Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်စွန့်ပစ်သွားသည့် တိုက်ပွဲကျအလောင်းများ မြေမြှုပ်ပေးခဲ့ဟု MNDAA ထုတ်ပြန်

မြေပြင်စစ်ရေးအခြေအနေ အနည်းငယ်လျော့ကျသော်လည်း MNDAA၏ မန်ရန် တပ်စခန်းနှင့် ရှိကျိကျတောင်တန်းဆီသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

-လက်နက်ခဲယမ်းအချို့ထပ်မံသိမ်းဆည်းရမိဟုဆို

အာဏာသိမ်းစစ်ကောင်စီတပ် စွန့်ပစ်သွားသည့် တိုက်ပွဲကျဆုံးခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းများကို မြေမြှုပ်ပေးခဲ့ပြီး လက်နက်ခဲယမ်းအချို့လည်း ထပ်မံသိမ်းဆည်းရမိကြောင်း ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့(MNDAA)က ယနေ့ (ဒီဇင်ဘာ၂၂) ထုတ်ပြန်ခဲ့သည်။

MNDAAနှင့် စစ်ကောင်စီတပ်တို့သည် ဒီဇင်ဘာ ၁၉ရက်က မုံးကိုးဒေသ၌ တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု ၁၀၀ခန့်ရှိနိုင်ကြောင်း MNDAAက ထုတ်ပြန်ထားသည်။

ဒီဇင်ဘာ ၂၀ရက်နှင့် ၂၁ရက်တို့တွင် စစ်ရေးအခြေအနေ အနည်းငယ် လျော့ကျလာ၍ စစ်မြေပြင်ရှင်းလင်းရေး လုပ်ဆောင်စဉ် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ကြောင်း၊အလောင်းများကို မြေမြှုပ်ပေးခဲ့ကြောင်း MNDAAက ဆိုသည်။

Public Service Announcement

Public Service Announcement

မြေပြင်စစ်ရေးအခြေအနေ အနည်းငယ်လျော့ကျသော်လည်း MNDAA၏ မန်ရန် တပ်စခန်းနှင့် ရှိကျိကျတောင်တန်းဆီသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

MNDAAနှင့် စစ်ကောင်စီတပ်တို့သည် ယခုလအတွင်း တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်မှုများ အကြိမ်ကြိမ်လုပ်ဆောင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။