Connect with us

Hi, what are you looking for?

News

စစ်အာဏာသိမ်းမှုကို ဝမ်းနည်းရှုတ်ချကြောင်း အမည်းရောင်ပြောင်းလဲကာ အမေရိကန်နှင့် အီးယူသံရုံးတို့ သဘောထားပြသ

အမေရိကန်နှင့် ဥရောပသမဂ္ဂတို့သည် စစ်အာဏာသိမ်းမှုကို အပြင်းအထန်ကန့်ကွက်ရှုတ်ချထားပြီး လက်ရှိအချိန်အထိ အာဏာသိမ်းအကြမ်းဖက်စစ်တပ်ကို တရားဝင်မှုမပေးဘဲ အသိအမှတ်လည်းမပြုပေ။

▪️စစ်အာဏာရှင်များကို အမေရိကန်ထပ်မံဒဏ်ခတ်အရေးယူထားပြီး အီးယူကလည်း အရေးယူရန် အသင့်ရှိနေ

မြန်မာနိုင်ငံ၌ တရားမဝင်စစ်အာဏာသိမ်းမှု (၁) နှစ်ပြည့်ချိန်တွင် အမေရိကန်သံရုံး၏ Profile နှင့် ဥရောပသမဂ္ဂသံရုံး၏ Cover တွင် ဝမ်းနည်းရှုတ်ချခြင်းသဘောဖြင့် အမည်းရောင် ပြောင်းလဲလိုက်သည်။

အမေရိကန်နှင့် ဥရောပသမဂ္ဂတို့သည် စစ်အာဏာသိမ်းမှုကို အပြင်းအထန်ကန့်ကွက်ရှုတ်ချထားပြီး လက်ရှိအချိန်အထိ အာဏာသိမ်းအကြမ်းဖက်စစ်တပ်ကို တရားဝင်မှုမပေးဘဲ အသိအမှတ်လည်းမပြုပေ။

“အာဏာသိမ်းဖြစ်စဉ်အတွက် တာဝန်ရှိသောခေါင်းဆောင်များနှင့်တကွ အကြမ်းဖက်မှုများ၊ လူအခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်ခဲ့သူများ အပြည့်အဝတာဝန်ခံမှုပြုရန် ဥရောပသမဂ္ဂက တောင်းဆိုလိုက်သည်။ အာဏာသိမ်းပြီးနောက် အတင်းအဓမ္မ မတရားဖမ်းဆီးထိန်းသိမ်းထားသည့် အကျဉ်းသားအားလုံးကို ချွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန်နှင့် ရွေးကောက်ခံခေါင်းဆောင်များထံ ဒီမိုကရေစီနည်းကျကျ အာဏာပြန်လည်အပ်နှံရန် ဥရောပသမဂ္ဂက အခိုင်အမာရပ် တည်တောင်းဆိုခဲ့ကြောင်းလည်း ထပ်မံ၍ အသိပေးတောင်းဆိုလိုက်သည်”ဟု အီးယူကိုယ်စား အဆင့်မြင့်ကိုယ်စားလှယ်က ယမန်နေ့(ဇန်နဝါရီ ၃၁ ရက်)တွင် ထုတ်ပြန်ကြေညာသည်။

Public Service Announcement

Public Service Announcement

စစ်တပ်က အာဏာသိမ်းသည့်လုပ်ရပ်သည် နိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ရပ်တန့်စေခဲ့သကဲ့သို့ နိုင်ငံတွင်း၌လည်း ဆိုးရွားလှစွာသော လူသားချင်းစာနာထောက်ထားမှု၊ လူမှုရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ နောက်ဆက်တွဲ ထိခိုက်နစ်နာမှုများကို ပေါ်ပေါက်စေခဲ့ကြောင်း အီးယူအကြီးအကဲက ပြောသည်။

ထိုသို့အာဏာသိမ်းစဉ်မှစ၍ ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံပြည်သူများနှင့်အတူ ပြတ်ပြတ်သားသား ရပ်တည်ခဲ့ပြီးဖြစ်သကဲ့သို့ ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် ထက်ထက်သန်သန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုသည်။

မြန်မာနိုင်ငံအတွင်းရှိ အခြေအနေများ လျင်မြန်စွာ ကောင်းမွန်တိုးတက်မှု မရှိလာပါက မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေး အဟန့်အတားဖြစ်စေမှုနှင့် ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ရှိသူများ အားလုံးကို ပိုမိုတင်းကျပ်သော အရေးယူမှုနည်းလမ်းများဖြင့် ကျင့်သုံးအရေးယူရန် ဥရောပသမဂ္ဂက အသင့်အနေအထားပြင်ဆင်ပြီး ဖြစ်ကြောင်း သတိပေး ကြေညာသည်။

အမေရိကန်ကလည်း အာဏာသိမ်း (၁)နှစ်ပြည့်ချိန်တွင် စစ်အာဏာရှင်များ၊ ၎င်းတို့ကို ထောက်ခံသူစီးပွားရေးသမားများ၊ လုပ်ငန်းများကို ဒဏ်ခတ်အရေးယူမှုအသစ်များ ချမှတ်ကြောင်း ဇန်နဝါရီ ၃၁ ရက်တွင် ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ F-16 တိုက်လေယာဉ် တစ်စီးဟာ လူနေအိမ်တွေကြား မြက်ခင်းပေါ် ပျက်ကျပြီး အပြင်းအထန် မီးလောင်ကျွမ်း ပျက်စီးသွားခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ စစ်ဖြစ်နေပေမယ့်လည်း ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ဖို့အတွက် အီရန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ကို အမေရိကန်က ပြည်ဝင်ခွင့် ပြုသွားမယ်လို့ သိရပါတယ်။