Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်ခတ်၍ လွိုင်ကော်မြို့​ဒေသခံပြည်သူ ငါးဦးသေဆုံးဟု PKPF ထုတ်ပြန်

မြို့တွင်းတိုက်ပွဲဖြစ်ပွားနေသည့် လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်က ယနေ့(ဇန်နဝါရီ ၇ရက်)နံနက် အစောပိုင်းကတည်းက လက်နက်ကြီးများဖြင့် မြို့ပေါ်သို့ ရမ်းသန်းပစ်ခတ်နေသည်ဟု ဆိုသည်။

(စစ်​ကောင်စီတပ် ပစ်ခတ်မှု​ကြောင့် ​ဒေသခံပြည်သူများ ထိခိုက်​သေဆုံး​သည်ကို ​တွေ့ရစဥ်)

အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် လွိုင်ကော်မြို့ပေါ်တွင် နေအိမ်များထိခိုက်သည့်အပြင် အပြစ်မဲ့ပြည်သူ ငါးဦး သေဆုံးခဲ့ကြောင်း ကနဦးသတင်းရရှိသည်ဟု တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)က ယနေ့ညပိုင်း၌ ထုတ်ပြန်သည်။

PKPF၏ ယနေ့နံနက် ထုတ်ပြန်ချက်များအရ ထိခိုက်ဒဏ်ရာရသူ ​လေးဦးထက်မနည်းရှိခဲ့ပြီး ညနေပိုင်း အခြေ အနေများကို စုံစမ်းနေဆဲဖြစ်သည်။

(စစ်​ကောင်စီတပ် ပစ်ခတ်မှု​ကြောင့် ​ဒေသခံပြည်သူများ ထိခိုက်​သေဆုံး​သည်ကို ​တွေ့ရစဥ်)

မြို့တွင်းတိုက်ပွဲဖြစ်ပွားနေသည့် လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်က ယနေ့(ဇန်နဝါရီ ၇ရက်)နံနက် အစောပိုင်းကတည်းက လက်နက်ကြီးများဖြင့် မြို့ပေါ်သို့ ရမ်းသန်းပစ်ခတ်နေသည်ဟု ဆိုသည်။

Public Service Announcement

ထိုသို့ တိုက်ပွဲဖြစ်ပွားခြင်းနှင့် လက်နက်ကြီးများရမ်းသမ်းပစ်ခတ်ခြင်းကြောင့် ပိတ်မိနေသည့် ပြည်သများကို သွားရောက်ကယ်ဆယ်သည့် ကျောင်းဆရာတစ်ဦးလည်း အသက်ဆုံးရှုံးခဲ့ရကြောင်း PKPFက ဆိုသည်။

Public Service Announcement

Public Service Announcement

(စစ်​ကောင်စီတပ် ပစ်ခတ်မှု​ကြောင့် ​ဒေသခံပြည်သူများ ထိခိုက်​သေဆုံး​သည်ကို ​တွေ့ရစဥ်)

ယနေ့ လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ဖရူဆိုဒေသများ၌ စစ်ဆင်ရေးလုပ်ဆောင်နေသည့် စစ်ကောင်စီတပ်သည် အဝေးပစ် ၁၂၀(မမ) လက်နက်ကြီးများ၊အမြောက် တင့်ကားတို့ကိုသုံးပြီး ရဟတ်ယာဉ် ထောက်ပို့ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၏သတင်းနှင့် ပြန်ကြားရေးဌာန KNICက ဖော်ပြသည်။

ထို့ပြင် စစ်ကောင်စီတပ်သည် ကရင်နီတပ်မတော်(KA) ဌာနချုပ်အနီးရှိ တပ်စခန်းများကို တိုက်လေယာဉ် နှစ်စီး၊ ရဟတ်ယာဉ် တစ်စီးတို့ဖြင့် လာရောက်တိုက်ခိုက်ခဲ့ ကြောင်း ထုတ်ပြန်ခဲ့သည်။

(စစ်​ကောင်စီတပ် ပစ်ခတ်မှု​ကြောင့် ​ဒေသခံပြည်သူများ ထိခိုက်​သေဆုံး​သည်ကို ​တွေ့ရစဥ်)

စစ်ကောင်စီတပ်မှလက်နက်ကြီးများ ပစ်ခတ်၍ လွိုင်ကော်မြို့တွင် ပိတ်မိနေသူများစွာရှိနေပြီး ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု ရှိနေကြောင်း၊ ကယ်ဆယ်ရေးအဖွဲ့များ၏ စာရင်းအရ အာဏာသိမ်းပြီးနောက်ပိုင်းမှ လက်ရှိအချိန်ထိ ကရင်နီဒေသ၌လူဦးရေ နှစ်သိန်းခန့် စစ်ဘေးရှောင်နေကြရပြီဖြစ်သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။