Connect with us

Hi, what are you looking for?

News

ရှိမာကျိုက်ဒေသတိုက်ပွဲ စစ်ကောင်စီတပ်မှ ထိခိုက်ဒဏ်ရာရမှုရှိဟု MNDAAထုတ်ပြန်

ဇန်နဝါရီ ၁၅ရက်က အင်အား ၂၀၀ခန့်ပါသည့် စစ်ကောင်စီတပ်သည် ရှိမာကျိုက်ဒေသရှိ MNDAAတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်လာ၍ ၂နာရီခန့် တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

မုံးကိုးခရိုင် ရှိမာကျိုက်ဒေသ၌ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ ထိခိုက်ဒဏ်ရာရမှုရှိကြောင်း ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့(MNDAA)က ယနေ့ ထုတ်ပြန် သည်။

ဇန်နဝါရီ ၁၅ရက်က အင်အား ၂၀၀ခန့်ပါသည့် စစ်ကောင်စီတပ်သည် ရှိမာကျိုက်ဒေသရှိ MNDAAတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်လာ၍ ၂နာရီခန့် တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်က စကခ(၁၄)လက်အောက်ခံ တပ်ရင်း (၂၇၈)အပါအဝင် တပ်ရင်း(၃)ရင်းဖြင့် စုပေါင်းထားသော ပူးတွဲတပ်ရင်းမှ ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရမှုအချို့ရှိကြောင်း၊ MNDAAဘက်က ထိခိုက်ကျဆုံးမှုမရှိကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် မုံးကိုးခရိုင်ရှိ MNDAA၏ မန်ရန် တပ်စခန်း ကို လက်နက်ကြီးများဖြင့် ဆက်လက် တိုက်ခိုက်ခဲ့ကြောင်း၊ စက်သေနတ်၊ Sniperများဖြင့်လည်း အနှောက်အယှက်ပေး ပစ်ခတ်တိုက်ခိုက်နေကြောင်း MNDAAက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အဆိုပါ မုံးကိုးဒေသတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။