Connect with us

Hi, what are you looking for?

News

မံစီမြို့နယ်တွင် KIAနှင့် စစ်ကောင်စီတိုက်ပွဲထပ်ဖြစ်

မန်စီမြို့နယ် ဘလောင်ဒိန်ဆာရွာသို့ ရောက်ရှိနေသည့် စစ်ကောင်စီတပ် ခလရ (၂၂၃) အင်အား ၁၀၀ ခန့်ပါသည့် တပ်ဖွဲ့များက စက်ယန္တရားများသုံးပြီးလမ်းဖောက်လုပ်ကာ နယ်ချဲ့ဝင်ရောက်လာ၍ KIAက ခုခံတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

ကချင်ပြည်နယ် မန်စီမြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIAသတင်းနှင့် ပြန်ကြားရေးဌာနက သတင်းဖော်ပြသည်။

KIA တပ်မဟာ(၃)၊ တပ်ရင်း (၂၇) နယ်မြေအတွင်း ဝင်ရောက်လာသည့် စစ်ကောင်စီတပ်များကို ဇန်နဝါရီ ၂၅ရက် မွန်းလွဲ ၂နာရီခန့်က တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

မန်စီမြို့နယ် ဘလောင်ဒိန်ဆာရွာသို့ ရောက်ရှိနေသည့် စစ်ကောင်စီတပ် ခလရ (၂၂၃) အင်အား ၁၀၀ ခန့်ပါသည့် တပ်ဖွဲ့များက စက်ယန္တရားများသုံးပြီးလမ်းဖောက်လုပ်ကာ နယ်ချဲ့ဝင်ရောက်လာ၍ KIAက ခုခံတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

တိုက်ပွဲမှာ ၃နာရီကြာမြင့်ခဲ့ပြီး စစ်ကောင်တပ်များ ဆုတ်ခွာသွားကြောင်း၊ လက်ရှိအချိန်ထိ ဒေသတွင်းရှိ ကျေးရွာအချို့၌ စခန်းချထားပြီး ယနေ့နံနက် ၁၀နာရီမှစ၍ တိုက်ပွဲဖြစ်ရာသို့ လက်နက် ကြီးများ ပစ်ခတ်လျက်ရှိသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

KIAနှင့် စစ်ကောင်စီတပ်တို့သည် ဇန်နဝါရီ ၁၈ရက်ကလည်း မန်စီမြို့နယ်အတွင်း၌ မိနစ် ၄၀ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းနေ့၌ပင် စစ်ကောင်စီတပ်က KIA တပ်မဟာ(၈)နယ်မြေသို့ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တပ်မဟာ(၉)နယ်မြေသို့လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။

အဆိုပါ တိုက်ပွဲဖြစ်စဉ်များအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိမရှိကိုမူ KIA သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြမထားပေ။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။