Connect with us

Hi, what are you looking for?

News

လက်ရှိ စစ်ရေး၊ နိုင်ငံရေးအပေါ် KNU ရပ်တည်ချက်ခိုင်မာပြတ်သားဟု မဟာမိတ်သုံးဖွဲ့ ​ပြော

ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်ကြသော ကိုးကန့် ၊ တအာင်း၊ ရခိုင်အဖွဲ့များသည် တူညီသောစစ်ရေး နိုင်ငံရေး ရည်မှန်းချက်များဖြင့် မိမိတို့လူမျိုးများ၏ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်င်ခွင့်ရှရိရေးတို့အတွက် ဘုံရန်သူအား တော်လှန်တိုက်ပွဲဝင်နေကြသည်ဟု ဆိုသည်။

▪️ရည်မှန်းချက်နှင့် ဘုံရန်သူတူ၍ အခြေအနေ၏ စစ်ရေးနိုင်ငံရေးလိုအပ်ချက်အရ ဟန်ချက်ညီစုပေါင်းလုပ်ရမည်ဟုဆို

လက်ရှိ နိုင်ငံရေးအပေါ် ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA)၏ ရပ်တည်ချက်များမှာ ခိုင်မာပြတ်သားသော လုပ်ရပ်များဖြစ်သည်ဟု ရှုမြင်သုံးသပ်မိကြောင်း ကိုးကန့်(MNDAA)၊ တအာင်း(TNLA)နှင့် ရခိုင်(AA) လက်နက်ကိုင်သုံးဖွဲ့က ယနေ့ ကျရောက်သည့် (၇၃) နှစ် မြောက် ကရင်တော်လှန်ရေးနေ့ အခမ်းအနားသို့ သဝဏ်လွှာပေးပို့သည်။

၁၉၄၉ ဇန်နဝါရီ ၃၁ရက်မှစတင်ပြီး မတရားအုပ်ချုပ်သည်သူ ဗမာအစိုးရအား ကရင်လူမျိုးများမှ ဗမာအစိုးရ အဆက်ဆက်အား လက်နက်စွဲကိုက်ပြီး တော်လှန်တိုက်ပွဲဝင်လာကြောင်း၊ မြန်မာ နိုင်ငံ၏ တော်လှန်ရေးသမိုင်းထဲတွင် ကရင့်အာဇာနည်ခေါင်းဆောင် စောဘဦးကြီး၏ မူ ၄ချက်နှင့်အတူ ကရင်လူမျိုးများ၏ မတရားမှုအတွက် ဦးမညွှတ်တက်သော စိတ်ဓာတ်၊ ကရင်ခေါင်းဆောင်ကြီးများ၏ ဘ၀တူညီနောင် တိုင်းရင်းသား လူမျိုးများနှင့် တသားတည်းရပ်တည်ချက်များ ၊ ရိုးသားပွင့်လင်းမှုများ၊ အမျိုးသားလွတ်မြောက်ရေးအတွက် တပ်ပေါင်းစုဖြင့် စုပေါင်းတိုက်ပွဲဝင်ခဲ့ကြပုံများက ၂၀၂၁ ဖေဖော်ဝါရီ ၁ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း၌ ပို၍ သိသာထင်ရှားစေသည်ဟု မဟာမိတ်သုံးဖွဲ့၏ သဝဏ်လွှာ၌ ဖော်ပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်ကြသော ကိုးကန့် ၊ တအာင်း၊ ရခိုင်အဖွဲ့များသည် တူညီသောစစ်ရေး နိုင်ငံရေး ရည်မှန်းချက်များဖြင့် မိမိတို့လူမျိုးများ၏ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်င်ခွင့်ရှရိရေးတို့အတွက် ဘုံရန်သူအား တော်လှန်တိုက်ပွဲဝင်နေကြသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုသို့ တိုက်ပွဲဝင်နေကြသည့်အလျောက် ဘုံရန်သူတူညီပြီး စစ်ရေး၊နိုင်ငံရေး ရည်မှန်းချက်တူညီသော အခြားသော မိတ်ဖက် ညီအကို အဖွဲ့အစည်းများနှင့် လက်တွဲပြီး မိမိကိုယ် မိမိခုခံကာကွယ်သော အနေဖြင့် အခြေ အနေ၏ စစ်ရေး၊ နိုင်ငံရေးလိုအပ်ချက်အရ အဟန်ချက်ညီ စုပေါင်းလုပ်ဆောင်သွားကြရမည်ဖြစ်သည်ကို အလေးအနက် ယုံကြည်သည်ဟုလည်း သဝဏ်လွှာ၌ ပါရှိသည်။

ထို့အပြင် ဗမာလူမျိုးအများစုကြီးစိုးခြယ်လှယ်ထားသော အာဏာသိမ်းစစ်ကောင်စီကို မြန်မာပြည်အနှံ့ အပြားရှိ ဗမာလူမျိုးများကိုယ်တိုင် ခုခံတွန်းလှန်သောစစ်ဖြင့်အပြီးသတ် တိုက်ထုတ်ချေမှုန်းရန် ကြိုးပမ်းအား ထုတ်နေသည်များကို တွေ့ရှိလာရသည်မှာ စစ်အာဏာ ရှင် စနစ်သက်ဆိုးရှည်မှုကို ဖော်ပြရာရောက်ပြီး တစ်နိုင်ငံလုံးမှ မလိုလားမှုကို ပြသရာလည်းရောက်နေကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။