Connect with us

Hi, what are you looking for?

LuduNwayOo

News

နမ်စူဒေသတိုက်ပွဲ စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိဟု ကိုးကန့်တပ်ဖွဲ့ထုတ်ပြန်

ဒီဇင်ဘာလ ၂၉ ရက် ညနေက နမ်စူဒေသတွင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းမတိုင်မီ နေ့လည် ၁၂နာရီခွဲခန့် ကလည်း ကိုးကန့်ခရိုင် ဟုန်ရှင်းဒေသ ၌ မိနစ်အနည်းငယ် တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့(MNDAA)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ မုံးကိုးခရိုင် နမ်စူဒေသ၌ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ခဲယမ်းအချို့ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်းMNDAAက ထုတ်ပြန်သည်။

ဒီဇင်ဘာလ ၂၉ ရက် ညနေက နမ်စူဒေသတွင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းမတိုင်မီ နေ့လည် ၁၂နာရီခွဲခန့် ကလည်း ကိုးကန့်ခရိုင် ဟုန်ရှင်းဒေသ ၌ မိနစ်အနည်းငယ် တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ဒီဇင်ဘာလ ၂၈ ရက်နှင့် ၂၉ ရက်များတွင်လည်း မုံးကိုးခရိုင် ဖောင်းဆိုင်ဒေသရှိ MNDAA ၏ မန်ရန် တပ်စခန်းကို စစ်ကောင်စီတပ်က လက်နက်ကြီး များ၊ စက်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ နှစ်ရက်အတွင်း လက်နက်ကြီးကျည် ၄၀၀ ကျော်၊ စက်သေနတ် ကျည် ၅၀၀ကျော် ပစ်ခတ်ခဲ့ကြောင်း MNDAAက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ယနေ့နံနက်တွင်လည်း စစ်ကြောင်းနှစ်ကြောင်းခွဲ၍ MNDAA၏ ကိုးကန့်ခရိုင် ရှင့်ထန်တပ် စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်လာနေ၍ နေ့လည် ၁၂နာရီထိ တိုက်ပွဲဆက်ဖြစ်နေသည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။