Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ပါလက်စတိုင်းရဲ့ ကုလသမဂ္ဂ အဖွဲ့ဝင်ဖြစ်ရေး အဆိုကို အမေရိကန်က ဗီတိုအာဏာသုံးပြီး ပယ်ချ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

ပါလက်စတိုင်းရဲ့ ကုလသမဂ္ဂ အဖွဲ့ဝင်ဖြစ်ရေး အဆိုကို အမေရိကန်က ဗီတိုအာဏာသုံးပြီး ပယ်ချ
ပါလက်စတိုင်းရဲ့ ကုလသမဂ္ဂ အဖွဲ့ဝင်ဖြစ်ရေး အဆိုကို အမေရိကန်က ဗီတိုအာဏာသုံးပြီး ပယ်ချ

ပါလက်စတိုင်းကို ကုလသမဂ္ဂရဲ့ တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင်အဖြစ် လုံခြုံရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံ အများစုက ထောက်ခံခဲ့ပေမယ့်လည်း အမေရိကန်က ဗီတိုအာဏာသုံးပြီး ပယ်ချသွားခဲ့ပါတယ်။

ကုလသမဂ္ဂ အဖွဲ့ဝင် ဖြစ်ခွင့်ရပြီး တရားဝင် နိုင်ငံတစ်ခုအဖြစ် ရပ်တည်ဖို့ ဆိုတာဟာ ပါလက်စတိုင်းရဲ့ ကာလရှည်ကြာ ရည်မှန်းချက် ဖြစ်ခဲ့ပေမယ့် အစ္စရေးကတော့ တူးတူးခါးခါး ငြင်းပယ်ထားပါတယ်။ ဧပြီ ၁၈ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ မဲခွဲ ဆုံးဖြတ်မှုမှာတော့ အဖွဲ့ဝင် ၁၅ နိုင်ငံထဲမှာ ၁၂ နိုင်ငံက ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးကို ထောက်ခံခဲ့ပြီး ဗြိတိန်နဲ့ ဆွစ်ဇာလန်တို့က ကြားနေခဲ့ကြပါတယ်။

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

ပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် ရပ်တည်နိုင်ရေး နိုင်ငံတကာ ထောက်ခံ အားပေးမှုတွေဟာ သိသိသာသာ မြင့်တက်လာသလို ၇ လကြာမြင့်လာပြီဖြစ်တဲ့ ဂါဇာ စစ်ပွဲကြောင့် သန်းနဲ့ချီတဲ့ ပါလက်စတိုင်း ပြည်သူတွေ လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းတွေ ဆိုးဆိုးရွားရွား ကြုံတွေ့နေခြင်းကလည်း အဲဒီ သဘောထား အမြင်ကို ပိုမို အားဖြည့်ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် ထောက်ခံမှုဟာ ဗီတိုအာဏာ သုံးခွင့်မရှိတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာလည်း အပြတ်အသတ် ထောက်ခံမှု ရရှိထားပြီး ဖြစ်ပါတယ်။ နိုင်ငံပေါင်း ၁၄၀ ဝန်းကျင်လောက်က ပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် အသိအမှတ် ပြုထားပြီး ကုလသမဂ္ဂရဲ့ ၁၉၄ ခုမြောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာစေဖို့ လိုလားနေပါတယ်။

ဒါပေမဲ့လည်း အစ္စရေးရဲ့ အနီးကပ်ဆုံး မဟာမိတ်ဖြစ်တဲ့ အမေရိကန်က လုံခြုံရေးကောင်စီ မဲပေးမှုမှာ ဗီတိုအာဏာသုံးပြီး ပယ်ချဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီသဘောထားဟာ အမေရိကန်က ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ် မပြုလိုဘူးဆိုတဲ့ အဓိပ္ပါယ် မဟုတ်ဘဲ သက်ဆိုင်ရာ အဖွဲ့အစည်း၊ အင်အားစုတွေ အချင်းချင်းသာ ဆွေးနွေးဖို့ ပိုပြီး ဖြစ်သင့်တယ်လို့ ယူဆတာကြောင့်လို့ အမေရိကန်ရဲ့ ကုလသမဂ္ဂဆိုင်ရာ ဒုတိယ သံအမတ်ကြီး ရောဘတ်ဝုဒ်က လုံခြုံရေးကောင်စီကို အသိပေး ပြောကြားခဲ့ပါတယ်။

ပါလက်စတိုင်းရဲ့ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ် ရီယတ်ဒ် မန်ဆာကတော့ ဗီတိုအာဏာကြောင့် အဆိုပြုချက် ပျက်ပြယ်ခဲ့တဲ့တိုင် ပါလက်စတိုင်းဟာ အားထုတ်မှုတွေကို လက်လျှော့လိုက်မှာ မဟုတ်ကြောင်း၊ နိုင်ငံတစ်ခုအဖြစ် ပါလက်စတိုင်းက အခိုင်အမာ ရပ်တည်နိုင်ရေးဟာ ကျိန်းသေပေါက် အထမြောက်လာမှာဖြစ်ကြောင်း၊ တခြားသူတွေက ဒီကိစ္စ အလှမ်းဝေးနေတုန်းလို့ ယူဆနိုင်ပေမယ့် ပါလက်စတိုင်းရဲ့ အမြင်မှာတော့ ပန်းတိုင်က နီးကပ်လာပြီဖြစ်ကြောင်း ဆိုပါတယ်။

ပါလက်စတိုင်း သမ္မတ မာမွတ် အဘက်စ်က ၂၀၁၁ ခုနှစ်မှာ ပါလက်စတိုင်းကို ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံဖြစ်ခွင့်အတွက် ပထမဆုံးအကြိမ် လျှောက်ထားခဲ့ဖူးပေမယ့် အဲဒီတုန်းကတော့ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံထဲမှာ အနည်းဆုံး ၉ နိုင်ငံက ထောက်ခံတဲ့ အဆိုမျိုး ဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ကို မပြည့်မီခဲ့တာကြောင့် မအောင်မြင်ခဲ့ကြောင်း သိရပါတယ်။

ကိုးကား: AP⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ဟာ အစ္စရေးအတွက် စစ်ရေးအရ အဓိက ကျောထောက်နောက်ခံ ပေးထားတဲ့ စူပါပါဝါ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၄ ဘီလီယံဖိုးလောက် လက်နက်နဲ့ စစ်အသုံးအဆောင်တွေ ပေးပို့နေခဲ့ပါတယ်။

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။