Connect with us

Hi, what are you looking for?

News

နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး NUG နိုင်ငံခြားရေးဝန်ကြီးနှင့် ဂျာမနီ နိုင်ငံခြားရေးမှဝန်ကြီးတစ်ဦးတို့ ဆွေးနွေး

တဖက်တွင်လည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)သည် အမေရိကန်လွှတ်တော် မစ္စတာတော့ယန်းနှင့် အွန်လိုင်းမှတဆင့် ဇန်နဝါရီ ၂၀ ရက်တွင် မြန်မာ့အရေးကို ဆွေး နွေးခဲ့သည်။

အမေရိကန်အထက်လွှတ်တော်အမတ်တစ်ဦးကိုလည်း CRPH ဆက်သွယ်ဆွေးနွေး

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် ဂျာမနီ၏ ဖက်ဒရယ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ Minister of State ဖြစ်သူ ဒေါက်တာတိုဘီယက်လင့်နာနှင့် ယနေ့(ဇန်နဝါရီ ၂၁ရက်)ဆက်သွယ်ဆွေးနွေးသည်။

တွေ့ဆုံရာတွင် နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က မြန်မာနိုင်ငံတွင် အကြမ်းဖက် စစ်အုပ်စု၏ အာဏာသိမ်းရန်ကြိုးပမ်းမှုကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာသော အခြေအနေများ၊ NUG ၏ နိုင်ငံရေး လူမှုရေး ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်ချက်များ နှင့် နိုင်ငံတကာ မျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

တဖက်တွင်လည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)သည် အမေရိကန်လွှတ်တော် မစ္စတာတော့ယန်းနှင့် အွန်လိုင်းမှတဆင့် ဇန်နဝါရီ ၂၀ ရက်တွင် မြန်မာ့အရေးကို ဆွေး နွေးခဲ့သည်။

Public Service Announcement

Public Service Announcement

CRPH ဥက္ကဋ္ဌဦးအောင်ကြည်ညွန့်က အမေရိကန်ကွန်ဂရက်ကအတည်ပြုခဲ့သော မြန်မာ့အရေး ဆုံးဖြတ်ချက်များအတွက်ကျေးဇူးတင်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်များကလေကြောင်းအင်အားသုံးတိုက်ခိုက်နေမှုများကို ထည့်သွင်းဆွေးနွေးသည်။

ထို့အပြင် မြန်မာပြည်သူများကို ထိရောက်သောကူညီမှုများ ပေးနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဆက်လက်ပူးပေါင်းကာ မြန်မာပြည်သူများကို အကူအညီပေးစေလိုကြောင်း နှင့် ယခုကဲ့သို့ ခက်ခဲသည့် အချိန်တွင် အမေရိကန်နိုင်ငံ၊ လွှတ်တော်နှင့် လွှတ်တော်အမတ်များအပါအဝင် နိုင်ငံတကာအသိုက်အဝန်းက မြန်မာပြည်သူများအတွက် အကူအညီများ ပေးနေခြင်းအတွက် များစွာခွန်အားဖြစ်ရကြောင်း CRPH ဥက္ကဋ္ဌက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook