Connect with us

Hi, what are you looking for?

News

ရဟတ်ယာဉ်ဌားရမ်းဝယ်ယူတဲ့ကိစ္စ ဒေါ်အောင်ဆန်းစုကြည် ကိုအဂတိပုဒ်မ ၅ ခု စစ်ကောင်စီတပ်တိုး

ရဟတ်ယာဉ်ဌားစီးတာနဲ့ ရဟတ်ယာဉ်ဝယ်ယူရာမှာ နိုင်ငံဘဏ္ဍာငွေထိခိုက်နစ်နာတာတွေရှိတယ်ဆိုပြီး သမ္မတဦးဝင်းမြင့် ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကို အဂတိပုဒ်မနဲ့ စစ်ကောင်စီက တရားစွဲတာပါ။

ရဟတ်ယာဉ်ဌားရမ်းဝယ်ယူတာနဲ့ပတ်သက်ပြီး သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ကောင်စီက အဂတိပုဒ်မ နဲ့အမှု ၅ မှု စွဲဆိုလိုက်ပါတယ်။

အဲဒီအမှုတွေကို ဒီနေ့မှာ တရားရုံးက အသိပေးခဲ့တယ်လို့သိရပါတယ်။

စွပ်စွဲခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က ဒီအမှုတွေကိုလိုက်ပါဆောင်ရွက်မယ့် ရှေ့နေတွေနဲ့ တိုင်ပင်မှာဖြစ်လို့ ရှေ့နေကိုယ်စားလှယ်လွှဲစာမတင်နိုင်သေးကြောင်း တရားရုံးက တင်ပြခဲ့ပါတယ်။

တရားရုံးဘက်ကလက်ခံပြီး ဇန်နဝါရီလ ၂၁ ရက်မှာ ကိုယ်စားလှယ်လွှဲစာတင်ပြဖို့ အသိပေးခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ရဟတ်ယာဉ်ဌားစီးတာနဲ့ ရဟတ်ယာဉ်ဝယ်ယူရာမှာ နိုင်ငံဘဏ္ဍာငွေထိခိုက်နစ်နာတာတွေရှိတယ်ဆိုပြီး သမ္မတဦးဝင်းမြင့် ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကို အဂတိပုဒ်မနဲ့ စစ်ကောင်စီက တရားစွဲတာပါ။

သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် ရဟတ်ယာဉ် တစ်စီးဌားရမ်းရာမှာ စာချုပ်မှာပါတဲ့ ပျံသန်းချိန်ထက် အသုံးပြုတဲ့ ပျံသန်းချိန်လျော့နည်းခဲ့တာကြောင့် နိုင်ငံဘဏ္ဍာငွေ ထိခိုက်နစ်နာတယ်ဆိုကာ တရားစွဲတာလို့သိရပါတယ်။

ဒါအပြင် နိုင်ငံတော် ပိုင်ရဟတ်ယာဉ်တစ်စီးဝယ်ရာမှာလည်း ဘဏ္ဍာရေးစည်းကမ်းမလိုက်တာတာ ၊ ရဟတ်ယာဉ်မရောက်သေးဘဲ ဝန်ဆောင်ခကို ကြိုပေးထားတာ ၊ သဘာဝဘေးအန္တရာယ်တွေမှာ သုံးဖို့ ဘဏ္ဍာငွေကို ထိရောက်စွာမသုံးဘဲ ရဟတ်ယာဉ်ဝယ်ဖို့ ပေးချေတာတွေကြောင့် နိုင်ငံဘဏ္ဍာ ဆုံးရှုံးရတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားဖူးပါတယ်။

ရဟတ်ယာဉ်ကိစ္စနဲ့ပတ်သက်ပြီး လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ၊ သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂတိပုဒ်မ ၅၅ နဲ့တရားစွဲလိုက်တယ်လို့သိရပါတယ်။

ဒီပုဒ်မဟာ ထောင်ဒဏ် ၁၅ နှစ်ထိချနိုင်တဲ့ပုဒ်မလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုဝင်ဘာ – ၇ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring ဘားအံမြို့မှာ စစ်ကောင်စီက ကျင်းပတဲ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ကရင်လက်နက်ကိုင်အဖွဲ့သုံး ဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ ဒီနေ့​ (နိုဝင်ဘာလ ၇ ရက်) မှာ ကျရောက်တဲ့ နှစ် (၇၀ )...

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီ ရွေးကောက်ပွဲ ဆန့်ကျင်ရေးနဲ့ စစ်မှုထမ်းဥပဒေတိုက်ဖျက်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၆) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း တပတ်အတွင်း နှစ်ကြိမ်တိုက်ခိုက်ခံရပြီး အထိအခိုက်များလို့ပြန်ဆုတ်ခွာသွားကြောင်း သတင်းရရှိပါတယ်။