Connect with us

Hi, what are you looking for?

News

သမိုင်းလမ်းဆုံရဲကင်းနှင့် ရွှေပြည်သာရဲစခန်း ဖောက်ခွဲတိုက်ခိုက်ခံရ၊ အနည်းဆုံး သုံးဦးသေ

“သဲအိတ်တွေပါ ဖွာထွက်သွားတာ။အဲဒီ သဲအိတ်ဘန်ကာထဲမှာ အမြဲတမ်း လေးယောက်လောက်ရှိတယ်။ တစ်ယောက်ပဲ သေနတ်ထမ်းပြီး ထပြေးနိုင်တယ်။ လူနာတင်ယာဥ်တွေပါလာရတယ်”ဟု သမိုင်းလမ်းဆုံ အနီးနေထိုင်သူ တစ်ဦးက ပြောသည်။

(ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သမိုင်းလမ်းဆုံအခြေအနေကို မြင်တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

ရန်ကုန်မြို့ရှိ သမိုင်းလမ်းဆုံးရဲကင်း နှင့် ရွှေပြည်သာမြို့နယ်ရှိ ရဲစခန်းတို့တွင် ဗုံးဖောက်ခွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား အနည်းဆုံး သုံးဦးသေဆုံးနိုင်ကြောင်း မျက်မြင်တွေ့ရှိသူများက လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဒီဇင်ဘာ ၃၁ ရက်) နံနက် ၁၀နာရီခွဲခန့်တွင် သမိုင်းလမ်းဆုံရှိ ရဲကင်းကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက် ခံရခြင်းဖြစ်ပြီး ကင်းပုန်းဝတ်နေသည့် စစ်သားလေးဦးတွင် တစ်ဦးသာ ထွက်လာနိုင်ခဲ့သည်ဟု မျက်မြင် တွေ့ရှိသူတစ်ဦးက ပြောသည်။

“သဲအိတ်တွေပါ ဖွာထွက်သွားတာ။အဲဒီ သဲအိတ်ဘန်ကာထဲမှာ အမြဲတမ်း လေးယောက်လောက်ရှိတယ်။ တစ်ယောက်ပဲ သေနတ်ထမ်းပြီး ထပြေးနိုင်တယ်။ လူနာတင်ယာဥ်တွေပါလာရတယ်”ဟု သမိုင်းလမ်းဆုံ အနီးနေထိုင်သူ တစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ယာဥ် ရှစ်စီးဖြင့် စစ်သားများက သမိုင်းလမ်းဆုံးကို ပိတ်ဆို့ထားပြီး YBS ယာဥ်များပေါ်အထိ တက်ရောက်စစ်ဆေးခြင်းများပြုလုပ်နေသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အောက်တိုဘာကလည်း သမိုင်းလမ်းဆုံရှိ ရဲကင်း တိုက်ခိုက်ခံရမှုရှိခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားအချို့ သေဆုံးဒဏ်ရာရရှိခဲ့သည်။

အလားတူ ယနေ့ နံနက် ၈နာရီခန့်က ရွှေပြည်သာမြို့နယ် လှော်ကားတာဆုံအနီးရှိ ရဲစခန်း ဗုံးပေါက်ကွဲမှုဖြစ်ကာ စစ်ကောင်စီတပ်သားသေဆုံးမှုရှိသည်ဟု ဒေသခံများက ဆိုသည်။ ထိုဖြစ်စဥ်အသေးစိတ်ကို လူထုနွေဦးက မေးမြန်းနေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ရေးမြို့နယ်၊ လမိုင်းမြို့ရဲစခန်းအနီး တိုက်ခိုက်မှုအတွင်း အမှတ်(၁၀၆)ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ အနင်းကျေးရွာရဲစခန်းကိုဒရုန်းဖြင့် ဗုံးကြဲခဲ့သလို ရေးမြို့နယ် အောင်သပြေကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ပြောက်ကျားစစ်ဆင်ရေးနဲ့ တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်က အထည်ချုပ်စက်ရုံမီးလောင်မှုကို ၁၀နာရီကျော်ကြာတဲ့အထိ ငြှိမ်းသတ်နေရဆဲဖြစ်ပြီး ညဘက်ရောက်လာတာကြောင့် မီးဆလိုက်တွေထိုးကာ ငြှိမ်းသတ်နေရတယ်လို့ လူမှုကူညီရေးအသင်းတွေက အသိပေးထားပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်က အထည်ချုပ်စက်ရုံမီးလောင်မှုမှာ အလုပ်သမား ၂ဦး သေဆုံးတယ်လို့ ရွှေပြည်သာမြို့နယ် အထည်ချုပ်အလုပ်သမားသမဂ္ဂက ထုတ်ပြန်ပါတယ်။