Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီ၏ဒုရဲအုပ်အပါအဝင် ရဲ​လေးဦး က​လေး-တမူးလမ်းတွင် မိုင်းဆွဲတိုက်ခိုက်ခံရ၍​သေ၊​ သေနတ် ၃လက်ရရှိ

အရပ်သားများကဲ့သို့ ဝတ်ဆင်ထား ရဲများက ပါဂျဲရိုးအမျိုးအစားအိမ်စီးကား ဖြင့် ​မောင်းနှင်လာခြင်းဖြစ်ပြီး ၎င်းတို့သည် ဇန်နဝါရီ ၁၆ ရက်က တမူးမြို့ကားလေးရပ်နားဝင်းဖွင့်ပွဲတွင် လုံခြုံရေးယူပေးခဲ့သည့် ရဲတပ်ဖွဲ့ဝင်များဖြစ်သည်ဟုသိ့ရသည်။

စစ်ကိုင်းတိုင်း တမူးမြို့နယ် အာရှလမ်းကြီးပေါ် တွင်အကြမ်းဖက်စစ်ကောင်စီလက်​အောက်ခံရဲများစီးနင်းလာ​သော ကားတစ်စီးကို မိုင်းခွဲတိုက်ခိုက်ရာတွင် ဒုရဲအုပ်အပါအဝင်ရဲ ​လေးဦးသေဆုံးသွားကြောင်း တမူးပြည်သူကာကွယ်ရေးတပ်-တပ်ရင်း(၃)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ကလေး-တမူးကို ဆက်သွယ်ထားသည် အာရှလမ်းမကြီးပေါ်ရှိ ဝိတုတ်ကျေးရွာနှင့် ရန်လင်းဖိုင်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရဲများက အရပ်သားပုံစံဖမ်း၍ အရပ်ဝတ်များဖြင့် အရပ်သားကားကိုစီးနင်း​မောင်းနှင်လာရာ ယနေ့ ညနေ ၃နာရီခန့် တွင် ဗိုလ်ဇီးကွက် ဦးဆောင်သည့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၃) က မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အထက်ပါတာဝန်ရှိသူက​ပြောသည်။

အရပ်သားများကဲ့သို့ ဝတ်ဆင်ထား ရဲများက ပါဂျဲရိုးအမျိုးအစားအိမ်စီးကား ဖြင့် ​မောင်းနှင်လာခြင်းဖြစ်ပြီး ၎င်းတို့သည် ဇန်နဝါရီ ၁၆ ရက်က တမူးမြို့ကားလေးရပ်နားဝင်းဖွင့်ပွဲတွင် လုံခြုံရေးယူပေးခဲ့သည့် ရဲတပ်ဖွဲ့ဝင်များဖြစ်သည်ဟုသိ့ရသည်။

“ရဲကား မှန်းသိလိုစောင့်ကြည့်ပြီး မိုင်းခွဲလိုက်တာပါ။ ဖြစ်စဥ်က ဗိုလ်ဇီးကွက် ဦးဆောင်တဲ့ PDFတမူး တပ်ရင်း၃ တပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းမှုဆောင်ရွက်ကြတယ်ပေါ့ ။ ဝိတုပ်ရွာနဲ့ရန်လင်းဖိုင်ရွာ ကြားမှာ ကလေးမြို့ဖက်မှ မောင်းနှင်လာသော ရဲတပ်ဖွဲ့ဝင်များလိုက်ပါလာသည့် မော်တော်ယာဥ်အား မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်ပေါ့”ဟု တမူး ပြည်သူကာကွယ်ရေးတပ်-တပ်ရင်း(၃)တာဝန်ရှိသူက People’s Spring သို့ပြောသည်။

Public Service Announcement

Public Service Announcement

ထိုတိုက်ခိုက်မူတွင် ရဲအုပ်အပါအဝင် လေးဦး သေဆုံးပြီး သေနတ်သုံးလက်နှင့် ဆက်သွယ်ရေးပစ္စည်းများ၊ရဲအသုံးအ​ဆောင်များသိမ်းဆည်းနိုင်ခဲ့​ကြောင်းလည်း သိ့ရသည်။
က​လေးမှ တမူးမြို့သို့အလာတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့မိုင်းခွဲတိုက်ခိုက်အပြီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသည်ဟုလည်း ၎င်းက ဆက်​ပြောသည်။

“ညမှောင်သည်ထိတော့ လက်နက်ကြီးနဲ့ ရမ်းပစ်တယ်။ သေနတ်တွေ ရမ်းပစ်တယ်”ဟု ၎င်းက​ ပြောသည်။

ယခုကာလတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၀င်များသည် တမူးခရိုင်အတွင်း၌ အိမ်စီးကားများ၊ခရီးသည်တင်ကားများ၊ ၁၂ ဘီးကုန် ကားကြီးများ ကို အသုံးပြု ၍ လှုပ်ရှားမှုများ ပြုလုပ်လျက်ရှိ‌သည်။ထိုကြောင့် မိဘပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် စစ်ကောင်စီကားများနှင့် မှားယွင်းပစ်ခတ်မှုမဖြစ်မိစေရန် မော်တော်ယဉ်၊ကားမှန်များအား ချပေးထားပါရန် တမူးPDFကယမန်နေ့က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

နိုင်ငံတကာ

မြို့တော် အန်ကာရာမှာ NATO စစ်မဟာမိတ်အဖွဲ့ ညီလာခံ လာတက်တဲ့ နိုင်ငံခေါင်းဆောင် အသီးသီးကို တူရကီ အစိုးရက ပစ္စတို သေနတ်တွေ လက်ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ တမူးနဲ့ ခမ်းပါတ်မြို့ကြားမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေဗုံးကြဲလို့ အရပ်သားအချို့သေဆုံးမှုရှိသလို အရပ်သားအချို့လည်း ဖမ်းဆီးသတ်ဖြတ်ခံရတယ်လို့ သတင်းရရှိပါတယ်။