Connect with us

Hi, what are you looking for?

News

မတ္တရာတွင် စစ်ယာဉ်တန်း မိုင်း​လေးလုံးဖြင့် တိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိနိုင်ဟုဆို

“ကျွန်းပင်၊ သဖန်းကိုင်း၊ မြှောင်းသစ်ကနေ ဆင်းလာတဲ့ စခ ယာဉ်တန်းအုပ်စုကို မိုင်း ၄လုံးဆွဲတိုက်ခိုက်တာရှိတယ်။ ထိခိုက်ဒဏ်ရာရရှိမှု ရှိတယ်လို့ သိရတယ်။ ဒါပေမဲ့ အရေအတွက် မသိရဘူး”ဟု ဒေသခံက ပြော သည်။

မန္တလေးတိုင်း မတ္တရာမြို့နယ်တွင် ယနေ့ မွန်းလွဲပိုင်းက စစ်ကောင်စီတပ် ယာဉ်တန်း ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိနိုင်ကြောင်း ဒေသခံကပြောသည်။

ယနေ့(ဒီဇင်ဘာ ၂၁)မွန်းလွဲ ၃နာရီ ၁၅မိနစ်တွင် မတ္တရာမြို့နယ် သပြေလှကျေးရွာ အနီးတွင် တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျွန်းပင်၊ သဖန်းကိုင်း၊ မြှောင်းသစ်ကနေ ဆင်းလာတဲ့ စခ ယာဉ်တန်းအုပ်စုကို မိုင်း ၄လုံးဆွဲတိုက်ခိုက်တာရှိတယ်။ ထိခိုက်ဒဏ်ရာရရှိမှု ရှိတယ်လို့ သိရတယ်။ ဒါပေမဲ့ အရေအတွက် မသိရဘူး”ဟု ဒေသခံက ပြော သည်။

ထိုသို့ တိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်ကလည်း သေနတ်ဖြင့် အချက်ပေါင်းများစွာ ပြန်လည် ပစ်ခတ်ခဲ့ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်သူများ ဖမ်းဆီးခံရခြင်း ထိခိုက်ကျဆုံးခြင်းမရှိကြောင်း ၎င်း ကဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကောင်စီတပ်ယာဉ်တန်းသည် ပြီးခဲ့သည့် ရက်ပိုင်းက ရုံးပင်ရဲကင်းစခန်း မီးရှို့ခံရမှု ဖြစ်စဉ်အပြီးတွင် မတ္တရာမြို့နယ်အတွင်း ကျေးရွာများသို့ ဝင်ရောက်စီးနင်းပြီး ဒေသခံများကို ဖမ်းဆီးနေသည့် တပ်ဟု မတ္တရာနယ်ခံက ပြောသည်။

အဆိုပါတပ်က ဒေသခံ ၂၀ကျော်ကို ဒီဇင်ဘာ ၂၀ရက်က ဖမ်းဆီးခဲ့ရာ ယနေ့အထိ ပြန်လွှတ်မပေးသေးကြောင်း ၎င်းက ဆိုသည်။

မတ္တရာမြို့နယ်တွင် အောက်တိုဘာနှင့် နိုဝင်ဘာလကလည်း စစ်ကောင်စီတပ်ယာဉ်တန်းကို ဒေသကာကွယ် ရေးအဖွဲ့က မိုင်းဖြင့်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

မတ္တရာမြို့နယ်အရှေ့‌‌ခြမ်း နဲ့ မြို့အနီးကစစ်တပ် တက်စွဲထားရာ​နေရာ အများစုက​နေပြန်ဆုတ်နေပြီး မတ္တရာမြို့တွင်းမှာ စုဖွဲ့မှု ပြန်လုပ် နေတယ်လို့ ဒေသတွင်း တော်လှန်ရေး သတင်းအရင်းမြစ်တွေကပြောပါတယ်။

Facebook