Connect with us

Hi, what are you looking for?

News

တမူးPDFနှင့် ဇိုမီး PDFတို့ မဟာမိတ်ပြုလုပ်၊ အာဏာရှင်စနစ်ကို အပြီးတိုင် တိုက်ပွဲဝင်မည်ဟု ကတိပြု

People’s Defense Force – Tamu (တပ်ရင်း -၄)နှင့်Zomi Federal Union/PDF Zoland တို့ မဟာမိတ်ပြုလုပ်ကြောင်းကို ဇန်နဝါရီ ၂၅ရက်က ကြေညာခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းရှိ တမူးPDFနှင့် ချင်းပြည်နယ်အခြေစိုက် ဇိုမီးPDFတို့ မဟာမိတ်ပြုလုပ်လိုက်ပြီး အာဏာရှင်စနစ်ကို အပြီးတိုင်ဖျက်သိမ်းသည်အထိ အတူတကွ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာသည်။

People’s Defense Force – Tamu (တပ်ရင်း -၄)နှင့်Zomi Federal Union/PDF Zoland တို့ မဟာမိတ်ပြုလုပ်ကြောင်းကို ဇန်နဝါရီ ၂၅ရက်က ကြေညာခြင်းဖြစ်သည်။

“စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်အားလုံးကို အပြီးတိုင်ဖျက်သိမ်းသည်အထိ သစ္စာမပျက် အတူတကွ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်”ဟု ထုတ်ပြန်ကြေချက်တွင် ဖော်ပြထားသည်။

ထို့အပြင် မိမိတို့နယ်မြေဒေသတွင် ကျူးကျော်ဝင်ရောက်ရန် ကြိုးစားသည့် အာဏာရှင် စစ်ကောင်စီနှင့် ပြည်တွင်း ပြည်ပမှ စစ်ကောင်စီနှင့်ပူးပေါင်းသည့် မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမဆို အတူတကွ နှင်ထုတ်ချေမှုန်းသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။