Connect with us

Hi, what are you looking for?

LuduNwayOo

News

MNDAA တပ်သားသစ်များ အခြေခံစစ်သင်တန်း ဆင်းပွဲ

အခမ်းအနားတွင် MNDAA( မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်) လေ့ကျင့်ရေးဌာန နှင့် ကျန်းမားရေးဌာနတို့မှ အရာရှိများ တက်ရောက်ခဲ့ပြီး လေ့ကျင့်ရေး‌ပေးတာဝန်ခံက ထူးချွန်တပ်သားများကို ဆုချီးမြှင့်ခဲ့သည်ဟု ဆိုသည်။

ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့(MNDAA)၏ တပ်သား အခြေခံလေ့ကျင့်ရေး သင်တန်းကို ဒီဇင်ဘာ ၂၀ရက်က ကျင်းပခဲ့ကြောင်း MNDAAက ထုတ်ပြန်သည်။

အဆိုပါ သင်တန်းမှာ ​ခြောက်လအချိန်ကြာမြင့်ခဲ့ပြီး တော်လှန်​ရေးလမ်းစဉ်၌ လူငယ်သစ်များ ထပ်မံပေါက်ဖွားလာကြောင်း ဖော်ပြသည်။

အခမ်းအနားတွင် MNDAA( မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်) လေ့ကျင့်ရေးဌာန နှင့် ကျန်းမားရေးဌာနတို့မှ အရာရှိများ တက်ရောက်ခဲ့ပြီး လေ့ကျင့်ရေး‌ပေးတာဝန်ခံက ထူးချွန်တပ်သားများကို ဆုချီးမြှင့်ခဲ့သည်ဟု ဆိုသည်။

​ခြောက်လကြာ အခြေခံလေ့ကျင့်ရေးသင်တန်းသည် တပ်သားများ၏ တော်လှန်ရေးစိတ်ဓာတ်ကို ပိုမိုတည်ကြည်စေပြီး အတွေးအခေါ်၊ ကိုယ်ရေးအပြု အကျင့်၊ ခံယူချက်များ နှင့် အမျိုးသားရေးအသိစိတ်များ ကို ပိုမိုတိုးမြှင့်စေခဲ့ကြောင်း အရာရှိက အခမ်းအနား၌ အမှာစကား ပြောကြားခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

MNDAA သည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း၌ ရှမ်းမြောက် မုံးကိုးဒေသ၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ စဉ်ဆက်မပြတ် ဖြစ်ပွားနေသည့် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

ကိုးကန့်ဒေသပြန်လည်ထူထောင်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး ကိုးကန့်တပ်မတော်(MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းကို People's Spring ကဆက်သွယ်မေးမြန်းထားတာကို ဖော်ပြလိုက်ပါတယ်။

မေးမြန်းခန်း

လောက်ကိုင်မြို့မှာစစ်​ကောင်စီနဲ့ MNDAA တို့ကြား ဒီ​ဇင်ဘာလကုန်အထိအပစ်ရပ်တယ်လို့ ကနဦးစုံစမ်းသိထားရပါတယ်။

မေးမြန်းခန်း

တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ ညီ​နောင်မဟာမိတ် ၃ ဖွဲ့နဲ့စစ်​ကောင်စီတို့ တရုတ်နိုင်ငံ၊ကူမင်းမြို့မှာ ဒီက​နေ့ (ဒီဇင်ဘာ ၁၁) တွင်​တွေ့ဆုံ​ဆွေး​နွေးခဲ့တယ်လို့ စစ်​ကောင်စီဘက်ကထုတ်ပြန်လာပါတယ်။ ​

သတင်း

ရွှေဘိုတက္ကသိုလ်နှင့် ကညနရုံးတို့ရှိ စစ်ကောင်စီတပ်သားများသည် ဒေသတွင်းတော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှု မကြာခဏ ခံရလေ့ရှိသည်။