Connect with us

Hi, what are you looking for?

News

ကညှင်မြိုင်စခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီဘက်မှ သေဆုံးမှုရှိ၊ လက်နက်များရရှိဟု KIA ထုတ်ပြန်

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အကျအဆုံးရှိခဲ့ပြီး၊ စစ်ကောင်စီတပ်ဖွဲ့၏ စစ်လက်နက်အသုံးအဆောင်ပစ္စည်းများရရှိခဲ့သည်ဟု ဆိုသည်။

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ကညှင်မြိုင် ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို (KIA)က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုရှိပြီး စစ်လက်နက်များ ရရှိခဲ့ကြောင်း KIA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

KIA အမှတ်(၉)တပ်မဟာ၊ အမှတ်(၄၄) တပ်ရင်း နယ်မြေ၊ ဆားမှော်ဒေသ၊ ကညှင်မြိုင်တွင် ဒီဇင်ဘာ ၂၄ရက် နံနက် ၃အချိန်ခန့်က တိုက်ပွဲဖြစ်ခဲ့​ကြောင်း၊ ကညှင်မြိုင်တွင် တပ်စွဲထားသော စစ်ကောင်စီ ခမရ (၃၈၃) တပ်ဖွဲ့ကို KIA အမှတ်(၄၄)တပ်ရင်းမှ သွားရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း ​ဖော်ပြသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အကျအဆုံးရှိခဲ့ပြီး၊ စစ်ကောင်စီတပ်ဖွဲ့၏ စစ်လက်နက်အသုံးအဆောင်ပစ္စည်းများရရှိခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်မှ ရဟတ်ယာဥ််ဖြင့်လာရောက်ပစ်ခတ်ခဲ့​ ကြောင်း၊ စစ်ကောင်စီမှတိုက်ပွဲဖြစ်ပွားချိန် လက်နက် ကြီး၊ လက်နက်ငယ်များပစ်ခတ်ခဲ့၍ ပွန်သုံးလုံးကျေးရွာရှိ ပြည်သူတစ်ယောက်၏နေအိမ်တွင် ကျရောက်ပေါက်ကွဲ ခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

KIA နှင့် စစ်ကောင်စီတပ်တို့သည် ယမန်နေ့ကလည်း ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။