Connect with us

Hi, what are you looking for?

News

အာရှလမ်းမအနား နာရီအ​တော်ကြာပစ်ခတ်မှု စစ်​ကောင်စီဒုတပ်ရင်းမှူးအပါအဝင် နှစ်ဦး​သေဆုံး

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူးအဆင့်ရှိသူ အပါအဝင် ၂ ဦးသေဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာရရှိသွားခဲ့တယ်လို့ကေအဲန်ယူ ကော့ကရိတ်မြို့နယ် သတင်းနဲ့ပြန်ကြားရေးဌာနခွဲထံကနေ သိရပါတယ်။

ကော့ကရိတ်မြို့နယ် အာရှလမ်းမအနီးက တောနော်ရေတံခွန်မှာ ဒီကနေ့ နေKNLA တပ်မဟာ ၆ နဲ့ စစ်ကောင်စီတပ်တို့အကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူးအပါအဝင် ၂ ဦးသေဆုံးသွားခဲ့တယ်လို့ ကေအဲန်ယူထံကနေ သိရပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒေါနတောင်ပေါ်ကို ခြေကျင်နဲ့ နယ်မြေဖြတ်ကျော်ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၆ အကြား ဒီကနေ့ ၁၂ နာရီကျော်အချိန်က တောနော်ရေတံခွန်မှာ ထိပ်တိုက်တွေ့ဆုံပြီး ပစ်ခတ်မှုနာရီအတော်ကြာ ဖြစ်ပွားခဲ့တာပါ။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူးအဆင့်ရှိသူ အပါအဝင် ၂ ဦးသေဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာရရှိသွားခဲ့တယ်လို့ကေအဲန်ယူ ကော့ကရိတ်မြို့နယ် သတင်းနဲ့ပြန်ကြားရေးဌာနခွဲထံကနေ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။