အာဏာသိမ်းစစ်ကောင်စီတပ်သည် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့(MNDAA)၏ တပ်စခန်းနှစ်ခုကို လက်နက်ကြီးများဖြင့် ဆက်လက်တိုက်ခိုက်နေကြောင်း MNDAAက ယနေ့ထုတ်ပြန်သည်။
စစ်ကောင်စီသည် ဇန်နဝါရီ ၆ရက်နှင့် ၇ရက်အတွင်း MNDAA ၏ မုံးကိုးခရိုင် မန်ရန်တပ်စခန်းနှင့် ရှိကျိကျတောင်တန်းတပ်စခန်းကို လက်နက်ကြီးကျည် ၁၀၀ကျော်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် စက်သေနတ်နှင့် စက်နိုက်ဘာများကိုလည်းအသုံးပြုပစ်ခတ် လာသောကြောင့် MNDAAဘက်မှ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။
စစ်ကောင်စီအနေဖြင့် မုံးကိုးတိုက်ပွဲဖြစ်ပွားချိန်မှစပြီး လက်ရှိအချိန်ထိ ကြည်းတပ်ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုမရှိသည့်အခြေအနေတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် သည်မှာ သုံးလေ့သုံးထရှိသည့် စစ်ပရိယာယ်တစ်မျိုးဖြစ်ကြောင်း MNDAAက ဆိုသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီသည် မုံးကိုးခရိုင်သို့ အင်အားအလုံးအရင်းဆက်လက် တိုးချဲ့နေသောကြောင့် မုံးကိုးတိုက်ပွဲမှာ ကာလတိုအချိန်အတွင်း၌ ရပ်ဆိုင်းနိုင်မည်မဟုတ်ကြောင်း ဖော်ပြသည်။

Public Service Announcement


















































