Connect with us

Hi, what are you looking for?

LuduNwayOo

News

NUGက စိုက်ပျိုး​ရေးဦးစီးဌာနမှ ညွှန်ချုပ်အပါဝင် အရာရှိ ၄၀ဦးကို အမည်ပျက်စာရင်းသွင်းပြီး ထုတ်ပယ်

၎င်းတို့ကို အကြမ်းဖက် စစ်ကောင်စီ၏လက်အောက်တွင် ဆက်လက်တာဝန်မထမ်းဆောင်ပဲ ဓမ္မဘက်မှရပ်တည်ရန်နှင့် အမိန့်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်ကြစေရန် အကြိမ် ကြိမ်ဖိတ်ခေါ် ကမ်းလှမ်းခဲ့ပြီးလည်းဖြစ်​ကြောင်းလည်း ​ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်နေသည့် စိုက်ပျိုးရေးဦးစီဌာနမှ ညွှန့်ကြားရေးမှူးချုပ်အပါအဝင် အရာရှိ အယောက် ၄၀ဦးကို အမည်ပျက်စာရင်းသွင်းက ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးက ဇန်နဝါရီ ၂၁ ရက်တွင်
ထုတ်ပြန်လိုက်သည်။

၎င်းတို့သည် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်ရုံတင်မကဘဲ CDM ဝန်ထမ်းများကို ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရာထူးမှထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှထုတ် ပစ်ခြင်းနှင့် တရားစွဲခြင်း များဆောင်ရွက်နေခြင်းကြောင့်ဟု​ဖော်ပြထားသည်။

ထိုအပြင်၎င်းတို့သည် အရပ်သားအစိုးရလက်ထက်တွင်ပြန်ဆပ်ရန်မလိုတော့သည့် လစာချေးငွေများအားအတင်းအဓမ္မ ပြန်လည်ပေးဆပ်ခိုင်းခြင်းများလည်းဆောင်ရွက်နေသည်ဟုပါရှိသည်။

၎င်းတို့ကို အကြမ်းဖက် စစ်ကောင်စီ၏လက်အောက်တွင် ဆက်လက်တာဝန်မထမ်းဆောင်ပဲ ဓမ္မဘက်မှရပ်တည်ရန်နှင့် အမိန့်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်ကြစေရန် အကြိမ် ကြိမ်ဖိတ်ခေါ် ကမ်းလှမ်းခဲ့ပြီးလည်းဖြစ်​ကြောင်းလည်း ​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပယ်သည့် စိုက်ပျိုးရေးဦးစီးဌာနတွင် ညွန့်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ ဒုတိယ ညွန့်ကြားရေးမှုးချုပ်များဖြစ်သည့် ဦးဇော်ထွန်းမြင့်၊ ဦးလှမြင့်အောင်၊ ဦးသက်ဇင်မောင်၊ ဦးသူရစိုးနှင့် ဒေါ်ခင်စန်းမြင့်တို့ပါဝင်သည်။ ထိုအပြင် ရုံးချုပ်နှင့် တိုင်း/ပြည်နယ်များမှ ညွန့်ကြားရေးမှူးများလည်း ပါဝင်သည်။

ဆက်စပ်သတင်းများ

သတင်း

ကျားဖြန့်လုပ်ငန်းများ၌ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်များပါဝင်ပတ်သက်နေကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က ထုတ်ဖော်ပြောကြားထားသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။