Connect with us

Hi, what are you looking for?

News

အရပ်သားအစိုးရအုပ်ချုပ်မှု ပြန်လည်ရရှိရေး ကနေဒါ ဆက်လက်ကြိုးပမ်းမည်

ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ အပစ်အခတ်ရပ်ဆဲရေး တောင်းဆိုချက်များကို ထောက်ခံကြောင်းနှင့် အရေးပေါ် အခြေအနေ အဆုံးသတ်ရန် ကနေဒါက တောင်းဆိုသည်။

အရပ်သားအစိုးရအုပ်ချုပ်မှု ပြန်လည်ရရှိရေး မိတ်ဖက်နိုင်ငံများနှင့် ဆက်လက်လက်တွဲလုပ်ဆောင်မည်ဟု ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာက ထုတ်ပြန်သည်။

မကြာသေးမီက မြန်မာစစ်တပ်သည် အရပ်သားများအပေါ် တိုက်ခိုက်ခဲ့ခြင်းများနှင့် နိုင်ငံတကာ လူ့အခွင့် အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေများအား ဆက်လက်ချိုးဖောက်နေခြင်းတို့ကို ကနေဒါနိုင်ငံက ရှုတ်ချလိုက်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ အပစ်အခတ်ရပ်ဆဲရေး တောင်းဆိုချက်များကို ထောက်ခံကြောင်းနှင့် အရေးပေါ် အခြေအနေ အဆုံးသတ်ရန် ကနေဒါက တောင်းဆိုသည်။

ကနေဒါသည် ဗြိတိန်၊ အမေရိကန်၊ ဥရောပသမဂ္ဂတို့နှင့်အတူ တရားမဝင်အာဏာသိမ်းစစ်တပ်ကို ပစ်မှတ်ထားဒဏ်ခတ်အရေးယူမှုများ ပြုလုပ်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ကနေဒါဆီကနေ တင်သွင်းတဲ့ ကုန်စည်အမျိုးအစား အများအပြားအပေါ် တန်ဖိုးရဲ့ ၅၀ ရာခိုင်နှုန်းထိ အခွန်တိုးမြှင့် စည်းကြပ်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညွှန်ကြားလိုက်ပါတယ်။

နိုင်ငံတကာ

ဇူလိုင် ၄ ရက်နေ့က ကမ္ဘာ့ဖလားရဲ့ ၁၆ သင်း ရှုံးထွက်အဆင့် ပွဲစဉ်တွေကို ပထမဆုံးအကြိမ် စတင်ယှဉ်ပြိုင်ခဲ့ပြီး နာမည်ကြီး ပြင်သစ် အသင်းက ကွာတားဖိုင်နယ်ဆီ တက်လှမ်းသွားနိုင်ခဲ့သလို ပူးတွဲအိမ်ရှင် ကနေဒါကတော့ အာဖရိကထိပ်သီး မော်ရိုကို အသင်းကို အရေးနိမ့်ပြီး ပြိုင်ပွဲကို နှုတ်ဆက်သွားရပြီ ဖြစ်ပါတယ်။

သတင်း

တော်လှန် သဘင်ပညာရှင်တွေ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ အနုပညာ ဆေးတစက် ရုပ်ရှင်ကို ကနေဒါနိုင်ငံမှာ ပွဲဦးထွက်ပြသသွားမယ်လို့ ဒီဇာတ်ကားရဲ့ ဒါရိုက်တာ အောင်သော်က ပြောပါတယ်။