Connect with us

Hi, what are you looking for?

News

MNDAAနှင့် စစ်ကောင်စီ တိုက်ပွဲဆက်ဖြစ်

ဇန်၀နါရီ ၁၀ရက် နေ့လယ်ပိုင်းကလည်း MNDAA နှင့် စစ်ကောင်စီတပ်တို့ သိန္နှီ ဒေသ၌ တိုက်ပွဲဆက်ဖြစ်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုကို မသိရသော်လည်း MNDAA ဘက်က ထိခိုက်ကျဆုံးမှုမရှိဟု ထုတ်ပြန်သည်။

ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့(MNDAA) တပ်စခန်းများကို အာဏာသိမ်းစစ်ကောင်ဏီတပ်က လက်နက်ကြီးများဖြင့် အချက်ပေါင်းများစွာ ဆက်လက်ပစ်ခတ် တိုက်ခိုက်သကဲ့သို့ တိုက်ပွဲဖြစ်ပွားမှု ဆက်ရှိနေကြောင်း MNDAAက သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၈ရက်မှ ၁၀ရက်အတွင်း မုံးကိုးခရိုင်ရှိ MNDAA၏ မန်ရန် တပ်စခန်းကို စစ်ကောင်စီတပ်က လက်နက်ကြီးများ၊ စက်သေနတ်၊ စနိုက်ပါတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရှိကျိကျတောင်တန်းရှိ MNDAA တပ်စခန်းကိုလည်း လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

ဇန်၀နါရီ ၁၀ရက် နေ့လယ်ပိုင်းကလည်း MNDAA နှင့် စစ်ကောင်စီတပ်တို့ သိန္နှီ ဒေသ၌ တိုက်ပွဲဆက်ဖြစ်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုကို မသိရသော်လည်း MNDAA ဘက်က ထိခိုက်ကျဆုံးမှုမရှိဟု ထုတ်ပြန်သည်။

MNDAAနှင့် စစ်ကောင်စီတပ်တို့သည် မုံးကိုးဒေသ၌ ၂၀၂၁ ဇူလိုင်လလယ်မှစ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုများပြားခဲ့သည်။ လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားမှု ဆက်ရှိနေသကဲ့သို့ အဆိုပါဒေသရှိ MNDAA တပ်စခန်းများကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ နေ့စဉ်လိုလို ပြုလုပ်နေသည်ဟု MNDAAက ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။