Connect with us

Hi, what are you looking for?

News

ဒေါ်အောင်ဆန်းစုကြည်ကို ထောင် ၄ နှစ်ထပ်ချ

စုစုပေါင်း ထောင်ဒဏ် ၅ နှစ်ဖြစ်ပေမယ့် ဆက်သွယ်ရေးဥပဒေ နဲ့ ပို့ကုန်သွင်းကုန်ဥပဒေ တို့နဲ့စွဲထားတဲ့အမှုတွေကို တပေါင်းတည်းကျခံရမှာဖြစ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ချလိုက်တဲ့ ထောင်ဒဏ်ဟာ ၄ နှစ်ဖြစ်သွားတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေထံက သိရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၃ ခုနဲ့ ဒီနေ့မှာ စစ်ကောင်စီက ထောင်ဒဏ် ၄ နှစ်ထပ်ချလိုက်ပါတယ်။

အဲဒီပုဒ်မတွေကတော့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ အတွက် ထောင်ဒဏ် ၁ နှစ် ၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ အတွက် ထောင်ဒဏ် ၂ နှစ် နဲ့ သဘာဝဘေးအန္တရာယ်စီမံခန်ခွဲမှု ဥပဒေပုဒ်မ ၂၅ အတွက် ထောင်ဒဏ် ၂ နှစ်စီချလိုက်တာပါ။

စုစုပေါင်း ထောင်ဒဏ် ၅ နှစ်ဖြစ်ပေမယ့် ဆက်သွယ်ရေးဥပဒေ နဲ့ ပို့ကုန်သွင်းကုန်ဥပဒေ တို့နဲ့စွဲထားတဲ့အမှုတွေကို တပေါင်းတည်းကျခံရမှာဖြစ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ချလိုက်တဲ့ ထောင်ဒဏ်ဟာ ၄ နှစ်ဖြစ်သွားတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေထံက သိရပါတယ်။

ဒီနေ့အမိန့်ချတဲ့အမှု ၃ မှုဟာ ရွေးကောက်ပွဲအကြိုကာလမှာ နေပြည်တော်က NLD ပါတီဝင်တွေ နေအိမ်ကိုသွားရောက်တာ ကိုဗစ်စည်းကမ်းချိုးဖောက်တယ်ဆိုကာ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့စွဲဆိုတဲ့အမှု ၊ အာဏာသိမ်းတဲ့နေ့က နေပြည်တော်က နေအိမ်မှာ တရားမဝင် စကားပြောစက်တွေ့တယ်ဆိုကာ ပို့ကုန်သွင်းကုန်ဥပဒေအပြင် ဆက်သွယ်ရေးဥပဒေတွေနဲ့စွဲဆိုထားတဲ့အမှုတွေဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ချတဲ့ ထောင်ဒဏ်အပါအဝင် စုစုပေါင်း ထောင်ဒဏ် ၆ နှစ်ချထားပြီဖြစ်ပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီ ဆက်လက်စွဲဆိုထားတဲ့အမှုဟာ အမှု ၇ မှုကျန်နေသေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

​ဒေါ်​အောင်ဆန်းစုကြည် နဲ့ ICRC ​တွေ့ဆုံမှုဟာသူမအသက်ရှင်လျက်ရှိ​ကြောင်းအတည်ပြုနိုင်တဲ့သက်​သေအ​ထောက်အထား​ဖြစ်​ပေမယ့် ထိုလုပ်ရပ်တစ်ခုတည်းဖြင့်မလုံ​လောက်ဘဲ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထားရသူ​တွေအားလုံးကို ချက်ချင်းပြန်လွှတ်​ပေးရန် ဗြိတိန် အစိုးရကဒီက​​နေ့ ထပ်မံ​တောင်းဆိုလိုက်ပါတယ် ။