Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင်ဒဏ်တိုးမြှင့်ခြင်းမှာ တရားမျှတမှုနှင့် တရားဥပဒေစိုးမိုးရေးကို စော်ကားခြင်းဖြစ်ဟု အမေရိကန်ထုတ်ပြန်

“ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်သွားဖို့ ကျွန်တော်တို့ စစ်ကောင်စီကို တောင်းဆိုပါတယ်” ဟု ၎င်းက ဆိုသည်။

▪️အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လွှတ်ပေးရန် တောင်းဆို

စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ထပ်မံချမှတ်ခြင်းသည် တရားမျှတမှုနှင့် တရားဥပဒေစိုးမိုးရေးကို စော်ကားခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Ned Priceက ထုတ်ပြန်သည်။

ဥပဒေမဲ့အာဏာသိမ်းထားသည့် စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၄ နှစ် ထပ်မံချမှတ်ခြင်းအပေါ် အမေရိကန်အစိုးရ၏ သဘောထားကို Ned Price က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်သွားဖို့ ကျွန်တော်တို့ စစ်ကောင်စီကို တောင်းဆိုပါတယ်” ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်တွင် စစ်ကောင်စီက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သွင်းကုန်၊ ပို့ကုန်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေနှင့် သဘာ၀ဘေးစီမံဥပဒေ ပုဒ်မများကို ဖောက်ဖျက်ကျူးလွန်သည်ဆိုကာ စုစုပေါင်း ​ထောင်ဒဏ်​လေးနှစ် ထပ်မံချမှတ်ခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။