Connect with us

Hi, what are you looking for?

News

ကျိုက္ကသာရွာသားတစ်ဦး ​သေနတ်ဒဏ်ရာဖြင့် ​သေဆုံးခြင်းမှာ ၎င်းတို့ လက်ချက်မဟုတ်​ကြောင်း ကျိုက်ထို​တော်လှန်​ရေးအင်အားစု ထုတ်ပြန်

“သူက အရင်တုန်းက ငါးဒိုင်လုပ်ခဲ့တဲ့သူပဲ သိရတယ်။တခြား ဘာတွေနဲ့ ဆက်နွယ်လို့ ပစ်တယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရသေးဘူး”ဟု ကျိုက်ထိုမြို့နေသူတစ်ဦးက လူထုနွေဦးသို့ပြောသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက္ကသာကျေးရွာ​ဒေသခံ တစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးခြင်းမှာ ၎င်းတို့လက်ချက်မဟုတ်ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု( KRF )က ယနေ့(ဇန်နဝါရီ ၂၇ ရက်)တွင် ထုတ်ပြန်သည်။

သေနတ်ဖြင့် ပစ်ခံရသူသည် ကျိုက္ကသာ ကျေးရွာ တောင်ပိုင်းရပ်ကွက်တွင် နေထိုင်သူ ဦးစိုးသန်း ဖြစ်ပြီး ဇန်နဝါရီ ၂၆ ရက်က သတ်ဖြတ်ခံရခြင်းဖြစ် သည်။

“သူက အရင်တုန်းက ငါးဒိုင်လုပ်ခဲ့တဲ့သူပဲ သိရတယ်။တခြား ဘာတွေနဲ့ ဆက်နွယ်လို့ ပစ်တယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရသေးဘူး”ဟု ကျိုက်ထိုမြို့နေသူတစ်ဦးက လူထုနွေဦးသို့ပြောသည်။

KRF အနေဖြင့် ပြည်သူလူထုအပေါ် တစ်စုံတစ်ရာ ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများအား ပြုလုပ်ခြင်း အလျှင်းမရှိကြောင်းနှင့် KRFမှ ပစ်မှတ်ထားတိုက်ခိုက်ခြင်းများအား ပြည်သူများထံသို့ KRF မှ အတိအလင်း အသိပေးဖော်​ပြမည်ဟုလည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ ၆ ရက်ကလည်း ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာ၊ အခြေခံပညာအထက်တန်း ကျောင်း၌ ပေါက်ကွဲမှုဖြစ်စဥ် ဖြစ်ပွားခဲ့ပြီး ၎င်းတို့လုပ်ဆောင်ချက်မဟုတ်ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အား စု( KRF )က ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များအကြား သွေးကွဲစေရန် (သို့မဟုတ်)PDF များအားအကြမ်းဖက်များအသွင် ပုံဖော်ရန် စာသင် ကျောင်းများအပြင် ဘာသာရေးဆိုင်ရာအဆောက်အအုံများကို ဗုံးဖောက်ခွဲရန် အကြမ်းဖက်စစ်ကောင်စီ၏ လျှို့ဝှက်စာအချို့ ၂၀၂၁ ခုနှစ် နိုဝင်ဘာအတွင်းက ပေါက်ကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။