Connect with us

Hi, what are you looking for?

News

ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင်ဒဏ်တိုးမြှင့်ခြင်းမှာ တရားမျှတမှုနှင့် တရားဥပဒေစိုးမိုးရေးကို စော်ကားခြင်းဖြစ်ဟု အမေရိကန်ထုတ်ပြန်

“ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်သွားဖို့ ကျွန်တော်တို့ စစ်ကောင်စီကို တောင်းဆိုပါတယ်” ဟု ၎င်းက ဆိုသည်။

▪️အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လွှတ်ပေးရန် တောင်းဆို

စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ထပ်မံချမှတ်ခြင်းသည် တရားမျှတမှုနှင့် တရားဥပဒေစိုးမိုးရေးကို စော်ကားခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Ned Priceက ထုတ်ပြန်သည်။

ဥပဒေမဲ့အာဏာသိမ်းထားသည့် စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၄ နှစ် ထပ်မံချမှတ်ခြင်းအပေါ် အမေရိကန်အစိုးရ၏ သဘောထားကို Ned Price က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်သွားဖို့ ကျွန်တော်တို့ စစ်ကောင်စီကို တောင်းဆိုပါတယ်” ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်တွင် စစ်ကောင်စီက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သွင်းကုန်၊ ပို့ကုန်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေနှင့် သဘာ၀ဘေးစီမံဥပဒေ ပုဒ်မများကို ဖောက်ဖျက်ကျူးလွန်သည်ဆိုကာ စုစုပေါင်း ​ထောင်ဒဏ်​လေးနှစ် ထပ်မံချမှတ်ခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ F-16 တိုက်လေယာဉ် တစ်စီးဟာ လူနေအိမ်တွေကြား မြက်ခင်းပေါ် ပျက်ကျပြီး အပြင်းအထန် မီးလောင်ကျွမ်း ပျက်စီးသွားခဲ့ပါတယ်။

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။