Connect with us

Hi, what are you looking for?

News

KIAနှင့် စစ်ကောင်စီတပ် နေရာသုံးခု၌ တိုက်ပွဲဖြစ်

တပ်မဟာ(၉)၊ တပ်ရင်း (၄၄) နယ်မြေတွင်လည်း အင်အား ၁၀၀ခန့်ရှိ စစ်ကောင်စီတပ်က စစ်ရေး လှုပ်ရှားလာ၍ KIAနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့သည် ယမန်နေ့(ဇန်နဝါရီ ၉ရက်)က နေရာ သုံးခု၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းဖော်ပြသည်။

ပူတာအိုဒေသတွင် ဇန်နဝါရီ၉ရက် နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ပူတာအိုအတွင်းရှိ ခ.လ.ရ (၁၃၇၊ ၁၃၈) စုပေါင်း တပ်ဖွဲ့က ဆွမ်ပရာဘွန် နှင့်ဆွမ်ပီယန် ကြားရှိ KIA တပ်ရှိရာ နေရာအနီးစစ်ရေးလှုပ်ရှားလာ၍ KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့ ခုခံတိုက်ခိုက်ခဲ့ကြောင်း Kachinnet Burmese က ဖော်ပြသည်။

ထို့ပြင် ဆွမ်ပီယန်နှင့် အင်ဆိုင်ယန်ကြားတွင်လည်း စစ်ကားနှင့် စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီနှင့် လည်းတိုက်ပွဲဖြစ် ပွားခဲ့သည်ဟု ဆိုသည်။

KIA တပ်မဟာ(၉)၊ တပ်ရင်း (၄၄) နယ်မြေတွင်လည်း အင်အား ၁၀၀ခန့်ရှိ စစ်ကောင်စီတပ်က စစ်ရေး လှုပ်ရှားလာ၍ KIAနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ပွဲများ၌ နှစ်ဖက်ထိခိုက်မှုရှိမရှိ အခြေအနေများကိုမူ ဖော်ပြမထားပေ။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။