Connect with us

Hi, what are you looking for?

LuduNwayOo

News

ရေဦးမြို့နယ်တွင် စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းအဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ရာ အနည်းဆုံးသုံးဦးသေ

အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကို ရေဦး PDFနှင့် တန့်ဆည် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက် ခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းအဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ရာ အနည်းဆုံးသုံးဦးသေဆုံးကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(ဒီဇင်ဘာ ၃၁ ရက်)တွင် ထုတ်ပြန်သည်။

“မနေ့ညက ၈ နာရီလောက်မှာ အင်တောရွာနားမှာ သူတို့တွေ ခြေလျင်စစ်ကြောင်း လျှောက်လာတဲ့အချိန် မိုင်းဆွဲနိုင်ခဲ့တာ။ မျက်မြင်သတင်းအရတော့ အနည်းဆုံးသုံးဦးသေတယ်ဗျ”ဟု ရေးဦး (ပကဖ) တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကို ရေဦး PDFနှင့် တန့်ဆည် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက် ခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

ယမန်နေ့(ဒီဇင်ဘာ ၃၀ ရက်) က စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ခြေလျင်စစ် ကြောင်းများနှင့် ယာဥ်တန်းများကို မိုင်းဆွဲခံရမှုကြောင့် စစ်ကောင်စီတပ်များ အထိနာခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုဖြစ်စဥ်များအနက် ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်သား ကိုးဦးသေဆုံးကာ ၂၀ ဦး ခန့်ဒဏ်ရာရရှိခဲ့သည်။

အလားတူ ပုလဲမြို့နယ်တွင်လည်း PPDF ၏ မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် ဒီဇင်ဘာ ၃၀ ရက်တွင် စစ်ကောင်စီ တပ်သား ၁၃ ဦးသေဆုံးကြောင်း ဗိုလ်နဂါးက လူထုနွေဦးသို့ အတည်ပြုထားသည်။

(ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို တွေ့ရစဥ်)

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။