Connect with us

Hi, what are you looking for?

News

ရေဦးမြို့နယ်တွင် စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းအဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ရာ အနည်းဆုံးသုံးဦးသေ

အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကို ရေဦး PDFနှင့် တန့်ဆည် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက် ခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းအဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ရာ အနည်းဆုံးသုံးဦးသေဆုံးကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(ဒီဇင်ဘာ ၃၁ ရက်)တွင် ထုတ်ပြန်သည်။

“မနေ့ညက ၈ နာရီလောက်မှာ အင်တောရွာနားမှာ သူတို့တွေ ခြေလျင်စစ်ကြောင်း လျှောက်လာတဲ့အချိန် မိုင်းဆွဲနိုင်ခဲ့တာ။ မျက်မြင်သတင်းအရတော့ အနည်းဆုံးသုံးဦးသေတယ်ဗျ”ဟု ရေးဦး (ပကဖ) တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကို ရေဦး PDFနှင့် တန့်ဆည် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက် ခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

ယမန်နေ့(ဒီဇင်ဘာ ၃၀ ရက်) က စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ခြေလျင်စစ် ကြောင်းများနှင့် ယာဥ်တန်းများကို မိုင်းဆွဲခံရမှုကြောင့် စစ်ကောင်စီတပ်များ အထိနာခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုဖြစ်စဥ်များအနက် ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်သား ကိုးဦးသေဆုံးကာ ၂၀ ဦး ခန့်ဒဏ်ရာရရှိခဲ့သည်။

အလားတူ ပုလဲမြို့နယ်တွင်လည်း PPDF ၏ မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် ဒီဇင်ဘာ ၃၀ ရက်တွင် စစ်ကောင်စီ တပ်သား ၁၃ ဦးသေဆုံးကြောင်း ဗိုလ်နဂါးက လူထုနွေဦးသို့ အတည်ပြုထားသည်။

(ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို တွေ့ရစဥ်)

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

​မောင်နှစ်မချင်းရန်ဖြစ်၍ပျူကိုတိုင်ရာအကိုဖြစ်သူကိုဖမ်း​ခေါ်သွားပြီးသတ်လိုက်လို့ ​မိသားစုကငွေ​​ပေးကာအ​လောင်းပြန်ထုတ်ရ

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။