Connect with us

Hi, what are you looking for?

News

အာဏာသိမ်း စစ်တပ်နဲ့ ဆက်စပ်နိုင်တဲ့ စီးပွားရေး လုပ်ဆောင်မှုတွေအပေါ် အမေရိကန် သတိပေး

အမေရိကန် အစိုးရက မြန်မာနိုင်ငံမှာ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြံပြု ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ရာမှာ လက်ရှိ အခြေအနေတွေအရ အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံမှာ စီးပွားရေးအရ ဝင်ရောက် ရင်းနှီးမြှုပ်နှံဖို့ အရမ်း စွန့်စားရလိမ့်မယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်တပ်နဲ့ ဆက်စပ်တဲ့ စီးပွားရေး လုပ်ဆောင်တာမျိုးတွေကို ရှောင်ဖို့ အမေရိကန်က သတိပေး ပြောကြားလိုက်ပါတယ်။

အမေရိကန် အစိုးရက မြန်မာနိုင်ငံမှာ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြံပြု ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ရာမှာ လက်ရှိ အခြေအနေတွေအရ အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံမှာ စီးပွားရေးအရ ဝင်ရောက် ရင်းနှီးမြှုပ်နှံဖို့ အရမ်း စွန့်စားရလိမ့်မယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာ စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရောက်ရှိနေတဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ ဆက်စပ်မိရင် ဥပဒေကြောင်းအရ တရားမဝင်တဲ့ အခြေအနေမျိုးဖြစ်စေ၊ နာမည်ပျက် စာရင်းသွင်းခံရတာမျိုးဖြစ်စေ၊ ကုန်ကြမ်း မှာယူမှု လမ်းကြောင်းတွေ ကန့်သတ်ခံရတာမျိုးဖြစ်စေ အရေးယူ တုံ့ပြန်မှုတွေ ကြုံလာနိုင်တယ်လို့လည်း အဲဒီ အကြံပြုချက်မှာ ထည့်သွင်း သတိပေးထားပါတယ်။

စစ်တပ်ရဲ့ အာဏာသိမ်းမှုနဲ့ နောက်ဆက်တွဲ ဖိနှိပ် ညှင်းပန်းမှုတွေဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ ဦးတည်မှု လမ်းကြောင်းတွေကို အလုံးစုံ ပြောင်းလဲသွားစေကြောင်း အဲဒီ အကြံပြုချက်မှာ ဖော်ပြထားပါသေးတယ်။ အမေရိကန်ရဲ့ မဟာမိတ် နိုင်ငံကြီး တချို့က ရေနံတူးဖော်ရေး လုပ်ငန်းတွေ မြန်မာကနေ ထွက်ခွာတော့မှာဖြစ်ကြောင်း ကြေညာပြီး မကြာခင်မှာပဲ အခု အကြံပြုချက်ကို ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာစစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရပ်သား ဒီမိုကရေစီ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တာ ၁ နှစ်နီးပါး ကြာမြင့်လာခဲ့ပါပြီ။ အဲဒီနောက်မှာတော့ စစ်တပ်ဟာ နိုင်ငံအနှံ့မှာ တုံ့ပြန် ထကြွလာတဲ့ လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အမေရိကန်ရဲ့ သတိပေးချက်ဟာ မြန်မာနိုင်ငံက အစိုးရပိုင် စီးပွားရေး လုပ်ငန်းကြီးတွေ၊ ကျောက်မျက်ရတနာ၊ သတ္တု၊ အိမ်ခြံမြေ၊ ဆောက်လုပ်ရေးနဲ့ လက်နက် ထုတ်လုပ်မှု အစရှိတဲ့ ကဏ္ဍတွေကို အဓိက ရည်ရွည်ထားတာ ဖြစ်ပါတယ်။ မြန်မာ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း၊ မြန်မာ့ သစ်လုပ်ငန်းတို့လို အဖွဲ့အစည်းကြီးတွေဟာ အာဏာသိမ်း စစ်တပ်ရဲ့ စုစုပေါင်းဝင်ငွေ ထက်ဝက်လောက်ကို အထောက်အပံ့ ရရှိနေစေတယ်လို့ အဲဒီ အကြံပြုချက်မှာ ပါရှိနေပါတယ်။

လတ်တလောမှာတော့ Totalနဲ့ Chevronတို့လို ရေနံ တူးဖော် ထုတ်လုပ်ရေး လုပ်ငန်းစုကြီးတွေဟာ မြန်မာနိုင်ငံမှာ လုပ်ငန်းဆောင်ရွက်မှုတွေ ရပ်ဆိုင်းတော့မယ်လို့ ကြေညာထားပါတယ်။ ဒါ့အပြင် ဩစတြေးလျ စွမ်းအင် ကုမ္ပဏီကြီး Woodsideကလည်း မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေကို ရုပ်သိမ်းပြီး ထွက်ခွာတော့မယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် စစ်သားတွေ ပိုပင်ပန်းတော့မယ် ပိုအလုပ်ရှုပ်တော့မယ်ဆိုတာ ခံစားခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ စစ်သုံ့ပန်းဖြစ်နေတဲ့ ဗိုလ်မှူး အောင်ဖြိုးဝေက ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်