Connect with us

Hi, what are you looking for?

LuduNwayOo

News

“မြင့်မြတ်တဲ့ နိုင်ငံသားတိုင်းဟာ အာဏာရှင်ကို မလိုလားဘူး” စာသားပါ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို ASEAN Heritage & History ဖော်ပြ

၁၉၉၀က နေအိမ်အကျယ်ချုပ်ကျနေစဉ်က ရိုက်ကူးထားသော သမိုင်းဝင်ဓာတ်ပုံဖြစ်စဉ်ဟု ဖော်ပြပြီး ဓာတ်ပုံပေါ်တွင် မောင်လှမျိုး(ချင်း​ချောင်းခြံ)ရေးသားသည့် “မြင့်မြတ်တဲ့ နိုင်ငံသားတိုင်းဟာ အာဏာရှင်ကို မလိုလားဘူး” စာသားလည်း ပါဝင်သည်။

မြန်မာစစ်တပ် အာဏာသိမ်းမှု (၁)နှစ်ပြည့်သည့်နေ့တွင် အာဆီယံသမိုင်းအမွေအနှစ်(ASEAN Heritage & History)က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကို လွှင့်တင်ဖော်ပြသည်။

၁၉၉၀က နေအိမ်အကျယ်ချုပ်ကျနေစဉ်က ရိုက်ကူးထားသော သမိုင်းဝင်ဓာတ်ပုံဖြစ်စဉ်ဟု ဖော်ပြပြီး ဓာတ်ပုံပေါ်တွင် မောင်လှမျိုး(ချင်း​ချောင်းခြံ)ရေးသားသည့် “မြင့်မြတ်တဲ့ နိုင်ငံသားတိုင်းဟာ အာဏာရှင်ကို မလိုလားဘူး” စာသားလည်း ပါဝင်သည်။

ASEAN Heritage & History ဖေ့စ်ဘွတ်ခ်စာမျက်နှာသည် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ကို ဆက်လက် အသိအမှတ်ပြုပြီး အဆိုပါ ပြည်သူရွေးကောက်ခံအရပ်သားခေါင်းဆောင်များ၏ ဓာတ်ပုံများကို မကြာခဏဖော်ပြလေ့ရှိသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းရေးအတွက် မြန်မာပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ ခိုင်ကျည်သောစိတ်ဓာတ်ဖြင့် မဆုတ်မနစ်ဆက်လက်တိုက်ပွဲဝင်ရန် လေးလေးနက်နက်ကတိကဝတ်ပြုလိုက်ကြောင်း ဖော်ပြသည်။

သတင်း

ယနေ့ (အောက်တိုဘာ ၅ရက်)တွင် လကျရောက်သည့် (၂၉)နှစ်မြောက် ကမ္ဘာ့ဆရာများနေ့ကိုမြန်မာနိုင်ငံတွင် CDM ဆရာ၊ ဆရာများအနေဖြင့် စစ်အာဏာရှင်စနစ်ဆိုးကို ခုခံတော်လှန်ရင်း ဖြတ်ကျော်နေကြရကြောင်း ဖော်ပြသည်။

ဆောင်းပါး

အသက် ၅၅ နှစ်အရွယ် ​တောင်သာမြို့နယ်ဇာတိ၊ ဒေါက်တာသက်အောင်သည် မန္တလေးအထွေထွေရောဂါကုဆေးရုံအုပ်ကြီးဖြစ်သည်။ Non CDM တစ်ဦးဖြစ်ပြီး စက်တင်ဘာလ ၈ရက်တွင် ရုတ်တရက်ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။