Connect with us

Hi, what are you looking for?

LuduNwayOo

News

တမူးPDFနှင့် ဇိုမီး PDFတို့ မဟာမိတ်ပြုလုပ်၊ အာဏာရှင်စနစ်ကို အပြီးတိုင် တိုက်ပွဲဝင်မည်ဟု ကတိပြု

People’s Defense Force – Tamu (တပ်ရင်း -၄)နှင့်Zomi Federal Union/PDF Zoland တို့ မဟာမိတ်ပြုလုပ်ကြောင်းကို ဇန်နဝါရီ ၂၅ရက်က ကြေညာခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းရှိ တမူးPDFနှင့် ချင်းပြည်နယ်အခြေစိုက် ဇိုမီးPDFတို့ မဟာမိတ်ပြုလုပ်လိုက်ပြီး အာဏာရှင်စနစ်ကို အပြီးတိုင်ဖျက်သိမ်းသည်အထိ အတူတကွ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာသည်။

People’s Defense Force – Tamu (တပ်ရင်း -၄)နှင့်Zomi Federal Union/PDF Zoland တို့ မဟာမိတ်ပြုလုပ်ကြောင်းကို ဇန်နဝါရီ ၂၅ရက်က ကြေညာခြင်းဖြစ်သည်။

“စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်အားလုံးကို အပြီးတိုင်ဖျက်သိမ်းသည်အထိ သစ္စာမပျက် အတူတကွ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်”ဟု ထုတ်ပြန်ကြေချက်တွင် ဖော်ပြထားသည်။

ထို့အပြင် မိမိတို့နယ်မြေဒေသတွင် ကျူးကျော်ဝင်ရောက်ရန် ကြိုးစားသည့် အာဏာရှင် စစ်ကောင်စီနှင့် ပြည်တွင်း ပြည်ပမှ စစ်ကောင်စီနှင့်ပူးပေါင်းသည့် မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမဆို အတူတကွ နှင်ထုတ်ချေမှုန်းသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။

သတင်း

ဒုတိယဗိုလ်မှူးကြီးနိုင်နိုင်ဝင်းသည် ယခုရက်ပိုင်းဖြစ်ပွားနေသည့် ကော့ကရိတ် - မြဝတီအာရှလမ်းတိုက်ပွဲ၌ KNLAနှင့် PDF ပူးပေါင်းတပ်ဖွဲ့၏တိုက်ခိုက်မှုကြောင့် သေဆုံးသွားခြင်းဖြစ်နိုင်ကြောင်း ကော့ကရိတ်ရှိ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။