Connect with us

Hi, what are you looking for?

News

ထန်တလန်တွင် နေအိမ် ၉၀ကျော်ထပ်မံမီးရှို့ခံရ၍ ​လေးလ​ကျော်အတွင်း အိမ်ခြေ ၉၀၀ကျော်မီးလောင်ဆုံးရှုံး

ထန်တလန်တွင် ၂၀၂၁ စက်တင်ဘာလဆန်းပိုင်းမှစ၍ စစ်ကောင်စီတပ်များက မီးရှို့၍ အိမ်ခြေများ မီးလောင်ခဲ့ရာ ဒီဇင်ဘာလကုန်အထိ ၁၈ကြိမ်ထက်မနည်း မီးရှို့ခံရပြီး ဘာသာရေးဆိုင်ရာအဆောက်အအုံ ၃၀ ခန့်အပါအဝင် အိမ်ခြေ ၆၉၀မီးလောင်ခဲ့သည်ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများက ထန်တလန်မြို့ပေါ်ရှိနေအိမ်များကို ထပ်မံမီးရှို့ ဖျက်ဆီးလိုက်၍ ဇန်နဝါရီလကုန်ပိုင်းနှင့် ဖေဖော်ဝါရီ ၁ရက်အတွင်း အိမ်ခြေ ၉၀ကျော် မီးလောင်ပျက်စီးခဲ့သည်ဟု ထန်တလန် စစ်ရှောင်များနေရာချထားရေးကော်မတီ (TPAC-IDPs)က ထုတ်ပြန်သည်။

ထန်တလန်တွင် ၂၀၂၁ စက်တင်ဘာလဆန်းပိုင်းမှစ၍ စစ်ကောင်စီတပ်များက မီးရှို့၍ အိမ်ခြေများ မီးလောင်ခဲ့ရာ ဒီဇင်ဘာလကုန်အထိ ၁၈ကြိမ်ထက်မနည်း မီးရှို့ခံရပြီး ဘာသာရေးဆိုင်ရာအဆောက်အအုံ ၃၀ ခန့်အပါအဝင် အိမ်ခြေ ၆၉၀မီးလောင်ခဲ့သည်ဟု ဆိုသည်။

ဇန်နဝါရီ ၃ရက်မှ ၅ရက်အထိ နောက်ထပ် အိမ်ခြေ၁၅၁ လုံး မီးရှို့ခံခဲ့ရပြီး ဇန်နဝါရီ ၃၀၊ ၃၁ရက်နှင့် ဖေဖော်ဝါရီ ၁ရက်များတွင် စစ်ကောင်စီတပ်သားများက ထန်တလန်မြို့ပေါ် နေအိမ်များကို ထပ်မံမီးရှို့ခဲ့ရာ ခရစ်ယာန်ဘုရားကျောင်း အပါအဝင် အိမ်ခြေ ၉၄လုံး မီးလောင်ပြာကျခဲ့သည်ဟု TPAC-IDPsက ထုတ်ပြန်သည်။

ပြီးခဲ့သည့် ရက်ပိုင်း၌ စစ်ကောင်စီတပ်များက ထပ်မံမြို့ရှိ နေအိမ်များကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့သည်ကို အတည်ပြု၍ရကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ကတော့အရေအတွက် အတိအကျမပြောနိုင်ပေမယ့် နယ်ခံတွေပြောတာက ဖြစ်နိုင်ခြေရှိပါတယ် ၉၀ ကျော်ဆိုတာ။ အားလုံးဆို စက်ဘာကနေစရင်တော့ ၉၀၀ ကျော်ရှိပြီပေါ့”ဟု ၎င်းက ဆိုသည်။

ထန်တလန်မြို့နယ်တွင် ယမန်နေ့က တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ ​လေးဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ လက်ရှိတွင် ချင်းပြည်နယ်၌ ချင်းကာကွယ်ရေးတပ် (CDF)တပ်များရှိမည်ဟု ယူဆသည့် နေရာဒေသများကို စစ်ကောင်စီတပ်မှ တပ်အင်အားများဖြန့်ထားသည်ကို တွေ့ရကြောင်း ဆလိုင်းထက်နီက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။