Connect with us

Hi, what are you looking for?

News

ချင်းနှင့်စစ်ကိုင်းအစပ်တွင်တိုက်ပွဲပြင်းထန်

တိုက်ပွဲအတွင်း နည်းပညာတက္ကသိုလ်(ကလေး)တွင် တပ်ဆွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်များက အဝေးပစ်အမြှောက်လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိ​ကြောင်းဒေသခံကာကွယ်ရေးတပ်ဖွဲ့များကထုတ်ပြန်သည်။

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဝေဘူလမြို့သို့ ဦးတည်၍ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ငါးဖွဲ့ ပူးပေါင်း၍ ခုခံတိုက်ခိုက်နေပြီးတိုက်ပွဲပြင်းထန်နေသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ကလေးမြို့နယ်၊ နတ်ချောင်းရွာဘက်မှ စစ်ကြောင်းထိုးတက်လာခြင်းဖြစ်ပြီး ၎င်းစစ်ကြောင်းများကို ဒေသခံကာကွယ်ရေးတပ်များဖြစ်သည့် PDF(ကလေး) ၊ဖလန်းအခြေစိုက် CNDF၊ PDF(ဇိုမီး)၊ ရိမ်းဂျားကလေးမြို့ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (RKDF)နှင့် ပြည်သူကာကွယ်ရေးအဖွဲ့ ( ပ.က.ဖ -ကလေး) တို့ကပူး​ပေါင်း၍ လမ်းကြောင်းတလျှောက်တိုက်ခိုက်​နေခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း နည်းပညာတက္ကသိုလ်(ကလေး)တွင် တပ်ဆွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်များက အဝေးပစ်အမြှောက်လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိ​ကြောင်းဒေသခံကာကွယ်ရေးတပ်ဖွဲ့များကထုတ်ပြန်သည်။

တိုက်ပွဲပြင်းထန်နေခြင်းကြောင့် ကလေး-ဂန့်ဂေါလမ်းပိုင်းကို ပြည်သူများ အသွားအလာမလုပ်ရန် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကအသိ့​ပေးထားသည်။

Public Service Announcement

Public Service Announcement

“စစ်တပ်က နတ်ချောင်းရွာထဲမှာတော့ စစ်ကြောင်းစထွက်ကတည်း ရမ်းသန်းပစ်နေတာ။ တွေ့တဲ့လူကို ပစ်သတ်သွားတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

ကလေးမြို့နယ် နတ်ချောင်းရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့များကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့သည့် ဒီဇင်ဘာ ၂၆ ရက်မှစတင်ပြီး ကလေးမြို့တောင်ပိုင်းတွင် တိုက်ပွဲများမကြာခဏဖြစ်ပွားနေခြင်းဖြစ်သည်။ တိုက်ပွဲများတွင် စစ်​ကောင်စီတပ် ​သေဆုံး၊ဒဏ်ရာရမှုများလာချိန်များတွင်​လေ​ကြောင်းမှပြည်သူများကိုပါမ​ရှောင် စစ်​ကောင်စီတပ်ကပစ်ခတ်​လေ့ရှိသည်။

ထိုကာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များက နတ်ချောင်း၊ ချောင်းခွ၊ ဟားခါးလေး၊ ရေစို နှင့် ပန်းမွန်ချောင်း ကျေးရွာများတွင် ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နေအိမ်များမီးရှို့ဖျက်စီးခြင်း၊ အကြမ်းဖက်လုယက်ခြင်းများ ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။