Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒီး​မော့ဆိုတွင် တပ်မ (၆၆)မှ တပ်ကြပ်တစ်ဦးပြည်သူနှင့်ပူး​ပေါင်း

ပြည်သူ့ဘက်သို့ရပ်တည်လိုသော အရာရှိအရာခံတပ်မတော်သားများအား နွေးထွေးစွာ ကြိုဆိုပြီးထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်မည်ဟုလည်း DMO-PDF ကအသိပေးသည်။

(KGZ တပ်ဖွဲ့ထပ်သို့ နိုဝင်ဘာလတွင် CDM ဝင်ခဲ့​သော တပ်မ​တော်သားတစ်ဦး။ ဓါတ်ပုံ- KGZ)

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အတွင်းသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော တပ်မ(၆၆)
လက်အောက်ခံ ခမရ (၁၀၈) တပ်ရင်းမှ တပ်ကြပ်တစ်ဦး လက်နက်နှင့်အတူ CDM ဝင်ရောက်လာကြောင်း ပြည်သူ့ကာ ကွယ်ရေးတပ်-ဒီးမော့ဆို(DMO-PDF)က ယနေ့ ထုတ်ပြန်သည်။

အဆိုပါတပ်ကြပ်သည် CDM လုပ်လိုကြောင်း ဇန်နဝါရီ
၅ရက်တွင်ဆက် သွယ်လာပြီးနောက် MA-1 သေနတ်တစ်လက်နှင့်အတူ ဝင်ရောက်လာခဲ့ခြင်းဟုထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ မတရားပြုလုပ်နေမှုများကို လက်မခံနိုင်တော့၍ ပြည်သူ့ ဘက် တော်သားအဖြစ်ရပ်တည်ရန် ရှေ့တန်းစစ် မြေပြင် အရဲစွန့်ထွက်ပြေးလာခဲ့သည့် CDM စစ် သားကို လူ့အခွင့်အရေးနှင့်အညီ ကောင်းမွန်စွာ ကြိုဆိုလက်ခံပြီး လုံခြုံစိတ်ချသည့်နေရာ စီစဉ်ပေးခဲ့သည်ဟုလည်း ပါရှိသည်။

ပြည်သူ့ဘက်တော်သားအဖြစ်သို့ ဝင်ရောက်လာသော CDM စစ်သည်ကို အမျိုးသား ညီညွတ် ရေးအစိုးရ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထံ ဇန်နဝါရီလ(၇)နေ့တွင် ကောင်းမွန်စွာလွှဲအပ်ပေးခဲ့ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ဘက်သို့ရပ်တည်လိုသော အရာရှိအရာခံတပ်မတော်သားများအား နွေးထွေးစွာ ကြိုဆိုပြီးထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်မည်ဟုလည်း DMO-PDF ကအသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

ရက္ခိုင်ပြည်နယ်အတွင်း AA မှ လွဲ၍ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ မရှိစေရမူအတိုင်း ရှိနေမည်ဟုလည်း AAက ထပ်မံ အသိပေးသည်။

သတင်း

တိုက်ပွဲဖြစ်ပွားစဉ် တာမခန်ကို စစ်ကူလာသည့် စစ်ကောင်စီတပ်က ရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ အဆိုပါ စစ်ကောင်စီတပ် ကိုလည်း KIAက ချေမှုန်းတိုက်ခိုက်ခဲ့သည်။