Connect with us

Hi, what are you looking for?

LuduNwayOo

News

ချင်းနှင့်စစ်ကိုင်းအစပ်တွင်တိုက်ပွဲပြင်းထန်

တိုက်ပွဲအတွင်း နည်းပညာတက္ကသိုလ်(ကလေး)တွင် တပ်ဆွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်များက အဝေးပစ်အမြှောက်လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိ​ကြောင်းဒေသခံကာကွယ်ရေးတပ်ဖွဲ့များကထုတ်ပြန်သည်။

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဝေဘူလမြို့သို့ ဦးတည်၍ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ငါးဖွဲ့ ပူးပေါင်း၍ ခုခံတိုက်ခိုက်နေပြီးတိုက်ပွဲပြင်းထန်နေသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ကလေးမြို့နယ်၊ နတ်ချောင်းရွာဘက်မှ စစ်ကြောင်းထိုးတက်လာခြင်းဖြစ်ပြီး ၎င်းစစ်ကြောင်းများကို ဒေသခံကာကွယ်ရေးတပ်များဖြစ်သည့် PDF(ကလေး) ၊ဖလန်းအခြေစိုက် CNDF၊ PDF(ဇိုမီး)၊ ရိမ်းဂျားကလေးမြို့ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (RKDF)နှင့် ပြည်သူကာကွယ်ရေးအဖွဲ့ ( ပ.က.ဖ -ကလေး) တို့ကပူး​ပေါင်း၍ လမ်းကြောင်းတလျှောက်တိုက်ခိုက်​နေခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း နည်းပညာတက္ကသိုလ်(ကလေး)တွင် တပ်ဆွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်များက အဝေးပစ်အမြှောက်လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိ​ကြောင်းဒေသခံကာကွယ်ရေးတပ်ဖွဲ့များကထုတ်ပြန်သည်။

တိုက်ပွဲပြင်းထန်နေခြင်းကြောင့် ကလေး-ဂန့်ဂေါလမ်းပိုင်းကို ပြည်သူများ အသွားအလာမလုပ်ရန် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကအသိ့​ပေးထားသည်။

Public Service Announcement

Public Service Announcement

“စစ်တပ်က နတ်ချောင်းရွာထဲမှာတော့ စစ်ကြောင်းစထွက်ကတည်း ရမ်းသန်းပစ်နေတာ။ တွေ့တဲ့လူကို ပစ်သတ်သွားတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

ကလေးမြို့နယ် နတ်ချောင်းရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့များကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့သည့် ဒီဇင်ဘာ ၂၆ ရက်မှစတင်ပြီး ကလေးမြို့တောင်ပိုင်းတွင် တိုက်ပွဲများမကြာခဏဖြစ်ပွားနေခြင်းဖြစ်သည်။ တိုက်ပွဲများတွင် စစ်​ကောင်စီတပ် ​သေဆုံး၊ဒဏ်ရာရမှုများလာချိန်များတွင်​လေ​ကြောင်းမှပြည်သူများကိုပါမ​ရှောင် စစ်​ကောင်စီတပ်ကပစ်ခတ်​လေ့ရှိသည်။

ထိုကာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များက နတ်ချောင်း၊ ချောင်းခွ၊ ဟားခါးလေး၊ ရေစို နှင့် ပန်းမွန်ချောင်း ကျေးရွာများတွင် ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နေအိမ်များမီးရှို့ဖျက်စီးခြင်း၊ အကြမ်းဖက်လုယက်ခြင်းများ ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။