Connect with us

Hi, what are you looking for?

News

MNDAA တပ်သားသစ်များ အခြေခံစစ်သင်တန်း ဆင်းပွဲ

အခမ်းအနားတွင် MNDAA( မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်) လေ့ကျင့်ရေးဌာန နှင့် ကျန်းမားရေးဌာနတို့မှ အရာရှိများ တက်ရောက်ခဲ့ပြီး လေ့ကျင့်ရေး‌ပေးတာဝန်ခံက ထူးချွန်တပ်သားများကို ဆုချီးမြှင့်ခဲ့သည်ဟု ဆိုသည်။

ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့(MNDAA)၏ တပ်သား အခြေခံလေ့ကျင့်ရေး သင်တန်းကို ဒီဇင်ဘာ ၂၀ရက်က ကျင်းပခဲ့ကြောင်း MNDAAက ထုတ်ပြန်သည်။

အဆိုပါ သင်တန်းမှာ ​ခြောက်လအချိန်ကြာမြင့်ခဲ့ပြီး တော်လှန်​ရေးလမ်းစဉ်၌ လူငယ်သစ်များ ထပ်မံပေါက်ဖွားလာကြောင်း ဖော်ပြသည်။

အခမ်းအနားတွင် MNDAA( မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်) လေ့ကျင့်ရေးဌာန နှင့် ကျန်းမားရေးဌာနတို့မှ အရာရှိများ တက်ရောက်ခဲ့ပြီး လေ့ကျင့်ရေး‌ပေးတာဝန်ခံက ထူးချွန်တပ်သားများကို ဆုချီးမြှင့်ခဲ့သည်ဟု ဆိုသည်။

​ခြောက်လကြာ အခြေခံလေ့ကျင့်ရေးသင်တန်းသည် တပ်သားများ၏ တော်လှန်ရေးစိတ်ဓာတ်ကို ပိုမိုတည်ကြည်စေပြီး အတွေးအခေါ်၊ ကိုယ်ရေးအပြု အကျင့်၊ ခံယူချက်များ နှင့် အမျိုးသားရေးအသိစိတ်များ ကို ပိုမိုတိုးမြှင့်စေခဲ့ကြောင်း အရာရှိက အခမ်းအနား၌ အမှာစကား ပြောကြားခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

MNDAA သည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း၌ ရှမ်းမြောက် မုံးကိုးဒေသ၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ စဉ်ဆက်မပြတ် ဖြစ်ပွားနေသည့် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

ဆောင်းပါး

နေပြည်တော်ကလာတဲ့ အမိန့်ကို ဂရုမစိုက်တတ်တဲ့၁၀၂၇စစ်ဆင်ရေးဖိုက်တာMNDAAက ရှမ်းမြောက်မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးအာဏာပြိုင်ပွဲကို အသံတိတ်စစ်မျက်နှာဖွင့်လှစ်လိုက်ပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)က၁၀၂၇ စစ်ဆင်ရေးမှာဖမ်းဆီးခဲ့တဲ့ စစ်သုံ့ပန်းတွေအနက် ၁၀၀ကျော်ကို စစ်တပ်ထံ ဒီကနေ့ ထပ်မံလွှဲပေးလိုက်တယ်လို့​ဒေသခံသတင်းရင်းမြစ်အချို့က​ပြောပါတယ်။