Connect with us

Hi, what are you looking for?

News

NUGက စိုက်ပျိုး​ရေးဦးစီးဌာနမှ ညွှန်ချုပ်အပါဝင် အရာရှိ ၄၀ဦးကို အမည်ပျက်စာရင်းသွင်းပြီး ထုတ်ပယ်

၎င်းတို့ကို အကြမ်းဖက် စစ်ကောင်စီ၏လက်အောက်တွင် ဆက်လက်တာဝန်မထမ်းဆောင်ပဲ ဓမ္မဘက်မှရပ်တည်ရန်နှင့် အမိန့်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်ကြစေရန် အကြိမ် ကြိမ်ဖိတ်ခေါ် ကမ်းလှမ်းခဲ့ပြီးလည်းဖြစ်​ကြောင်းလည်း ​ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်နေသည့် စိုက်ပျိုးရေးဦးစီဌာနမှ ညွှန့်ကြားရေးမှူးချုပ်အပါအဝင် အရာရှိ အယောက် ၄၀ဦးကို အမည်ပျက်စာရင်းသွင်းက ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးက ဇန်နဝါရီ ၂၁ ရက်တွင်
ထုတ်ပြန်လိုက်သည်။

၎င်းတို့သည် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်ရုံတင်မကဘဲ CDM ဝန်ထမ်းများကို ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရာထူးမှထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှထုတ် ပစ်ခြင်းနှင့် တရားစွဲခြင်း များဆောင်ရွက်နေခြင်းကြောင့်ဟု​ဖော်ပြထားသည်။

ထိုအပြင်၎င်းတို့သည် အရပ်သားအစိုးရလက်ထက်တွင်ပြန်ဆပ်ရန်မလိုတော့သည့် လစာချေးငွေများအားအတင်းအဓမ္မ ပြန်လည်ပေးဆပ်ခိုင်းခြင်းများလည်းဆောင်ရွက်နေသည်ဟုပါရှိသည်။

၎င်းတို့ကို အကြမ်းဖက် စစ်ကောင်စီ၏လက်အောက်တွင် ဆက်လက်တာဝန်မထမ်းဆောင်ပဲ ဓမ္မဘက်မှရပ်တည်ရန်နှင့် အမိန့်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်ကြစေရန် အကြိမ် ကြိမ်ဖိတ်ခေါ် ကမ်းလှမ်းခဲ့ပြီးလည်းဖြစ်​ကြောင်းလည်း ​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပယ်သည့် စိုက်ပျိုးရေးဦးစီးဌာနတွင် ညွန့်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ ဒုတိယ ညွန့်ကြားရေးမှုးချုပ်များဖြစ်သည့် ဦးဇော်ထွန်းမြင့်၊ ဦးလှမြင့်အောင်၊ ဦးသက်ဇင်မောင်၊ ဦးသူရစိုးနှင့် ဒေါ်ခင်စန်းမြင့်တို့ပါဝင်သည်။ ထိုအပြင် ရုံးချုပ်နှင့် တိုင်း/ပြည်နယ်များမှ ညွန့်ကြားရေးမှူးများလည်း ပါဝင်သည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။