Connect with us

Hi, what are you looking for?

News

ဒီး​မော့ဆိုတွင် တပ်မ (၆၆)မှ တပ်ကြပ်တစ်ဦးပြည်သူနှင့်ပူး​ပေါင်း

ပြည်သူ့ဘက်သို့ရပ်တည်လိုသော အရာရှိအရာခံတပ်မတော်သားများအား နွေးထွေးစွာ ကြိုဆိုပြီးထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်မည်ဟုလည်း DMO-PDF ကအသိပေးသည်။

(KGZ တပ်ဖွဲ့ထပ်သို့ နိုဝင်ဘာလတွင် CDM ဝင်ခဲ့​သော တပ်မ​တော်သားတစ်ဦး။ ဓါတ်ပုံ- KGZ)

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အတွင်းသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော တပ်မ(၆၆)
လက်အောက်ခံ ခမရ (၁၀၈) တပ်ရင်းမှ တပ်ကြပ်တစ်ဦး လက်နက်နှင့်အတူ CDM ဝင်ရောက်လာကြောင်း ပြည်သူ့ကာ ကွယ်ရေးတပ်-ဒီးမော့ဆို(DMO-PDF)က ယနေ့ ထုတ်ပြန်သည်။

အဆိုပါတပ်ကြပ်သည် CDM လုပ်လိုကြောင်း ဇန်နဝါရီ
၅ရက်တွင်ဆက် သွယ်လာပြီးနောက် MA-1 သေနတ်တစ်လက်နှင့်အတူ ဝင်ရောက်လာခဲ့ခြင်းဟုထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ မတရားပြုလုပ်နေမှုများကို လက်မခံနိုင်တော့၍ ပြည်သူ့ ဘက် တော်သားအဖြစ်ရပ်တည်ရန် ရှေ့တန်းစစ် မြေပြင် အရဲစွန့်ထွက်ပြေးလာခဲ့သည့် CDM စစ် သားကို လူ့အခွင့်အရေးနှင့်အညီ ကောင်းမွန်စွာ ကြိုဆိုလက်ခံပြီး လုံခြုံစိတ်ချသည့်နေရာ စီစဉ်ပေးခဲ့သည်ဟုလည်း ပါရှိသည်။

ပြည်သူ့ဘက်တော်သားအဖြစ်သို့ ဝင်ရောက်လာသော CDM စစ်သည်ကို အမျိုးသား ညီညွတ် ရေးအစိုးရ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထံ ဇန်နဝါရီလ(၇)နေ့တွင် ကောင်းမွန်စွာလွှဲအပ်ပေးခဲ့ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ဘက်သို့ရပ်တည်လိုသော အရာရှိအရာခံတပ်မတော်သားများအား နွေးထွေးစွာ ကြိုဆိုပြီးထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်မည်ဟုလည်း DMO-PDF ကအသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

စစ်တပ်က တပ်မ ၄ခုအထိသုံးပြီး မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်က ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ) တွေကို အင်အားထပ်ဖြည့်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။