Connect with us

Hi, what are you looking for?

LuduNwayOo

News

မံစီမြို့နယ်တွင် KIAနှင့် စစ်ကောင်စီတိုက်ပွဲထပ်ဖြစ်

မန်စီမြို့နယ် ဘလောင်ဒိန်ဆာရွာသို့ ရောက်ရှိနေသည့် စစ်ကောင်စီတပ် ခလရ (၂၂၃) အင်အား ၁၀၀ ခန့်ပါသည့် တပ်ဖွဲ့များက စက်ယန္တရားများသုံးပြီးလမ်းဖောက်လုပ်ကာ နယ်ချဲ့ဝင်ရောက်လာ၍ KIAက ခုခံတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

ကချင်ပြည်နယ် မန်စီမြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIAသတင်းနှင့် ပြန်ကြားရေးဌာနက သတင်းဖော်ပြသည်။

KIA တပ်မဟာ(၃)၊ တပ်ရင်း (၂၇) နယ်မြေအတွင်း ဝင်ရောက်လာသည့် စစ်ကောင်စီတပ်များကို ဇန်နဝါရီ ၂၅ရက် မွန်းလွဲ ၂နာရီခန့်က တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

မန်စီမြို့နယ် ဘလောင်ဒိန်ဆာရွာသို့ ရောက်ရှိနေသည့် စစ်ကောင်စီတပ် ခလရ (၂၂၃) အင်အား ၁၀၀ ခန့်ပါသည့် တပ်ဖွဲ့များက စက်ယန္တရားများသုံးပြီးလမ်းဖောက်လုပ်ကာ နယ်ချဲ့ဝင်ရောက်လာ၍ KIAက ခုခံတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

တိုက်ပွဲမှာ ၃နာရီကြာမြင့်ခဲ့ပြီး စစ်ကောင်တပ်များ ဆုတ်ခွာသွားကြောင်း၊ လက်ရှိအချိန်ထိ ဒေသတွင်းရှိ ကျေးရွာအချို့၌ စခန်းချထားပြီး ယနေ့နံနက် ၁၀နာရီမှစ၍ တိုက်ပွဲဖြစ်ရာသို့ လက်နက် ကြီးများ ပစ်ခတ်လျက်ရှိသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

KIAနှင့် စစ်ကောင်စီတပ်တို့သည် ဇန်နဝါရီ ၁၈ရက်ကလည်း မန်စီမြို့နယ်အတွင်း၌ မိနစ် ၄၀ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းနေ့၌ပင် စစ်ကောင်စီတပ်က KIA တပ်မဟာ(၈)နယ်မြေသို့ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တပ်မဟာ(၉)နယ်မြေသို့လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။

အဆိုပါ တိုက်ပွဲဖြစ်စဉ်များအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိမရှိကိုမူ KIA သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြမထားပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။