Connect with us

Hi, what are you looking for?

News

တစ်နှစ်အတွင်းဖြစ်သည့်တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ၃၀၀ ထက်မနည်းသေပြီး လက်နက်ခဲယမ်း များစွာရရှိဟု MNDAA ထုတ်ပြန်

တပ်မဟာ (၂၁၁)သည် ဗဟိုစစ်ရေးကော်မတီ၏ ဦးဆောင်မှုအောက်တွင် ရဲဘော်အားလုံးမှ မူလရည်ရွယ် ချက်မမေ့လျော့ခြင်း၊ အခက်အခဲများကိုရဲဝဲ့စွာရင်ဆိုင်ကျော်ဖြတ်ခြင်း၊ မြန်မာနိုင်ငံပြည်သူလူထုအတွက် ညီနောင် အဖွဲ့အစည်းများနှင့်အတူ စစ်ကောင်စီကို တုံ့ပြန်တိုက်ခိုက်ခြင်းများကို တစိုက်မတ်မတ်လုပ်ဆောင်ခဲ့ကြောင်း လည်းအစီရင်ခံစာ၌ ပါရှိသည်။

တစ်နှစ်တာအတွင်း စစ်ကောင်စီနှင့် တိုက်ပွဲစုစုပေါင်း ၁၃၃ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက် ကျဆုံးသူမှာ ၃၀၀ အထက်ရှိကာ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိခဲ့ကြောင်း ကိုးကန့်လက်နက် ကိုင်တပ်ဖွဲ့(MNDAA)က ယနေ့ ထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၉ရက်က ကိုးကန့်တပ်ဖွဲ့ဟုခေါ်ဆိုသည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA)တပ်မဟာ (၂၁၁) ၏ ၂၀၂၁ ခုနှစ် နှစ်ပတ်လည်အစည်းအဝေးကျင်းပခဲ့သည်။ ယင်းအစည်း အဝေးတွင် တပ်မဟာနှစ်ချုပ် အစီရင်ခံစာကို ဖတ်ကြားရာ တစ်နှစ်အတွင်း အဓိကလုပ်ငန်းမှာ စစ်ရေးဖြစ်ကြောင်းနှင့် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု၊ လက်နက်ခဲယမ်း ရရှိမှုတို့ကို ဖော်ပြသည်။

တပ်မဟာ (၂၁၁)သည် ဗဟိုစစ်ရေးကော်မတီ၏ ဦးဆောင်မှုအောက်တွင် ရဲဘော်အားလုံးမှ မူလရည်ရွယ် ချက်မမေ့လျော့ခြင်း၊ အခက်အခဲများကိုရဲဝဲ့စွာရင်ဆိုင်ကျော်ဖြတ်ခြင်း၊ မြန်မာနိုင်ငံပြည်သူလူထုအတွက် ညီနောင် အဖွဲ့အစည်းများနှင့်အတူ စစ်ကောင်စီကို တုံ့ပြန်တိုက်ခိုက်ခြင်းများကို တစိုက်မတ်မတ်လုပ်ဆောင်ခဲ့ကြောင်း လည်းအစီရင်ခံစာ၌ ပါရှိသည်။

တပ်မဟာ (၂၁၁) အရာရှိ ရဲဘော်များသည် တပ်မဟာပါတီကော်မတီအဖွဲ့၏ဦးဆောင်မှုအောက်တွင် တာဝန် များကို ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့ကြောင်း၊ စစ်ရေးကော်မတီမှ၂၀၂၁ ခုနှစ်တွင် ချမှတ်သော ညွန်ကြားချက် များကို စစ်ရေးချုပ်ဌာန၊နိုင်ငံရေးဌာန ၊ ထောက်ပို့ဌာနများ၏ ပံ့ပိုးမှုအောက်တွင် တပ်ဖွဲ့၏စည်းမျဉ်းစည်းကမ်း များနှင့်အညီလုပ်ကိုင်ဆောင်ရွက်ခဲ့ကြောင်း၊ ထို့အပြင် အထူးဒေသ(၁) မူပန်ခရိုင် အုပ်ချုပ်ရေးအဖွဲ့နှင့်အတူ ဒေသခံပြည်သူလူထုအပေါ် ဝါဒဖြန့်ခြင်း ၊ စည်းရုံးခြင်း နှင့် ကူညီခြင်းများပြုလုပ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

တစ်နှစ်တာအတွင်း တပ်မဟာ (၂၁၁)တွင် တိုက်ရည်ခိုက်ရည်ထူးချွန်သောရဲဘော်များ ၊ အမိန့်လုံးဝနာခံ ဖြတ်လတ်သောတပ်ဖွဲ့နှင့် ပုဂ္ဂိုလ်အမြောက်အများပေါ်ထွက်လာပြီး တပ်မဟာမှူးမှာလည်း ထူးချွန်သူနှင့် တပ်ဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း ထုတ်ပြန်သည်။

တပ်မဟာ (၂၁၁)သည် MNDAA၏တော်လှန်ရေးလမ်းစဉ် အရေးပေါ်ကာလအချိန်တွင် ဖွဲ့စည်းထားခြင်းဖြစ် သည်ဟု ထုတ်ပြန်ခဲ့သည်။ ထို့အပြင် MNDAAတပ်ဖွဲ့ရှိ ကေဒါအများစုမှာလည်း ၎င်းတပ်မဟာမှ မွေးထုတ်ပေး ခြင်းပင်ဖြစ်သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။