Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ရေးအရ လေယာဉ်မပျံသန်းရဇုန်ကြေညာပြီး လိုက်နာမှုရှိစေရေး နိုင်ငံတကာမှ တာဝန်ယူစောင့်ကြပ်ပေးရန် KNU၊ CNFနှင့် KNPP ပူးတွဲတောင်းဆို

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အထူးသံကိုယ်စားလှယ်၏ အဆိုပြုချက်အပေါ် တုန့်ပြန်သည့် ကြေညာချက်ကို စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက် ကိုင် သုံးဖွဲ့က ပူးတွဲထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာ အာမခံမှုပြုထားသည့် လုံခြုံသောနေရာများ ဖော်ဆောင်ပေးရန် အဆိုပြုထား

မြန်မာနိုင်ငံတွင် စစ်ရေးအရလေယာဉ်မပျံသန်းရဇုန်ကို ကြေညာ၍ လိုက်နာမှုရှိစေရန် နိုင်ငံတကာမှ တာဝန်ယူစောင့်ကြပ်ပေးရန် တောင်းဆိုကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ချင်းအမျိုးသားတပ်ဦး(CNF)တို့က ပူးတွဲထုတ်ပြန်လိုက်သည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အထူးသံကိုယ်စားလှယ်၏ အဆိုပြုချက်အပေါ် တုန့်ပြန်သည့် ကြေညာချက်ကို စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက် ကိုင် သုံးဖွဲ့က ပူးတွဲထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၁၃ရက်တွင် အာဆီယံဥက္ကဋ္ဌ နေရာယူထားသည့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန် နှင့် အထူးသံ ကိုယ်စားလှယ်တို့အကြား ဆွေးနွေးချက်နှင့်ပတ်သက်၍ ကုလအထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးသံကိုယ်စားလှယ်ရုံးမှ ကြေညာချက်ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံတွင် လူသားခြင်းစာနာထောက်ထားမှု အကူအညီများ အရေးတကြီး ပေးပို့နိုင်ရန် အတွက် အထူးသံကိုယ်စားလှယ်မှ အဆိုပြုသော နိုင်ငံတကာ “လူသားခြင်းစာနာထောက်ထားမှု အပြင် ” ချဉ်းကပ်မှု နည်းလမ်းကို ညွှန်းဆိုထားရာ အထူးသံကိုယ်စားလှယ်၏ အဆိုပြုချက်ကို ထောက်ခံကြောင်း တိုင်းရင်းသားလက်နက်ကိုင်တပ်သုံးဖွဲ့က ထုတ်ပြန်ခဲ့ပြီး ယင်းအဆိုပြုချက်အပေါ် ထပ်မံ ထည့်သွင်းပေးရန် အချက်များကို တောင်းဆိုခဲ့သည်။

Public Service Announcement

Public Service Announcement

လူသားချင်းစာနာထောက်ထားမှု အပြင် ချဉ်းကပ်မှုနည်းလမ်းသည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အကျပ်အတည်းများ ဖြေရှင်းနိုင်ရန် အထူးလိုအပ်ချက်တစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပြဿနာသည် လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းမျှသာ မဟုတ်ကြောင်း ဖော်ပြထားသည်။

လက်ရှိ လူသားခြင်းစာနာထောက်ထားမှု အကျပ်အတည်း အတိုင်းအတာသည် မြန်မာပြည်သူများရင်ဆိုင်နေရသည့် နိုင်ငံရေးအကျပ်အတည်းနှင့် ထပ်တူကျနေကြောင်း၊ ထို့ကြောင့် ကုလသမဂ္ဂ၊ အာဆီယံ နှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းသို့ တောင်းဆိုလိုသည်မှာ အရပ်သားပြည်သူများ တိုက်ခိုက်ခံရခြင်းမှ ကာကွယ်နိုင်ရန် နှင့် လူသားခြင်းစာနာထောက်ထားမှု အကူအညီများ ပံ့ပိုးနိုင်ရန် အတွက် အချက်၃ချက်ကို ထည့်သွင်း စဉ်းစားပေးရန် တိုက်တွန်ကြောင်း KNU၊ KNPPနှင့် CNF တို့က ပူးတွဲထုတ်ပြန်သည်။

အဆိုပါ အချက်များတွင် မြန်မာနိုင်ငံတွင် စစ်ရေးအရလေယာဉ်မပျံသန်းရဇုန်ကို ကြေညာ၍ လိုက်နာမှုရှိစေရန် နိုင်ငံတကာမှ တာဝန်ယူ စောင့်ကြပ်ပေးရန်နှင့် နိုင်ံငံတကာ အာမခံမှုဖြင့် အရပ်သားပြည်သူများ အကာအကွယ်ပေးသည့် လုံခြုံသောနေရာများ အဖြစ်နေထိုင်ရန်နှင့် ထောက်ပံ့ပေးရန်လိုအပ်သည့် ကျေးရွာများ၊ ပြည်တွင်းနေရပ်စွန့်ခွာသူ စစ်ဘေးရှောင် စခန်းများ၊ ဆေးရုံ၊ ဆေးခန်းနှင့် စာသင်ကျောင်းများကဲ့သို့သော နေရာများကို တိတိကျကျ သတ်မှတ်၍ ကြေညာပေးရန် အချက်တို့ ပါဝင်သည်။

ထို့ပြင် နိုင်ငံတကာ အတိုင်းအတာဖြင့် ညှိနှိုင်းထားသော လူသားခြင်းစာနာထောက်ထားမှု ဆိုင်ရာ စင်္ကြန်များကို ကြေညာရန်အချက်လည်း ပါဝင်သည်။ ထိုနေရာများသည် ပိတ်ပင်တားဆီးခြင်းမရှိဘဲ အကူအညီများကို လက်ခံရယူနိုင်သည့် နေရာများ ဖြစ်လာမည်ဖြစ်ကြောင်း၊ ထိုစင်္ကြန်များမှတစ်ဆင့် နယ်စပ်ဖြတ်ကျော်ကာ သို့မဟုတ် နိုင်ငံတွင်း အဓိက ကျသော နေရာများမှ တဆင့် အကူအညီပေးရေး အဖွဲ့အစည်းများအနေဖြင့် အလိုအပ်ဆုံးဖြစ်နေသော နေရာများကို သွားရောက်ပံ့ပိုးပေးရန် ဖြစ်ကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် လူသားခြင်းစာနထောက်ထားမှု အကူအညီများ အရေးတကြီး လိုအပ်လျက်ရှိသော ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ ရှမ်း၊ စစ်ကိုင်းနှင့် မကွေး ဒေသများရှိ ပြည်သူများထံသို့ အကူအညီများ ရောက်ရှိစေရေး ချဲ့ထွန်ဆောင်ရွက်ရန်လိုအပ်နေကြောင်း ထုတ်ပြန်ခဲ့သည်။

နိုင်ငံတကာ အာမခံမှုပြုထားသည့် လုံခြုံသောနေရာများနှင့် လူသားခြင်း စာနာထောက်ထားမှု ဆိုင်ရာ စင်္ကြန်များကို မြန်မာ့အိမ်နီးချင်း များနှင့် နိုင်ငံတကာမှ မိတ်ဆွေများ ပူးပေါင်း၍ ဖော်ဆောင်ပေးရန် တောင်းဆိုကြောင်းထုတ်ပြန်သည်။ မြန်မာပြည်သူများအတွက် လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အမြန်ပံ့ပိုးပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း လည်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံတကာနဲ့ မဟာဗျူဟာ လေ့လာရေး ဌာနက ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲ အစီအစဉ် တစ်ခုမှာ သူက မြန်မာစစ်တပ်ရဲ့ ထိပ်တန်း အရာရှိတချို့ဟာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ခံထားရခြင်းက ဘင်္ဂလားဒေ့ရှ်ကို လုပ်ရကိုင်ရ ခက်စေတယ်လို့ ဆိုပါတယ်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

မြိတ်ခရိုင်အတွင်းအပါအဝင်း ဒေသတွင်းဖြတ်သွားသည် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယခုရက်ပိုင်း စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။

သတင်း

“ကျောက်ကြီးရဲ့ လက်ရှိ စစ်ရေး အခြေအနေကတော့ စကစ ကနေ ထိုးစစ်ဆင်တာတွေရှိတယ်။ လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တာတွေလည်းရှိတယ်။ လေယာဉ်နဲ့မကြာခဏ လာရောက်ပစ်ခတ်တာတွေလည်း ရှိတယ်” ဟု ကော်မတီ ပြောရေးဆိုခွင့်ရှိသူက ပြောပြသည်။