Connect with us

Hi, what are you looking for?

LuduNwayOo

News

NUGက ပြည်တွင်းအခွန်ဦးစီးဌာနမှ အရာထမ်း ၁၄၄ ဦးကို အမည်ပျက်စာရင်း​ကြေညာပြီးထုတ်ပယ်

NUGက အမည်ပျက်စာရင်းသွင်းပြီး ထုတ်ပယ်သည့် အရာရှိ ၁၄၄ ဦးစာရင်းတွင် ဒုတိယညွန့်ကြားရေးမှူးချုပ်ဒေါ်မြမြဦးအပါအဝင် ညွန့်ကြားရေးမှူး ၂၉ ဦး၊ ဒုတိယညွန့်ကြားရေးမှူး ၄၀ ဦး၊ ဒုတိယ ညွန့်ကြားရေးမှူး ၃၉ဦး၊ လက်ထောက်ညွန့်ကြားရေးမှူး ၆၈ ဦး နှင့် ဦးစီးအရာရှိများပါဝင်သည်။

ပြည်တွင်းအခွန်များဦးစီးဌာနမှ အရာရှိ ၁၄၄ဦးကို အမည်ပျက်စာရင်းသွင်းပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာနက ယနေ့ထုတ်ပြန်လိုက်သည်။

၎င်းတို့သည် စစ်ကောင်စီ ယန္တယားလည်ပတ်နိုင်ရေးအတွက် အခွန်ဘဏ္ဍာများကောက်ခံလျက်ရှိသောကြောင့် ယခုကဲ့သို့ အမည်ပျက်စာရင်းသွင်းလိုက်ခြင်းဖြစ်သည်ဟု ပါရှိသည်။

၎င်းတို့သည် ဌာနအသီးသီးမှ CDMဝန်ထမ်းများကို ဖိနှိပ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရာထူးမှ ထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်း နှင့် ပြည်သူ့အစိုးရက ပြန်ဆပ်ရန်မလိုဟု ထုတ်ပြန်ထားသည့် ၂လစာချေးငွေများကို ပြန်လည်တောင်းခံခြင်းတို့ ဆောင်ရွက်နေခြင်းကြောင့်ဖြစ်​ကြောင်းလည်း ထုတ်ပြန်ချက်တွင်ရှင်းလင်းထားသည်။

NUGက အမည်ပျက်စာရင်းသွင်းပြီး ထုတ်ပယ်သည့် အရာရှိ ၁၄၄ ဦးစာရင်းတွင် ဒုတိယညွန့်ကြားရေးမှူးချုပ်ဒေါ်မြမြဦးအပါအဝင် ညွန့်ကြားရေးမှူး ၂၉ ဦး၊ ဒုတိယညွန့်ကြားရေးမှူး ၄၀ ဦး၊ ဒုတိယ ညွန့်ကြားရေးမှူး ၃၉ဦး၊ လက်ထောက်ညွန့်ကြားရေးမှူး ၆၈ ဦး နှင့် ဦးစီးအရာရှိများပါဝင်သည်။

Public Service Announcement

Public Service Announcement

“အဓမ္မအာဏာသိမ်းပြီး ကိုယ်ကျိုးရှာနေတဲ့လူတစု ထောက်ခံနေတဲ့သူတွေအကုန် ဖြုတ်ပြစ်ရမယ်။ ဒါမှ တရားမျှတမူဆိုတာဖြစ်လာမှာ” ဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မူဝန်ကြီးဌာနမှ CDM ဝန်ထမ်းတစ်ဦးကပြောသည်။

အခွန်ဌာနမှ ဝန်ထမ်းအများစုသည် အာဏာရှင်ဆန့်ကျင်ရေးCDMပြုလုပ်ခြင်းမရှိဘဲ လက်ရှိ ရာထူးနေရာများတွင် အခွင့်ထူးခံစား၍ စစ်ကောင်စီ ယန္တယားလည်ပတ်ရန်အခွန်များကောက်ခံပေးနေသည်ဟု အထက်ပါCDM ဝန်ထမ်းက​ပြောသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။

သတင်း

မြန်မာနိုင်ငံမှာ အစုအဖွဲ့ပေါင်းစုံရဲ့ သဘောထား အမြင်တွေကို ကိုယ်စားပြု ထင်ဟပ်စေမယ့် ဒီမိုကရက်တစ် အုပ်ချုပ်မှု လမ်းစဉ်မျိုး ပေါ်ထွန်းလာနိုင်အောင် NUGက ကြိုးစားနေတဲ့အပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်ရှိုလတ်က အသိအမှတ်ပြု ကြိုဆိုခဲ့ပါတယ်။

သတင်း

ရွှေရောင်းဝယ်မည့်သူများသည် စစ်ကောင်စီကထုတ်ပေးသည့် စမတ်ကတ်နှင့် ထောက်ခံစာတင်ပြရမည်ဟု စစ်ကောင်စီက ရွှေဆိုင်များကို ကန့်သတ်ထား​ကြောင်း ရွှေဆိုင်အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။