Connect with us

Hi, what are you looking for?

News

ရဟတ်ယာဉ်ဌားရမ်းဝယ်ယူတဲ့ကိစ္စ ဒေါ်အောင်ဆန်းစုကြည် ကိုအဂတိပုဒ်မ ၅ ခု စစ်ကောင်စီတပ်တိုး

ရဟတ်ယာဉ်ဌားစီးတာနဲ့ ရဟတ်ယာဉ်ဝယ်ယူရာမှာ နိုင်ငံဘဏ္ဍာငွေထိခိုက်နစ်နာတာတွေရှိတယ်ဆိုပြီး သမ္မတဦးဝင်းမြင့် ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကို အဂတိပုဒ်မနဲ့ စစ်ကောင်စီက တရားစွဲတာပါ။

ရဟတ်ယာဉ်ဌားရမ်းဝယ်ယူတာနဲ့ပတ်သက်ပြီး သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ကောင်စီက အဂတိပုဒ်မ နဲ့အမှု ၅ မှု စွဲဆိုလိုက်ပါတယ်။

အဲဒီအမှုတွေကို ဒီနေ့မှာ တရားရုံးက အသိပေးခဲ့တယ်လို့သိရပါတယ်။

စွပ်စွဲခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က ဒီအမှုတွေကိုလိုက်ပါဆောင်ရွက်မယ့် ရှေ့နေတွေနဲ့ တိုင်ပင်မှာဖြစ်လို့ ရှေ့နေကိုယ်စားလှယ်လွှဲစာမတင်နိုင်သေးကြောင်း တရားရုံးက တင်ပြခဲ့ပါတယ်။

တရားရုံးဘက်ကလက်ခံပြီး ဇန်နဝါရီလ ၂၁ ရက်မှာ ကိုယ်စားလှယ်လွှဲစာတင်ပြဖို့ အသိပေးခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ရဟတ်ယာဉ်ဌားစီးတာနဲ့ ရဟတ်ယာဉ်ဝယ်ယူရာမှာ နိုင်ငံဘဏ္ဍာငွေထိခိုက်နစ်နာတာတွေရှိတယ်ဆိုပြီး သမ္မတဦးဝင်းမြင့် ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကို အဂတိပုဒ်မနဲ့ စစ်ကောင်စီက တရားစွဲတာပါ။

သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် ရဟတ်ယာဉ် တစ်စီးဌားရမ်းရာမှာ စာချုပ်မှာပါတဲ့ ပျံသန်းချိန်ထက် အသုံးပြုတဲ့ ပျံသန်းချိန်လျော့နည်းခဲ့တာကြောင့် နိုင်ငံဘဏ္ဍာငွေ ထိခိုက်နစ်နာတယ်ဆိုကာ တရားစွဲတာလို့သိရပါတယ်။

ဒါအပြင် နိုင်ငံတော် ပိုင်ရဟတ်ယာဉ်တစ်စီးဝယ်ရာမှာလည်း ဘဏ္ဍာရေးစည်းကမ်းမလိုက်တာတာ ၊ ရဟတ်ယာဉ်မရောက်သေးဘဲ ဝန်ဆောင်ခကို ကြိုပေးထားတာ ၊ သဘာဝဘေးအန္တရာယ်တွေမှာ သုံးဖို့ ဘဏ္ဍာငွေကို ထိရောက်စွာမသုံးဘဲ ရဟတ်ယာဉ်ဝယ်ဖို့ ပေးချေတာတွေကြောင့် နိုင်ငံဘဏ္ဍာ ဆုံးရှုံးရတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားဖူးပါတယ်။

ရဟတ်ယာဉ်ကိစ္စနဲ့ပတ်သက်ပြီး လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ၊ သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂတိပုဒ်မ ၅၅ နဲ့တရားစွဲလိုက်တယ်လို့သိရပါတယ်။

ဒီပုဒ်မဟာ ထောင်ဒဏ် ၁၅ နှစ်ထိချနိုင်တဲ့ပုဒ်မလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ကဗျာ

-​အောင်​စေ​နွေဦး အမေအို ကနိုင်ငံတော်ကိုနောက်တွဲဆံထုံးလေးလုပ်ပြီးထုံးထားတယ်၊အဲဒီ နောက်တွဲ ဆံထုံးလေးကိုပန်းလေးတွေ ချိတ်တွဲ ပန်ဆင်ပေးထားတယ်၊လှလှပပ မွှေးမွှေးပျံ့ပျံ့ သေသေသပ်သပ်နီနီရဲရဲ တင့်တင့်တယ်တယ် ကြွကြွရွရွသူမကျန်းမာပါစေသက်ရှည်ပါစေအနာကင်းပါစေမသူတော်ဘေး ဝေးပါစေ။ ၁၉၊ ဇွန်၊ ၂၀၂၆ Views: 17

ဆောင်းပါး

ကဖေး/People’s Spring သန့်ရှင်းသော ထိုဝန်းကျင်တွင် ပန်းရနံ့တို့ပိုသင်းပျံ့နေသည်။ ရွာဦးထိပ်က ယာယီစာသင်ကျောင်းဆီလှမ်းလာနေသော ကျောင်းဆရာမလေး၏ ဦးခေါင်းထက်မှာ နှင်းဆီပန်းနီနီရဲရဲက ဟန်ကျပန်ကျ လှပနေသည်။ ရွာလမ်းတလျှောက်တွေ့မြင်နေရသူတိုင်း၏ ဦးခေါင်းထက်မှာလည်း နှင်းဆီပန်းနှင့်အခြားသော အလျဉ်းသင့်ရာပန်းတွေ ပန်ဆင်ထားကြသည်။ ကြိုးသိုင်းလွယ်အိပ်လေးတွေ အဆင်ပြေသလိုလွယ်ထားကြသောကျောင်းသားကျောင်းသူလေးတွေလက်ထဲမှာလည်း နှင်းဆီပန်းလေးတွေ ကိုင်ထားကြပြန်သည်။ ပန်းရနံ့တို့သင်းထုံနေသောရွာလမ်းလေးအတိုင်းကျောင်းဆရာမလေး ဒေါ်နှင်းဆီ(အမည်လွှဲ)က ကျောင်း...

သတင်း

မြန်မာ့နိုင်ငံရေးပြဿနာများ ငြိမ်းချမ်းစွာပြေလည်စေရေးအတွက် အထူးဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး အဓိကထား ကြိုးပမ်း ဆောင်ရွက်ပေးကြဖို့ မိတ်ဆွေနိုင်ငံတွကို မေတ္တာရပ်ခံတိုက်တွန်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နဲ့ ပြည်နယ်၊ တိုင်းလွှတ်တော်၊ အစိုးရတွေက ဒီကနေ့မှာ ပူးပေါင်း ထုတ်ပြန်လိုက်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။