Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီကို ထပ်မံဒဏ်ခတ်အရေးယူရန် အီးယူအသင့်ဖြစ်နေပြီး ထပ်တိုးအရေးယူမှုများလုပ်ဆောင်ရန် နိုင်ငံတကာကို တိုက်တွန်း

ပြည်သူများလိုအပ်သော လူသားချင်းစာနာမှုရပိုင်ခွင့်များကို အတားအဆီးမရှိဘဲ လုံခြုံစွာ ပေးအပ်ရန်၊ ကျန်းမာရေးဝန်ထမ်းများကို အပြည့်အ၀အကာအကွယ်ပေးရေး၊ ဘေးကင်းရေးနှင့် လူသားချင်းစာနာမှုလုံခြုံရေး စသည်တို့ပေးအပ်ရမည်ဟုလည်း အီးယူက တိုက်တွန်းသည်။

ဥရောပသမဂ္ဂသည် မြန်မာစစ်ကောင်စီကို ထပ်မံဒဏ်ခတ်အရေးယူရန် အသင့်ဖြစ်နေပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း လက်နက်ရောင်းချမှုပိတ်ပင်ခြင်းအပါအဝင် အရေးယူမှုများတိုးမြှင့်ရန် ယနေ့ (ဒီဇင်ဘာ ၃၀ ရက်)တိုက်တွန်းထုတ်ပြန်သည်။

ဥရောပသမဂ္ဂ(အီးယူ)အဆင့်မြင့်ကိုယ်စားလှယ် Josep Borrell သည် မြန်မာနိုင်ငံအတွင်း မကြာ သေးမီကအကြမ်းဖက်မှုများကျယ်ပြန့်လာမှုအပေါ် သဘောထားထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂၄ရက်က ကယား ပြည်နယ်၌ စစ်ကောင်စီကျူးလွန်ခဲ့သော တိုက်ခိုက်အကြမ်းဖက်မှုများအတွက် တာဝန်ခံမှုရှိရေးလုပ်ဆောင်ရန် အရေးပေါ်လိုအပ်ကြောင်း အလေးထားပြောကြားသည်။

အရပ်သားပြည်သူများနှင့် လူသားချင်းစာနာမှုဆောင် ရွက်သူများကို ပစ်မှတ်ထားခြင်းသည် လက်ခံနိုင်ဖွယ်မရှိဘဲ လူသားချင်းစာနာမှုဆိုင်ရာဥပဒေအပါအဝင် လူ့အခွင့်အရေးနှင့် နိုင်ငံ တကာဥပဒေများကို စစ်ကောင်စီက ဗြောင်ကျကျချိုးဖောက်ခြင်းဖြစ်သည်ဟု အီးယူက ထုတ်ပြန်သည်။

ပြည်သူများလိုအပ်သော လူသားချင်းစာနာမှုရပိုင်ခွင့်များကို အတားအဆီးမရှိဘဲ လုံခြုံစွာ ပေးအပ်ရန်၊ ကျန်းမာရေးဝန်ထမ်းများကို အပြည့်အ၀အကာအကွယ်ပေးရေး၊ ဘေးကင်းရေးနှင့် လူသားချင်းစာနာမှုလုံခြုံရေး စသည်တို့ပေးအပ်ရမည်ဟုလည်း အီးယူက တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းချိန်ကတည်းက အီးယူသည် မြန်မာစစ်တပ်ခေါင်းဆောင်များနှင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများအပေါ် ပစ်မှတ်ထား ဒဏ်ခတ်အရေးယူမှုများလုပ်ဆောင်ခဲ့ပြီး အစိုးရကိုပေးနေသည့် အီးယူ၏ ငွေကြေးဆိုင်ရာအကူအညီများကို ရပ်တန့်ခဲ့ကာ စစ်ကောင်စီကို တရားဝင်မှုပေးသည်ဟုထင်မြင်နိုင်ဖွယ်ရှိသည့် အကူအညီများကို ပိတ်ပင်ခဲ့သည်။

သို့သော် အီးယူသည် မြန်မာနိုင်ငံ၏ လက်ရှိအကျပ်အ တည်း ငြိမ်းချမ်းစွာအဖြေရှာရေးအတွက် ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ ကြိုးပမ်းမှုနှင့် အာဆီယံဘုံဆုံးဖြတ်ချက် ၅ ရပ်တို့ကို အားပေးထောက်ခံကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။