Connect with us

Hi, what are you looking for?

News

NUGက ပြည်တွင်းအခွန်ဦးစီးဌာနမှ အရာထမ်း ၁၄၄ ဦးကို အမည်ပျက်စာရင်း​ကြေညာပြီးထုတ်ပယ်

NUGက အမည်ပျက်စာရင်းသွင်းပြီး ထုတ်ပယ်သည့် အရာရှိ ၁၄၄ ဦးစာရင်းတွင် ဒုတိယညွန့်ကြားရေးမှူးချုပ်ဒေါ်မြမြဦးအပါအဝင် ညွန့်ကြားရေးမှူး ၂၉ ဦး၊ ဒုတိယညွန့်ကြားရေးမှူး ၄၀ ဦး၊ ဒုတိယ ညွန့်ကြားရေးမှူး ၃၉ဦး၊ လက်ထောက်ညွန့်ကြားရေးမှူး ၆၈ ဦး နှင့် ဦးစီးအရာရှိများပါဝင်သည်။

ပြည်တွင်းအခွန်များဦးစီးဌာနမှ အရာရှိ ၁၄၄ဦးကို အမည်ပျက်စာရင်းသွင်းပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာနက ယနေ့ထုတ်ပြန်လိုက်သည်။

၎င်းတို့သည် စစ်ကောင်စီ ယန္တယားလည်ပတ်နိုင်ရေးအတွက် အခွန်ဘဏ္ဍာများကောက်ခံလျက်ရှိသောကြောင့် ယခုကဲ့သို့ အမည်ပျက်စာရင်းသွင်းလိုက်ခြင်းဖြစ်သည်ဟု ပါရှိသည်။

၎င်းတို့သည် ဌာနအသီးသီးမှ CDMဝန်ထမ်းများကို ဖိနှိပ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရာထူးမှ ထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်း နှင့် ပြည်သူ့အစိုးရက ပြန်ဆပ်ရန်မလိုဟု ထုတ်ပြန်ထားသည့် ၂လစာချေးငွေများကို ပြန်လည်တောင်းခံခြင်းတို့ ဆောင်ရွက်နေခြင်းကြောင့်ဖြစ်​ကြောင်းလည်း ထုတ်ပြန်ချက်တွင်ရှင်းလင်းထားသည်။

NUGက အမည်ပျက်စာရင်းသွင်းပြီး ထုတ်ပယ်သည့် အရာရှိ ၁၄၄ ဦးစာရင်းတွင် ဒုတိယညွန့်ကြားရေးမှူးချုပ်ဒေါ်မြမြဦးအပါအဝင် ညွန့်ကြားရေးမှူး ၂၉ ဦး၊ ဒုတိယညွန့်ကြားရေးမှူး ၄၀ ဦး၊ ဒုတိယ ညွန့်ကြားရေးမှူး ၃၉ဦး၊ လက်ထောက်ညွန့်ကြားရေးမှူး ၆၈ ဦး နှင့် ဦးစီးအရာရှိများပါဝင်သည်။

Public Service Announcement

Public Service Announcement

“အဓမ္မအာဏာသိမ်းပြီး ကိုယ်ကျိုးရှာနေတဲ့လူတစု ထောက်ခံနေတဲ့သူတွေအကုန် ဖြုတ်ပြစ်ရမယ်။ ဒါမှ တရားမျှတမူဆိုတာဖြစ်လာမှာ” ဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မူဝန်ကြီးဌာနမှ CDM ဝန်ထမ်းတစ်ဦးကပြောသည်။

အခွန်ဌာနမှ ဝန်ထမ်းအများစုသည် အာဏာရှင်ဆန့်ကျင်ရေးCDMပြုလုပ်ခြင်းမရှိဘဲ လက်ရှိ ရာထူးနေရာများတွင် အခွင့်ထူးခံစား၍ စစ်ကောင်စီ ယန္တယားလည်ပတ်ရန်အခွန်များကောက်ခံပေးနေသည်ဟု အထက်ပါCDM ဝန်ထမ်းက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။