Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်ခတ်၍ လွိုင်ကော်မြို့​ဒေသခံပြည်သူ ငါးဦးသေဆုံးဟု PKPF ထုတ်ပြန်

မြို့တွင်းတိုက်ပွဲဖြစ်ပွားနေသည့် လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်က ယနေ့(ဇန်နဝါရီ ၇ရက်)နံနက် အစောပိုင်းကတည်းက လက်နက်ကြီးများဖြင့် မြို့ပေါ်သို့ ရမ်းသန်းပစ်ခတ်နေသည်ဟု ဆိုသည်။

(စစ်​ကောင်စီတပ် ပစ်ခတ်မှု​ကြောင့် ​ဒေသခံပြည်သူများ ထိခိုက်​သေဆုံး​သည်ကို ​တွေ့ရစဥ်)

အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် လွိုင်ကော်မြို့ပေါ်တွင် နေအိမ်များထိခိုက်သည့်အပြင် အပြစ်မဲ့ပြည်သူ ငါးဦး သေဆုံးခဲ့ကြောင်း ကနဦးသတင်းရရှိသည်ဟု တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)က ယနေ့ညပိုင်း၌ ထုတ်ပြန်သည်။

PKPF၏ ယနေ့နံနက် ထုတ်ပြန်ချက်များအရ ထိခိုက်ဒဏ်ရာရသူ ​လေးဦးထက်မနည်းရှိခဲ့ပြီး ညနေပိုင်း အခြေ အနေများကို စုံစမ်းနေဆဲဖြစ်သည်။

(စစ်​ကောင်စီတပ် ပစ်ခတ်မှု​ကြောင့် ​ဒေသခံပြည်သူများ ထိခိုက်​သေဆုံး​သည်ကို ​တွေ့ရစဥ်)

မြို့တွင်းတိုက်ပွဲဖြစ်ပွားနေသည့် လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်က ယနေ့(ဇန်နဝါရီ ၇ရက်)နံနက် အစောပိုင်းကတည်းက လက်နက်ကြီးများဖြင့် မြို့ပေါ်သို့ ရမ်းသန်းပစ်ခတ်နေသည်ဟု ဆိုသည်။

Public Service Announcement

ထိုသို့ တိုက်ပွဲဖြစ်ပွားခြင်းနှင့် လက်နက်ကြီးများရမ်းသမ်းပစ်ခတ်ခြင်းကြောင့် ပိတ်မိနေသည့် ပြည်သများကို သွားရောက်ကယ်ဆယ်သည့် ကျောင်းဆရာတစ်ဦးလည်း အသက်ဆုံးရှုံးခဲ့ရကြောင်း PKPFက ဆိုသည်။

Public Service Announcement

Public Service Announcement

(စစ်​ကောင်စီတပ် ပစ်ခတ်မှု​ကြောင့် ​ဒေသခံပြည်သူများ ထိခိုက်​သေဆုံး​သည်ကို ​တွေ့ရစဥ်)

ယနေ့ လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ဖရူဆိုဒေသများ၌ စစ်ဆင်ရေးလုပ်ဆောင်နေသည့် စစ်ကောင်စီတပ်သည် အဝေးပစ် ၁၂၀(မမ) လက်နက်ကြီးများ၊အမြောက် တင့်ကားတို့ကိုသုံးပြီး ရဟတ်ယာဉ် ထောက်ပို့ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၏သတင်းနှင့် ပြန်ကြားရေးဌာန KNICက ဖော်ပြသည်။

ထို့ပြင် စစ်ကောင်စီတပ်သည် ကရင်နီတပ်မတော်(KA) ဌာနချုပ်အနီးရှိ တပ်စခန်းများကို တိုက်လေယာဉ် နှစ်စီး၊ ရဟတ်ယာဉ် တစ်စီးတို့ဖြင့် လာရောက်တိုက်ခိုက်ခဲ့ ကြောင်း ထုတ်ပြန်ခဲ့သည်။

(စစ်​ကောင်စီတပ် ပစ်ခတ်မှု​ကြောင့် ​ဒေသခံပြည်သူများ ထိခိုက်​သေဆုံး​သည်ကို ​တွေ့ရစဥ်)

စစ်ကောင်စီတပ်မှလက်နက်ကြီးများ ပစ်ခတ်၍ လွိုင်ကော်မြို့တွင် ပိတ်မိနေသူများစွာရှိနေပြီး ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု ရှိနေကြောင်း၊ ကယ်ဆယ်ရေးအဖွဲ့များ၏ စာရင်းအရ အာဏာသိမ်းပြီးနောက်ပိုင်းမှ လက်ရှိအချိန်ထိ ကရင်နီဒေသ၌လူဦးရေ နှစ်သိန်းခန့် စစ်ဘေးရှောင်နေကြရပြီဖြစ်သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။