Connect with us

Hi, what are you looking for?

News

ထူးဓာတ်ဆီဆိုင် မီးရှို့ ဗုံး​ဖောက်ခွဲမှုမှာ ၎င်းတို့လက်ချက်ဟု STA အသိ​ပေး

“ကျွန်တော်တို့ ပြည်သူ့အသက်အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးသလို ကျွန်တော်တို့ကလည်း သူတို့ကိုလက်တုန့်ပြန်တဲ့သဘောပါ” ဟု အထက်ပါတာဝန်ရှိသူကပြော သည်။

ရန်ကုန်မြို့ အလုံမြို့နယ် ထော်လီကွေ့မှတ်တိုင် အနီးရှိ စစိ​ကောင်စီ၏ ​​ထောက်တိုင်တစ်ခုဖြစ်​သော ထူးဓာတ်ဆီဆိုင်ကို မီးရှို့ကာ ဗုံးနှစ်လုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း Special Task Agency of Burma – STA အဖွဲ့က တာဝန်ရှိသူတစ်ဦးက​ လူထု​နွေဦးသို့ အတည်ပြုသည်။

“ကျွန်တော်တို့ ပြည်သူ့အသက်အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးသလို ကျွန်တော်တို့ကလည်း သူတို့ကိုလက်တုန့်ပြန်တဲ့သဘောပါ” ဟု အထက်ပါတာဝန်ရှိသူကပြော သည်။

ဇန်နဝါရီ ၁၆ ရက်နံနက် ၄ နာရီခန့်တွင် အထက်ပါစစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဆီဆိုင်တစ်ခုလုံးနီးပါး မီးလောင်ခဲ့ကြောင်း ၎င်းက ပြောသည်။

အဆိုပါစစ်ဆင်ရေးကိုဆောင်ရွက်ရာတွင် အနီးဝန်းကျင်မှ ပြည်သူများ ထိခိုက်မှုမရှိစေရန် အချိန်ကာလတစ်ခုကြာ အစီအစဥ်များဆွဲ၍ လုပ်ဆောင်ခဲ့သည်ဟု ၎င်းကပြောသည်။

Public Service Announcement

Public Service Announcement

“အထူးသဖြင့်တော့ အတတ်နိုင်ဆုံး ပြည်သူထိခိုက်မှုမရှိအောင်၊ အန္တရာယ်မဖြစ်အောင်၊ ဘယ်လိုစီစဥ်ဆောင်ရွက်မယ်ဆိုတာကတော့ အဓိကဦးစားပေးပါတယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

ပြည်သူများအနေဖြင့်လည်း တော်လှန်ရေးကာလကြာမြင့်လာသည်နှင့် အမျှပင်ပန်းလာကြသော်လည်း အားတင်းထားရန်နှင့် ၎င်းတို့အဖွဲ့အနေဖြင့် ​အကြမ်းဖက်အုပ်စုကို အမြစ်ဖြတ်ကာ ပြည်သူ့အာဏာ ပြည်သူ့လက်ထဲသို့ အမြန်ဆုံးရောက်အောင်ကြိုးစားနေကြောင်း ၎င်းကဆိုသည်။

“ပြည်သူတွေအနေနဲ့လည်း ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ဒီတော်လှန်ရေးကြီးအောင်မြင်ဖို့ တတ်တတ်ကြွကြွ ပါဝင်ထောက်ပံ့ပေးကြဖို့လည်း တောင်းဆိုချင်ပါတယ်။ ကျွန်တော်တို့နောက်မှာ ပြည်သူတွေရှိနေတယ်ဆိုတဲ့ခံစားချက်က တော်လှန်ရေးရဲဘော်တွေအတွက် စိတ်ဓာတ်ရေးရာမှာ စိတ်ဓာတ်ရေးရာမှာ အရမ်းအားတတ်စေမိပါတယ်” ဟု ၎င်းကပြောသည်။

ထူးလုပ်ငန်းစုသည် ခရိုနီသူ​ဌေး ဦး​တေဇ၏ မိသားစုပိုင် လုပ်ငန်းဖြစ်ပြီး အာဏာသိမ်းစစ်​ကောင်စီကို ​အ​ထောက်အပံ့​ပေး​နေ​သော လုပ်ငန်းစုတစ်ခုဖြစ်သည်။ ထို့​ကြောင့် ထူးလုပ်ငန်းစု ထုတ်ကုန်ပစ္စည်းများကိုလည်း မသုံးစွဲကြရန် ပြည်သူများကြား လှုံ့​ဆော်သတိ​ပေးမှုများ ပြုလုပ်ထားသည်။

STA အဖွဲ့သည် အာဏာသိမ်းစစ်ကောင်စီနှင့် စစ်ကောင် စီ၏ ထောက်တိုင်အဖြစ် လုပ်ကိုင်နေသည့်လုပ်ငန်းများကို ရှင်းလင်းမှုများပြုလုပ်နေသည့် အဖွဲ့ဖြစ်သည်။

ပြီးခဲ့သည့် နှစ်အတွင်းက စစ်ကောင်စီထောက်တိုင်ဖြစ်သည့် မြတ်မေတ္တာမွန်ဆီဆိုင်ကို ဖောက်ခွဲမှုပြုလုပ်ခဲ့သလို ပြီးခဲ့သည့်ရက်ပိုင်းကလည်း ​အေးနေဝင်းမိသားစုပိုင် YBS -၅၆ ယာဥ်များကို ဗုံးဖောက်ခွဲ၍ ဖျက်ဆီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

လွန်ခဲ့တဲ့ ၁၇ နှစ်တုန်းက လူ ၅ ဦး သေဆုံးစေခဲ့တဲ့ ဂိမ်းဆိုင် မီးရှို့မှု တရားခံကို ဂျပန်က သေဒဏ်စီရင် ကွပ်မျက်ခဲ့ပါတယ်။