Connect with us

Hi, what are you looking for?

LuduNwayOo

News

လက်ရှိ စစ်ရေး၊ နိုင်ငံရေးအပေါ် KNU ရပ်တည်ချက်ခိုင်မာပြတ်သားဟု မဟာမိတ်သုံးဖွဲ့ ​ပြော

ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်ကြသော ကိုးကန့် ၊ တအာင်း၊ ရခိုင်အဖွဲ့များသည် တူညီသောစစ်ရေး နိုင်ငံရေး ရည်မှန်းချက်များဖြင့် မိမိတို့လူမျိုးများ၏ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်င်ခွင့်ရှရိရေးတို့အတွက် ဘုံရန်သူအား တော်လှန်တိုက်ပွဲဝင်နေကြသည်ဟု ဆိုသည်။

▪️ရည်မှန်းချက်နှင့် ဘုံရန်သူတူ၍ အခြေအနေ၏ စစ်ရေးနိုင်ငံရေးလိုအပ်ချက်အရ ဟန်ချက်ညီစုပေါင်းလုပ်ရမည်ဟုဆို

လက်ရှိ နိုင်ငံရေးအပေါ် ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA)၏ ရပ်တည်ချက်များမှာ ခိုင်မာပြတ်သားသော လုပ်ရပ်များဖြစ်သည်ဟု ရှုမြင်သုံးသပ်မိကြောင်း ကိုးကန့်(MNDAA)၊ တအာင်း(TNLA)နှင့် ရခိုင်(AA) လက်နက်ကိုင်သုံးဖွဲ့က ယနေ့ ကျရောက်သည့် (၇၃) နှစ် မြောက် ကရင်တော်လှန်ရေးနေ့ အခမ်းအနားသို့ သဝဏ်လွှာပေးပို့သည်။

၁၉၄၉ ဇန်နဝါရီ ၃၁ရက်မှစတင်ပြီး မတရားအုပ်ချုပ်သည်သူ ဗမာအစိုးရအား ကရင်လူမျိုးများမှ ဗမာအစိုးရ အဆက်ဆက်အား လက်နက်စွဲကိုက်ပြီး တော်လှန်တိုက်ပွဲဝင်လာကြောင်း၊ မြန်မာ နိုင်ငံ၏ တော်လှန်ရေးသမိုင်းထဲတွင် ကရင့်အာဇာနည်ခေါင်းဆောင် စောဘဦးကြီး၏ မူ ၄ချက်နှင့်အတူ ကရင်လူမျိုးများ၏ မတရားမှုအတွက် ဦးမညွှတ်တက်သော စိတ်ဓာတ်၊ ကရင်ခေါင်းဆောင်ကြီးများ၏ ဘ၀တူညီနောင် တိုင်းရင်းသား လူမျိုးများနှင့် တသားတည်းရပ်တည်ချက်များ ၊ ရိုးသားပွင့်လင်းမှုများ၊ အမျိုးသားလွတ်မြောက်ရေးအတွက် တပ်ပေါင်းစုဖြင့် စုပေါင်းတိုက်ပွဲဝင်ခဲ့ကြပုံများက ၂၀၂၁ ဖေဖော်ဝါရီ ၁ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း၌ ပို၍ သိသာထင်ရှားစေသည်ဟု မဟာမိတ်သုံးဖွဲ့၏ သဝဏ်လွှာ၌ ဖော်ပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်ကြသော ကိုးကန့် ၊ တအာင်း၊ ရခိုင်အဖွဲ့များသည် တူညီသောစစ်ရေး နိုင်ငံရေး ရည်မှန်းချက်များဖြင့် မိမိတို့လူမျိုးများ၏ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်င်ခွင့်ရှရိရေးတို့အတွက် ဘုံရန်သူအား တော်လှန်တိုက်ပွဲဝင်နေကြသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုသို့ တိုက်ပွဲဝင်နေကြသည့်အလျောက် ဘုံရန်သူတူညီပြီး စစ်ရေး၊နိုင်ငံရေး ရည်မှန်းချက်တူညီသော အခြားသော မိတ်ဖက် ညီအကို အဖွဲ့အစည်းများနှင့် လက်တွဲပြီး မိမိကိုယ် မိမိခုခံကာကွယ်သော အနေဖြင့် အခြေ အနေ၏ စစ်ရေး၊ နိုင်ငံရေးလိုအပ်ချက်အရ အဟန်ချက်ညီ စုပေါင်းလုပ်ဆောင်သွားကြရမည်ဖြစ်သည်ကို အလေးအနက် ယုံကြည်သည်ဟုလည်း သဝဏ်လွှာ၌ ပါရှိသည်။

ထို့အပြင် ဗမာလူမျိုးအများစုကြီးစိုးခြယ်လှယ်ထားသော အာဏာသိမ်းစစ်ကောင်စီကို မြန်မာပြည်အနှံ့ အပြားရှိ ဗမာလူမျိုးများကိုယ်တိုင် ခုခံတွန်းလှန်သောစစ်ဖြင့်အပြီးသတ် တိုက်ထုတ်ချေမှုန်းရန် ကြိုးပမ်းအား ထုတ်နေသည်များကို တွေ့ရှိလာရသည်မှာ စစ်အာဏာ ရှင် စနစ်သက်ဆိုးရှည်မှုကို ဖော်ပြရာရောက်ပြီး တစ်နိုင်ငံလုံးမှ မလိုလားမှုကို ပြသရာလည်းရောက်နေကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းညီနောင်အဖွဲ့များအနေဖြင့်စစ်ဆင်ရေးဖော်ဆောင်ရာ၌ CNF/CNA နှင့်အတူ ပူးပေါင်းပါဝင်စေချင်သည်ဟုလည်း ဆလိုင်းထက်နီက ပြောကြားသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။