Connect with us

Hi, what are you looking for?

News

ကယားပြည်နယ်တွင် အရပ်သားသေဆုံးမှု ၁၄၆ဦးအထိ ရှိလာ

ဖမ်းဆီးခံထားရသူ ၂၀၅ ဦးတွင်လည်း ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့် ခံထားရသူ ၁၁၈ ဦး၊၃၀၂ ဖြင့် ခုနှစ်ဦး၊ ၁၉ စ ဖြင့် လေးဦး၊ ၁၇ (၁)ဖြင့် နှစ်ဦး ဖြစ်ပြီး ကျန်ရှိသူများ၏ အမှုကို ဆက် လက်စုံစမ်းဆဲဖြစ်ကြောင်း PKPF က ဆိုသည်။

(ကယားပြည်နယ်အတွင်း စစ်ဘေးရှောင်းနေရသော ကလေးငယ်များကို တွေ့ရစဥ်)

စစ်တပ်၏ အာဏာသိမ်းချိန်မှစ၍ ကယား (ကရင်နီပြည်နယ်)တွင် အရပ်သားပြည်သူ သေဆုံးမှု ၁၄၆ ဦးအထိရှိပြီး ဖမ်းဆီးခံထားရသူ ၂၀၅ ဦးရှိကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF) က ယနေ့ ထုတ်ပြန်သည်။

သေဆုံးခဲ့သည့်ပြည်သူ ၁၄၆ ဦးတွင် သပိတ်အတွင်း သေဆုံးသူ နှစ်ဦး၊စစ်ရှောင်စဥ် သေဆုံးသူ ၁၁ ဦး နှင့် စစ်တပ်၏ အကြမ်းဖက်မှုများမှ သေဆုံးသူ ၁၃၃ ဦး ပါဝင်သည်။

ဖမ်းဆီးခံထားရသူ ၂၀၅ ဦးတွင်လည်း ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့် ခံထားရသူ ၁၁၈ ဦး၊၃၀၂ ဖြင့် ခုနှစ်ဦး၊ ၁၉ စ ဖြင့် လေးဦး၊ ၁၇ (၁)ဖြင့် နှစ်ဦး ဖြစ်ပြီး ကျန်ရှိသူများ၏ အမှုကို ဆက် လက်စုံစမ်းဆဲဖြစ်ကြောင်း PKPF က ဆိုသည်။

ထို့အပြင် ဖေဖော်ဝါရီ ၁ ရက်ကစ၍ ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းအထိ တိုက်ပွဲ အကြိမ်ရေ ၁၃၀ ဖြစ်ပွားခဲ့ကာ ကရင်နီ တပ်မတော် အပါအဝင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ နှင့် လက်နက်ကိုင်တပ်ဖွဲ့ဝင်သေဆုံးသူ ၄၁ ဦးရှိသည်။

Public Service Announcement

Public Service Announcement

ကရင်နီပြည်နယ် အတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်ရှောင်နေရသည့် ပြည်သူ အရေအတွက်မှာလည်း တစ်သိန်းကျော်အထိ တိုးမြင့်လာနေသည်ဟု ကရင်နီအတိုင်ပင်ခံကောင်စီ (KSCC) ၏ ပြောရေးဆိုခွင့် ရှိသူ ဦးဗညားက ဆိုသည်။

“လာမယ့် နှစ်လ သုံးလအတွင်းမှာ UN Agency တွေဖြစ်တဲ့ WFP တို့ UNICEF တို့ UNHCR တို့ ICRC တို့အနေနဲ့ ကယားပြည်နယ် အတွင်းက စစ်ရှောင်အရေးကို မကူညီနိုင်ဘူးဆိုရင် စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာ အကြပ်အတည်း ငတ်မွတ်မှုတွေ မလွှဲ မသွေ ရင်ဆိုင်ရနိုင်တယ်”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ် က ဖရူဆို နှင့် လွိုင်ကော်မြို့ဒေသတို့တွင် စစ်ရေးတိုးချဲ့နေသည့်အပြင် ပြည်သူများအား အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုများပါရှိနေသည်။

ဒီဇင်ဘာ၂၄ ရက် မွန်းလွဲပိုင်းက ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးတွင်၊ အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်ဘေးရှောင်ပြည်သူ ၃၅ ဦးကိုသတ်ဖြတ်ခဲ့ပြီး မော်တော်ယာဥ်များနှင့်အတူ မီးရှို့ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ကျင်ဒွေးတံတားကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျင်ဒွေးတံတား ထိန်းသိမ်းပြုပြင်နေတဲ့ အရပ်သား ၉ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ လမ်းတံတားပြင်ဆင်နေတဲ့ ဆောက်လုပ်ရေးလုပ်သား၉ဦး သေဆုံးပြီး ၂ဦးဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။။

သတင်း

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ရွှေဘုန်းပွင့်ဘုရားလမ်းထိပ်မှာ အသက် ၆၀ ကျော်အရွယ်အမျိုးသမီးတစ်ဦးကားတိုက်ခံရပြီးသေဆုံးသွားတယ်လို့ ကိုပူတူးနှင့်ဘော်ဒါများ လူမှုကူညီရေးအသင်းကအသိပေးထားပါတယ်။