Connect with us

Hi, what are you looking for?

News

အသံတိတ်သပိတ်နေ့ မှာ မန္တလေးစည်ပင်က နေ့လယ်ပိုင်း စက်ဘီးပြိုင်ပွဲလုပ်မယ်လို့ဆို

မန္တလေးမြို့ခံတစ်ဦးကတော့ အသံတိတ်သပိတ်နေ့မှာ လမ်းမပေါ် လူစည်ကားအောင် တမင်ကျင်းပတာလို့ ပြောပါတယ်။

အသံတိတ်သပိတ်နေ့မှာ လမ်းမပေါ် လူစည်ကားအောင် မန္တလေး ကျုံးဘေးမှာ မြို့တော်ဝန်ဖလား စက်ဘီးစီးပြိုင်ပွဲလုပ်မယ်လို့ မန္တလေးစည်ပင်က ကြေညာထားပါတယ်။

ပုံမှန်အားဖြင့် စက်ဘီးပြိုင်ပွဲကို မနက်ပိုင်းအချိန်တွေမှာသာကျင်းပလေ့ရှိပေမယ့် စစ်ကောင်စီရဲ့ မန္တလေးစည်ပင်က ပြိုင်ပွဲကို နေ့ခင်းဘက် ၂ နာရီခွဲမှာကျင်းပမှာဖြစ်ပါတယ်။

ဒါအပြင် အဲဒီစက်ဘီးပြိုင်ပွဲမှာ ရိုးရိုးစက်ဘီးနဲ့လည်းပြိုင်နိုင်ပြီး ပြိုင်ပွဲမစမီ နာရီဝက်အလိုထိ စာရင်းသွင်းလို့ရတယ်လို့လည်းကြေညာထားပါသေးတယ်။

မန္တလေးမြို့ခံတစ်ဦးကတော့ အသံတိတ်သပိတ်နေ့မှာ လမ်းမပေါ် လူစည်ကားအောင် တမင်ကျင်းပတာလို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

မန္တလေးမြို့မှာ အသံတိတ်သပိတ်ပျက်အောင် စစ်ကောင်စီဟာ နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်နေသလို သပိတ်နေ့မှာ ဆိုင်ပိတ်ထားတာမျိုးရှိရင်လည်းအရေးယူမယ်လို့ခြိမ်းခြောက်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆိုးရွားနေတဲ့ မန္တလေးမြို့မှာ စိုင်းစိုင်းခမ်းလှိုင်ရှိုးပွဲ ပြုလုပ်ဖို့ စီစဥ်နေပြီး ရှိုးပွဲကို မြို့အစွန်ရွှေ့လိုက်တာကြောင့် လက်မှတ်ဝယ်ထားတဲ့ ပရိသတ်အချို့မသွားရဲတော့ဘဲ လက်မှတ်တွေစျေးလျှော့ပြီး ပြန်ရောင်းနေရကြောင်း မြို့ခံအချို့က ပြောပါတယ်။

သတင်း

မန္တလေးမြို့ ၊မဟာအောင်မြေမြို့နယ်ထဲကနေအိမ်တစ်လုံးကို မနေ့ ( စက်တင်ဘာလ ၂ရက်) က အာဏာသိမ်းစစ်တပ်က ဝင်ရောက်စီးနင်းပြီး တရုတ်နိုင်ငံသားတွေအပါအဝင် လူ ၁၀ ဦးခန့်ကို ဖမ်းဆီးသွားတယ်လ်ို့ မြို့ခံတွေဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သံလျှက်မော်တောင်ရပ်ကွက်ရှိရွှေတချောင်းမြောင်းမှာဦးခေါင်းဒဏ်ရာတွေရပြီးသေဆုံးနေတဲ့အမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းကိုမနေ့ ( စက်တင်ဘာလ ၁ ရက် ) မနက်ပိုင်းက တွေ့ရှိခဲ့တယ်လို့လူမူကူညီရေး လုပ်ကိုင်သူတချို့ဆီက သိရပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်တပ်လက်အောက်ခံ ပျူစောထီး(ပြည်သူ့စစ်)တွေဟာ လက်နက်ကိုင် သောင်းကျန်းနေကြောင်း ၎င်းတို့ကို မွေးထုတ်ပေးနေတဲ့ သင်္ဃန်းဝတ်ပေါက်ကိုယ်​တော်ကိုယ်တိုင် ဝန်​ခံလိုက်ပါတယ်။