Connect with us

Hi, what are you looking for?

News

စစ်ကောင်စီကို ထပ်မံဒဏ်ခတ်အရေးယူရန် အီးယူအသင့်ဖြစ်နေပြီး ထပ်တိုးအရေးယူမှုများလုပ်ဆောင်ရန် နိုင်ငံတကာကို တိုက်တွန်း

ပြည်သူများလိုအပ်သော လူသားချင်းစာနာမှုရပိုင်ခွင့်များကို အတားအဆီးမရှိဘဲ လုံခြုံစွာ ပေးအပ်ရန်၊ ကျန်းမာရေးဝန်ထမ်းများကို အပြည့်အ၀အကာအကွယ်ပေးရေး၊ ဘေးကင်းရေးနှင့် လူသားချင်းစာနာမှုလုံခြုံရေး စသည်တို့ပေးအပ်ရမည်ဟုလည်း အီးယူက တိုက်တွန်းသည်။

ဥရောပသမဂ္ဂသည် မြန်မာစစ်ကောင်စီကို ထပ်မံဒဏ်ခတ်အရေးယူရန် အသင့်ဖြစ်နေပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း လက်နက်ရောင်းချမှုပိတ်ပင်ခြင်းအပါအဝင် အရေးယူမှုများတိုးမြှင့်ရန် ယနေ့ (ဒီဇင်ဘာ ၃၀ ရက်)တိုက်တွန်းထုတ်ပြန်သည်။

ဥရောပသမဂ္ဂ(အီးယူ)အဆင့်မြင့်ကိုယ်စားလှယ် Josep Borrell သည် မြန်မာနိုင်ငံအတွင်း မကြာ သေးမီကအကြမ်းဖက်မှုများကျယ်ပြန့်လာမှုအပေါ် သဘောထားထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂၄ရက်က ကယား ပြည်နယ်၌ စစ်ကောင်စီကျူးလွန်ခဲ့သော တိုက်ခိုက်အကြမ်းဖက်မှုများအတွက် တာဝန်ခံမှုရှိရေးလုပ်ဆောင်ရန် အရေးပေါ်လိုအပ်ကြောင်း အလေးထားပြောကြားသည်။

အရပ်သားပြည်သူများနှင့် လူသားချင်းစာနာမှုဆောင် ရွက်သူများကို ပစ်မှတ်ထားခြင်းသည် လက်ခံနိုင်ဖွယ်မရှိဘဲ လူသားချင်းစာနာမှုဆိုင်ရာဥပဒေအပါအဝင် လူ့အခွင့်အရေးနှင့် နိုင်ငံ တကာဥပဒေများကို စစ်ကောင်စီက ဗြောင်ကျကျချိုးဖောက်ခြင်းဖြစ်သည်ဟု အီးယူက ထုတ်ပြန်သည်။

ပြည်သူများလိုအပ်သော လူသားချင်းစာနာမှုရပိုင်ခွင့်များကို အတားအဆီးမရှိဘဲ လုံခြုံစွာ ပေးအပ်ရန်၊ ကျန်းမာရေးဝန်ထမ်းများကို အပြည့်အ၀အကာအကွယ်ပေးရေး၊ ဘေးကင်းရေးနှင့် လူသားချင်းစာနာမှုလုံခြုံရေး စသည်တို့ပေးအပ်ရမည်ဟုလည်း အီးယူက တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းချိန်ကတည်းက အီးယူသည် မြန်မာစစ်တပ်ခေါင်းဆောင်များနှင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများအပေါ် ပစ်မှတ်ထား ဒဏ်ခတ်အရေးယူမှုများလုပ်ဆောင်ခဲ့ပြီး အစိုးရကိုပေးနေသည့် အီးယူ၏ ငွေကြေးဆိုင်ရာအကူအညီများကို ရပ်တန့်ခဲ့ကာ စစ်ကောင်စီကို တရားဝင်မှုပေးသည်ဟုထင်မြင်နိုင်ဖွယ်ရှိသည့် အကူအညီများကို ပိတ်ပင်ခဲ့သည်။

သို့သော် အီးယူသည် မြန်မာနိုင်ငံ၏ လက်ရှိအကျပ်အ တည်း ငြိမ်းချမ်းစွာအဖြေရှာရေးအတွက် ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ ကြိုးပမ်းမှုနှင့် အာဆီယံဘုံဆုံးဖြတ်ချက် ၅ ရပ်တို့ကို အားပေးထောက်ခံကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။