Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေး တပ်ရင်းတပ်ဖွဲ့ ၅ ခုက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ အမေရိကန်ပြော

အမေရိကန်ဟာ အစ္စရေးအတွက် စစ်ရေးအရ အဓိက ကျောထောက်နောက်ခံ ပေးထားတဲ့ စူပါပါဝါ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၄ ဘီလီယံဖိုးလောက် လက်နက်နဲ့ စစ်အသုံးအဆောင်တွေ ပေးပို့နေခဲ့ပါတယ်။

အစ္စရေး တပ်ရင်းတပ်ဖွဲ့ ၅ ခုက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ အမေရိကန်ပြော
အစ္စရေး တပ်ရင်းတပ်ဖွဲ့ ၅ ခုက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ အမေရိကန်ပြော

အစ္စရေး စစ်တပ် လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့ ၅ ခုဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တာကို စစ်ဆေး တွေ့ရှိထားကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဒါပေမဲ့ အဲဒီ အစ္စရေး တပ်ဖွဲ့တွေဟာ အမေရိကန်ရဲ့ စစ်ရေးအရ ထောက်ပံ့ပေးမှုတွေကနေ ဖယ်ရှားခံရမှာတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။ ကျူးလွန်ခဲ့တဲ့ ကိစ္စအားလုံးဟာ လက်ရှိ ဖြစ်ပွားနေတဲ့ ဂါဇာ စစ်ပွဲ မတိုင်ခင် တခြား နယ်မြေတွေမှာလို့ အမေရိကန်က ပြောပါတယ်။

အစ္စရေး စစ်တပ်ဟာ အခုကိစ္စနဲ့ ပတ်သက်လို့ တပ်ရင်းတပ်ဖွဲ့ ၄ ခုကို မှန်မှန်ကန်ကန် အပြစ်ပေး အရေးယူခဲ့ပြီး ပဉ္စမမြောက် စစ်တပ်ယူနစ်နဲ့ ပတ်သက်တဲ့ အပိုဆောင်း သတင်းအချက်အလက်တွေ ပေးပို့ထားခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုပါတယ်။

အမေရိကန်ဟာ အစ္စရေးအတွက် စစ်ရေးအရ အဓိက ကျောထောက်နောက်ခံ ပေးထားတဲ့ စူပါပါဝါ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၄ ဘီလီယံဖိုးလောက် လက်နက်နဲ့ စစ်အသုံးအဆောင်တွေ ပေးပို့နေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေး စစ်တပ်ထဲမှာ လူ့အခွင့်အရေး ချိုးဖောက်တဲ့ လုပ်ရပ်တွေ ကျူးလွန်နေကြောင်း အမေရိကန် အစိုးရက တိတိကျကျ ဖော်ထုတ် ကြေညာတာမျိုးဟာ အခုတစ်ကြိမ် ပထမဆုံး ဖြစ်ပါတယ်။ အစ္စရေး စစ်တပ်ရဲ့ တပ်ရင်းတပ်ဖွဲ့ ၅ ခုထဲက လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်ခဲ့တာလို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဗီဒန့် ပက်တဲလ်က ပြောပါတယ်။

အသေးစိတ် အကြောင်းအရာတွေကို မထုတ်ပြန်ပေမယ့် ဖြစ်စဉ် အားလုံးဟာ အစ္စရေး ထိန်းချုပ်ထားရာ အနောက်ဖက် ကမ်းခြေဒေသနဲ့ ဂျေရုဆလင်တို့မှာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်းက ပေါ်ပေါက်ခဲ့တာလို့ ယုံကြည်ရပါတယ်။

အမေရိကန်ဟာ အစ္စရေးရဲ့ အော့သိုဒေါ့စ် ဂျူး လက်ယာစွန်းတွေ စုစည်းထားတဲ့ နက်ဇာယီဟူဒါ အထူးတပ်ဖွဲ့ကိုလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် စစ်ရေး အထောက်အပံ့တွေ ရပ်စဲဖို့ စဉ်းစားနေကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

ဒါပေမဲ့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကတော့ နိုင်ငံရဲ့ စစ်တပ်အပေါ် ဖိအားပေး အရေးယူတဲ့ ဘယ်လို အခြေအနေကိုမှ လက်ခံမှာ မဟုတ်သလို အဲဒီကိစ္စမျိုးတွေ ကြုံလာရင်လည်း အစွမ်းရှိသမျှ တွန်းလှန်သွားမယ်လို့ ပြောကြားထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်