Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒေါ်အောင်ဆန်းစုကြည်ကို ထောင် ၄ နှစ်ထပ်ချ

စုစုပေါင်း ထောင်ဒဏ် ၅ နှစ်ဖြစ်ပေမယ့် ဆက်သွယ်ရေးဥပဒေ နဲ့ ပို့ကုန်သွင်းကုန်ဥပဒေ တို့နဲ့စွဲထားတဲ့အမှုတွေကို တပေါင်းတည်းကျခံရမှာဖြစ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ချလိုက်တဲ့ ထောင်ဒဏ်ဟာ ၄ နှစ်ဖြစ်သွားတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေထံက သိရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၃ ခုနဲ့ ဒီနေ့မှာ စစ်ကောင်စီက ထောင်ဒဏ် ၄ နှစ်ထပ်ချလိုက်ပါတယ်။

အဲဒီပုဒ်မတွေကတော့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ အတွက် ထောင်ဒဏ် ၁ နှစ် ၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ အတွက် ထောင်ဒဏ် ၂ နှစ် နဲ့ သဘာဝဘေးအန္တရာယ်စီမံခန်ခွဲမှု ဥပဒေပုဒ်မ ၂၅ အတွက် ထောင်ဒဏ် ၂ နှစ်စီချလိုက်တာပါ။

စုစုပေါင်း ထောင်ဒဏ် ၅ နှစ်ဖြစ်ပေမယ့် ဆက်သွယ်ရေးဥပဒေ နဲ့ ပို့ကုန်သွင်းကုန်ဥပဒေ တို့နဲ့စွဲထားတဲ့အမှုတွေကို တပေါင်းတည်းကျခံရမှာဖြစ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ချလိုက်တဲ့ ထောင်ဒဏ်ဟာ ၄ နှစ်ဖြစ်သွားတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေထံက သိရပါတယ်။

ဒီနေ့အမိန့်ချတဲ့အမှု ၃ မှုဟာ ရွေးကောက်ပွဲအကြိုကာလမှာ နေပြည်တော်က NLD ပါတီဝင်တွေ နေအိမ်ကိုသွားရောက်တာ ကိုဗစ်စည်းကမ်းချိုးဖောက်တယ်ဆိုကာ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့စွဲဆိုတဲ့အမှု ၊ အာဏာသိမ်းတဲ့နေ့က နေပြည်တော်က နေအိမ်မှာ တရားမဝင် စကားပြောစက်တွေ့တယ်ဆိုကာ ပို့ကုန်သွင်းကုန်ဥပဒေအပြင် ဆက်သွယ်ရေးဥပဒေတွေနဲ့စွဲဆိုထားတဲ့အမှုတွေဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ချတဲ့ ထောင်ဒဏ်အပါအဝင် စုစုပေါင်း ထောင်ဒဏ် ၆ နှစ်ချထားပြီဖြစ်ပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီ ဆက်လက်စွဲဆိုထားတဲ့အမှုဟာ အမှု ၇ မှုကျန်နေသေးပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်လွတ်မြောက်ရေး ပိုမိုအားထုတ်ပေးရန် နိုင်ငံတကာနှင့် တော်လှန်ရေးအင်အားစုများအား မေတ္တာရပ်ခံ

သတင်း

စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးချုပ်နှောင်ထားမှုကနေ ပြန်မလွှတ်ပေးတာကိုလည်း သားငယ်ဖြစ်သူက ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။

သတင်း

သမ္မတကြီးဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ အတွက် ထောင်ဒဏ်နှစ် နှစ်၊ ပုဒ်မ ၅၀၅(ခ) အတွက် ထောင်ဒဏ် နှစ်နှစ် စုစုပေါင်းလေးနှစ်ချမှတ်ခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခဲ့သည့် ဒီဇင်ဘာ ၆ ရက်တွင် စုစုပေါင်းပြစ်ဒဏ်လေးနှစ်အနက် နှစ်နှစ်ကို လျှော့ပေါ့ခဲ့သည်။