Connect with us

Hi, what are you looking for?

News

မန်စီမြို့နယ်တွင် KIAနှင့် စစ်ကောင်စီတပ် ဆက်လက် တိုက်ပွဲဖြစ်

KIA တပ်မဟာ(၃)၊ တပ်ရင်း (၂၇) နယ်မြေအတွင်း စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်နှင့် ဇန်နဝါရီ ၃၀ရက် ညနေပိုင်းတွင် ၁နာရီကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။

ကချင်ပြည်နယ် မံစီမြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာနက ယနေ့ ဖော်ပြသည်။

KIA တပ်မဟာ(၃)၊ တပ်ရင်း (၂၇) နယ်မြေအတွင်း စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်နှင့် ဇန်နဝါရီ ၃၀ရက် ညနေပိုင်းတွင် ၁နာရီကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။

Public Service Announcement

စစ်အင်းအား ၁၀၀ခန့်ပါရှိသည့် စစ်ကောင်စီတပ်က ကိုင်ထိပ်(Kai htik)မှ ဇော်ဘုန်ထိန်နူ တစ်လျှောက် စစ်ရေးလှုပ်ရှားလာချိန် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ကို မိုင်းဖြင့်လည်း တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။ အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်များအတွင်း နှစ်ဖက်ထိခိုက် ကျဆုံးမှုရှိမရှိကို ဖော်ပြမထားပေ။

KIAနှင့် စစ်ကောင်စီတပ်တို့သည် ဇန်နဝါရီ၂၅ ရက်ကလည်း မန်စီမြို့နယ်အတွင်း တိုက်ပွဲဖြစ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် တမုတ်ချုံကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ် နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်း(၂)က ဒီကနေ့ မတ်လ ၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်​ကောင်စီလက်​အောက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်ဒုတိယရဲဗိုလ်ချုပ်ကြီးဝင်းဇော်မိုးဟာ အွန်လိုင်း​ငွေလိမ်လုပ်ငန်း(ကျားဖြန့်)ကိစ္စမှာ အဓိကတရားခံအဖြစ် တရုတ်အစိုးရကနေ ဖမ်းခိုင်းတဲ့အတွက် စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ နေပြည်တော်သတင်းရင်းမြစ်အချို့က‌ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ မတ်လ ၃ရက် နေ့လည်ပိုင်းကစပြီး တိုက်ပွဲဖြစ်နေသလို ဒီကနေ့ မတ်လ ၄ရက် မနက်ပိုင်းမှာ စစ်တပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

စစ်ကောင်စီက မတရားဖမ်းဆီးခဲ့တဲ့ နိုင်ငံရေးအကျဥ်းသား ခုနစ်ထောင်ကျော်လွှတ်မယ်လို့ဆိုပေမဲ့ ဒီကနေ့ မတ်လ၃ရက် နေ့လယ်ပိုင်းအထိ သုံးထောင်ကျော်သာ လွတ်မြောက်လာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။