Connect with us

Hi, what are you looking for?

LuduNwayOo

News

မတ္တရာတွင် စစ်ယာဉ်တန်း မိုင်း​လေးလုံးဖြင့် တိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိနိုင်ဟုဆို

“ကျွန်းပင်၊ သဖန်းကိုင်း၊ မြှောင်းသစ်ကနေ ဆင်းလာတဲ့ စခ ယာဉ်တန်းအုပ်စုကို မိုင်း ၄လုံးဆွဲတိုက်ခိုက်တာရှိတယ်။ ထိခိုက်ဒဏ်ရာရရှိမှု ရှိတယ်လို့ သိရတယ်။ ဒါပေမဲ့ အရေအတွက် မသိရဘူး”ဟု ဒေသခံက ပြော သည်။

မန္တလေးတိုင်း မတ္တရာမြို့နယ်တွင် ယနေ့ မွန်းလွဲပိုင်းက စစ်ကောင်စီတပ် ယာဉ်တန်း ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိနိုင်ကြောင်း ဒေသခံကပြောသည်။

ယနေ့(ဒီဇင်ဘာ ၂၁)မွန်းလွဲ ၃နာရီ ၁၅မိနစ်တွင် မတ္တရာမြို့နယ် သပြေလှကျေးရွာ အနီးတွင် တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျွန်းပင်၊ သဖန်းကိုင်း၊ မြှောင်းသစ်ကနေ ဆင်းလာတဲ့ စခ ယာဉ်တန်းအုပ်စုကို မိုင်း ၄လုံးဆွဲတိုက်ခိုက်တာရှိတယ်။ ထိခိုက်ဒဏ်ရာရရှိမှု ရှိတယ်လို့ သိရတယ်။ ဒါပေမဲ့ အရေအတွက် မသိရဘူး”ဟု ဒေသခံက ပြော သည်။

ထိုသို့ တိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်ကလည်း သေနတ်ဖြင့် အချက်ပေါင်းများစွာ ပြန်လည် ပစ်ခတ်ခဲ့ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်သူများ ဖမ်းဆီးခံရခြင်း ထိခိုက်ကျဆုံးခြင်းမရှိကြောင်း ၎င်း ကဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကောင်စီတပ်ယာဉ်တန်းသည် ပြီးခဲ့သည့် ရက်ပိုင်းက ရုံးပင်ရဲကင်းစခန်း မီးရှို့ခံရမှု ဖြစ်စဉ်အပြီးတွင် မတ္တရာမြို့နယ်အတွင်း ကျေးရွာများသို့ ဝင်ရောက်စီးနင်းပြီး ဒေသခံများကို ဖမ်းဆီးနေသည့် တပ်ဟု မတ္တရာနယ်ခံက ပြောသည်။

အဆိုပါတပ်က ဒေသခံ ၂၀ကျော်ကို ဒီဇင်ဘာ ၂၀ရက်က ဖမ်းဆီးခဲ့ရာ ယနေ့အထိ ပြန်လွှတ်မပေးသေးကြောင်း ၎င်းက ဆိုသည်။

မတ္တရာမြို့နယ်တွင် အောက်တိုဘာနှင့် နိုဝင်ဘာလကလည်း စစ်ကောင်စီတပ်ယာဉ်တန်းကို ဒေသကာကွယ် ရေးအဖွဲ့က မိုင်းဖြင့်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။