Connect with us

Hi, what are you looking for?

LuduNwayOo

News

တစ်နှစ်အတွင်းဖြစ်သည့်တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ၃၀၀ ထက်မနည်းသေပြီး လက်နက်ခဲယမ်း များစွာရရှိဟု MNDAA ထုတ်ပြန်

တပ်မဟာ (၂၁၁)သည် ဗဟိုစစ်ရေးကော်မတီ၏ ဦးဆောင်မှုအောက်တွင် ရဲဘော်အားလုံးမှ မူလရည်ရွယ် ချက်မမေ့လျော့ခြင်း၊ အခက်အခဲများကိုရဲဝဲ့စွာရင်ဆိုင်ကျော်ဖြတ်ခြင်း၊ မြန်မာနိုင်ငံပြည်သူလူထုအတွက် ညီနောင် အဖွဲ့အစည်းများနှင့်အတူ စစ်ကောင်စီကို တုံ့ပြန်တိုက်ခိုက်ခြင်းများကို တစိုက်မတ်မတ်လုပ်ဆောင်ခဲ့ကြောင်း လည်းအစီရင်ခံစာ၌ ပါရှိသည်။

တစ်နှစ်တာအတွင်း စစ်ကောင်စီနှင့် တိုက်ပွဲစုစုပေါင်း ၁၃၃ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက် ကျဆုံးသူမှာ ၃၀၀ အထက်ရှိကာ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိခဲ့ကြောင်း ကိုးကန့်လက်နက် ကိုင်တပ်ဖွဲ့(MNDAA)က ယနေ့ ထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၉ရက်က ကိုးကန့်တပ်ဖွဲ့ဟုခေါ်ဆိုသည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA)တပ်မဟာ (၂၁၁) ၏ ၂၀၂၁ ခုနှစ် နှစ်ပတ်လည်အစည်းအဝေးကျင်းပခဲ့သည်။ ယင်းအစည်း အဝေးတွင် တပ်မဟာနှစ်ချုပ် အစီရင်ခံစာကို ဖတ်ကြားရာ တစ်နှစ်အတွင်း အဓိကလုပ်ငန်းမှာ စစ်ရေးဖြစ်ကြောင်းနှင့် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု၊ လက်နက်ခဲယမ်း ရရှိမှုတို့ကို ဖော်ပြသည်။

တပ်မဟာ (၂၁၁)သည် ဗဟိုစစ်ရေးကော်မတီ၏ ဦးဆောင်မှုအောက်တွင် ရဲဘော်အားလုံးမှ မူလရည်ရွယ် ချက်မမေ့လျော့ခြင်း၊ အခက်အခဲများကိုရဲဝဲ့စွာရင်ဆိုင်ကျော်ဖြတ်ခြင်း၊ မြန်မာနိုင်ငံပြည်သူလူထုအတွက် ညီနောင် အဖွဲ့အစည်းများနှင့်အတူ စစ်ကောင်စီကို တုံ့ပြန်တိုက်ခိုက်ခြင်းများကို တစိုက်မတ်မတ်လုပ်ဆောင်ခဲ့ကြောင်း လည်းအစီရင်ခံစာ၌ ပါရှိသည်။

တပ်မဟာ (၂၁၁) အရာရှိ ရဲဘော်များသည် တပ်မဟာပါတီကော်မတီအဖွဲ့၏ဦးဆောင်မှုအောက်တွင် တာဝန် များကို ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့ကြောင်း၊ စစ်ရေးကော်မတီမှ၂၀၂၁ ခုနှစ်တွင် ချမှတ်သော ညွန်ကြားချက် များကို စစ်ရေးချုပ်ဌာန၊နိုင်ငံရေးဌာန ၊ ထောက်ပို့ဌာနများ၏ ပံ့ပိုးမှုအောက်တွင် တပ်ဖွဲ့၏စည်းမျဉ်းစည်းကမ်း များနှင့်အညီလုပ်ကိုင်ဆောင်ရွက်ခဲ့ကြောင်း၊ ထို့အပြင် အထူးဒေသ(၁) မူပန်ခရိုင် အုပ်ချုပ်ရေးအဖွဲ့နှင့်အတူ ဒေသခံပြည်သူလူထုအပေါ် ဝါဒဖြန့်ခြင်း ၊ စည်းရုံးခြင်း နှင့် ကူညီခြင်းများပြုလုပ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

တစ်နှစ်တာအတွင်း တပ်မဟာ (၂၁၁)တွင် တိုက်ရည်ခိုက်ရည်ထူးချွန်သောရဲဘော်များ ၊ အမိန့်လုံးဝနာခံ ဖြတ်လတ်သောတပ်ဖွဲ့နှင့် ပုဂ္ဂိုလ်အမြောက်အများပေါ်ထွက်လာပြီး တပ်မဟာမှူးမှာလည်း ထူးချွန်သူနှင့် တပ်ဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း ထုတ်ပြန်သည်။

တပ်မဟာ (၂၁၁)သည် MNDAA၏တော်လှန်ရေးလမ်းစဉ် အရေးပေါ်ကာလအချိန်တွင် ဖွဲ့စည်းထားခြင်းဖြစ် သည်ဟု ထုတ်ပြန်ခဲ့သည်။ ထို့အပြင် MNDAAတပ်ဖွဲ့ရှိ ကေဒါအများစုမှာလည်း ၎င်းတပ်မဟာမှ မွေးထုတ်ပေး ခြင်းပင်ဖြစ်သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။