Connect with us

Hi, what are you looking for?

News

နမ်စူဒေသတိုက်ပွဲ စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိဟု ကိုးကန့်တပ်ဖွဲ့ထုတ်ပြန်

ဒီဇင်ဘာလ ၂၉ ရက် ညနေက နမ်စူဒေသတွင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းမတိုင်မီ နေ့လည် ၁၂နာရီခွဲခန့် ကလည်း ကိုးကန့်ခရိုင် ဟုန်ရှင်းဒေသ ၌ မိနစ်အနည်းငယ် တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့(MNDAA)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ မုံးကိုးခရိုင် နမ်စူဒေသ၌ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ခဲယမ်းအချို့ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်းMNDAAက ထုတ်ပြန်သည်။

ဒီဇင်ဘာလ ၂၉ ရက် ညနေက နမ်စူဒေသတွင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းမတိုင်မီ နေ့လည် ၁၂နာရီခွဲခန့် ကလည်း ကိုးကန့်ခရိုင် ဟုန်ရှင်းဒေသ ၌ မိနစ်အနည်းငယ် တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ဒီဇင်ဘာလ ၂၈ ရက်နှင့် ၂၉ ရက်များတွင်လည်း မုံးကိုးခရိုင် ဖောင်းဆိုင်ဒေသရှိ MNDAA ၏ မန်ရန် တပ်စခန်းကို စစ်ကောင်စီတပ်က လက်နက်ကြီး များ၊ စက်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ နှစ်ရက်အတွင်း လက်နက်ကြီးကျည် ၄၀၀ ကျော်၊ စက်သေနတ် ကျည် ၅၀၀ကျော် ပစ်ခတ်ခဲ့ကြောင်း MNDAAက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ယနေ့နံနက်တွင်လည်း စစ်ကြောင်းနှစ်ကြောင်းခွဲ၍ MNDAA၏ ကိုးကန့်ခရိုင် ရှင့်ထန်တပ် စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်လာနေ၍ နေ့လည် ၁၂နာရီထိ တိုက်ပွဲဆက်ဖြစ်နေသည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။