြီး များ ပစ်ခတ်ခဲ့ကြောင်း၊ အင်အား ၅၀၀ ကျော်ဖြင့် ၉ကြိမ် တိုင်တိုင် ထိုးစစ်ဆင်လာရာ MNDAAက ကောင်းမွန်စွာ ခုခံတိုက်ခိုက်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာကျဆုံး(၇၀)ကျော်အထက်ရှိကြောင်းနှင့် စစ်ကောင်စီသည် ကျဆုံးမှုများသောကြောင့် MNDAA၏ မုံးကိုးခရိုင် လှိုင်ရှိန်တောင်တန်းနှင့် မန်ရန် တပ်စခန်းကို တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်လာရောက်ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီသည် MNDAA၏ မန်ရန်တပ်စခန်းကို အကြိမ်ကြိမ်ထိုးစစ်ဆင်တိုက်ခိုက်လာသော်လည်း နောက်ဆုံးတွင် ရှုံးနိမ့်မှုနှင့် အဆုံးသက်ခဲ့ကြောင်း၊ ထို့ကြောင့် စစ်ကောင်စီသည် မန်ရန်တပ်စခန်းကို ပစ်ခတ်တိုက်ခိုက်နိုင်ရန်အတွက် မုံးကိုးခရိုင်သို့ စစ်အင်အားများထပ်မံတိုးချဲ့လာပြီး နှစ်ဦးနှစ်ဘက်၏ စစ်ရေးမှာလည်း ပိုမိုပြင်းထန်လာနိုင်ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

မုံးကိုးဒေသ၌ MNDAAနှင့် စစ်ကောင်စီတပ်တို့၏ တိုက်ပွဲဖြစ်ပွားမှု ​လေးလကျော်ကြာပြီဖြစ်ပြီး ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ကူများဖြင့်ပါ ထိုးစစ်ဆင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။