Connect with us

Hi, what are you looking for?

News

မန္တလေး-ဗန်း​မော်ကားလမ်းတ​လျှောက် ​ကျေးရွာများကို ၄၈နာရီအတွင်း လေ​ကြောင်းတိုက်ခိုက်မည်ဟု စစ်​ကောင်စီက ခြိမ်း​ခြောက်

ဒေသခံများထွက် ပြေးတိမ်ရှောင်နေရမှုကြောင့်အသေးစိတ်ပျက်စီးဆုံးရှုံးမှုကို မသိရသေးဘဲ အင်းတော်-ထီးချိုင့် မြို့နယ်ကြားတွင် စစ်ကောင်စီတပ်က အင် အား ၁၀၀ ခန့်ဖြင့် ခြေ လျင်စစ်ကြောင်းထိုးခြင်းနှင့် ရွာများအတွင် တပ်စွဲမှုအချို့ပါရှိနေသည်။

မန္တလေး-ဗန်း​မော်ကားလမ်းတ​လျှောက်ရှိ ​ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီက လေ​ကြောင်းတိုက်ခိုက်မှုပြုလုပ်တော့မည့် ခြိမ်း​ခြောက်စာကို စစ်ကောင်စီတပ်မှ ကားဖြင့်လာရောက် ကြဲချသွားကြောင်း ထီးချိုင့်မြို့နေဒေသခံများက လူထုနွေဦးသို့ပြောသည်။

“ရပ်မိရပ်ဖများနှင့် မိဘပြည်သူများသိရှိလိုက်နာရန်၊ ခန့်မှန်း မပည KG-24960 အောင်သာယာကျေးရွာအပါ မန္တလေး-ဗန်မော်ကားလမ်းတလျှောက်ရှိ ကျေးရွာများ မိမိတို့ ကျေးရွာရှိ ဘာသာရေးဆိုင်ရာအဆောက်အဦများကို M ဟုလည်းကောင်း၊ ဆေးရုံဆေးခန်းများကို H ဟုလည်းကောင်း၊ စာသင်ကျောင်းနှင့် လူမှုကူညီရေးအသင်းအဖွဲ့များ၏ အဆောက်အဦများကို S ဟုလည်း ကောင်း ခေါင်းမိုးများတွင် အမှတ်အသားပြုလုပ်ထားရန်နှင့် လက်ရှိအချိန်မှစ၍ ၄၈ နာရီအတွင်း အထက်ဖော်ပြပါ ခန့်မှန်း မပညကျေးရွာအပါအဝင် ၎င်းမြောက်ဘက်ကျေးရွာအားလုံးကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်”ဟု ကြဲချသည့်စာတွင် ​ရေးသားထားသည်။

ယနေ့(ဇန်နဝါရီ ၅ ရက်)နံနက်ပိုင်းက ထီးချိုင့်မြို့နယ် မြတောင်လမ်းဆုံ၌ ကားတစ်စီးဖြင့် “ပုံပါစာရွက်” အများအပြားကြဲချသွား ခြင်းဖြစ်သည်။

“စာရွက်တွေကို ကားပေါ်ကနေ စစ်တပ်ယူနီဖောင်းနဲ့ လာချသွားတာ။ချက်ခြင်းတော့ မကောက်ရဲသေးဘူး။ သူတို့ ထွက်သွားပြီး ခပ်လှမ်းလှမ်းမှ သွားကောက်ကြတာ။စစ်ခွေးတွေ ယုတ်မာကြတော့မယ်”ဟု ထီးချိုင့်မြို့ ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိ စာအရ ဆိုလျှင် အောင်သာယာ၊ပေါက်နက်၊ချိတ်သင် ၊ရွာသစ်ကုန်း၊တုံလုံ၊ကြက်တကောင်၊အင်ဒေါင်း၊ကမ်းနီ၊ကိုးတဲ၊ကျစ်ကြီး၊နန်းပေါင်း၊ဟင်္သာစသည့် ရွာများ အရေးပေါ် ပြင်ဆင်ထားရန်လိုအပ်ကြောင်းလည်း ထီးချိုင့်မြို့ ပြည်သူ့တပ်ဖွဲ့သတင်းထောက်ပို့ တစ်ဦးကအသိ ပေးသည်။

“အဲဒီနယ်မြေတွေမှာ ပြည်သူ့တပ်ဖွဲ့တွေ အုပ်စိုးနိုင်နေတော့ စစ်ခွေးတွေက နယ်မြေရှင်းချင်တဲ့သဘောပဲ။ ဘာပဲဖစ်ဖြစ် သတိဆိုတာ ပိုတယ် မရှိဘူး။မနေ့က(ဇန်နဝါရီ ၄ ရက်) ထီးချိုင့် မြို့အစပ် က ဂဟဲရွာကို ရဟတ်ယာဥ်သုံးပြီး တိုက်ခိုက်ခဲ့တာကိုပဲ ကြည့်ရင်သိနိုင်တယ်”ဟု ၎င်းက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် ဇန်နဝါရီ ၄ရက် နေ့လယ် ၁၂နာရီခန့်က ရဟတ်ယာဉ်ဖြင့်တိုက်ခိုက်ခဲ့ရာ အင်းတော်နှင့် ထီးချိုင့်နယ်စပ်ရှိ ဂဟဲရွာအတွင်း ကျရောက်ပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း၊ နေအိမ်အချို့လည်း မီးလောင်ခဲ့သည်။

ဒေသခံများထွက် ပြေးတိမ်ရှောင်နေရမှုကြောင့်အသေးစိတ်ပျက်စီးဆုံးရှုံးမှုကို မသိရသေးဘဲ အင်းတော်-ထီးချိုင့် မြို့နယ်ကြားတွင် စစ်ကောင်စီတပ်က အင် အား ၁၀၀ ခန့်ဖြင့် ခြေ လျင်စစ်ကြောင်းထိုးခြင်းနှင့် ရွာများအတွင် တပ်စွဲမှုအချို့ပါရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။