Connect with us

Hi, what are you looking for?

LuduNwayOo

News

ထန်တလန်တွင် နေအိမ် ၉၀ကျော်ထပ်မံမီးရှို့ခံရ၍ ​လေးလ​ကျော်အတွင်း အိမ်ခြေ ၉၀၀ကျော်မီးလောင်ဆုံးရှုံး

ထန်တလန်တွင် ၂၀၂၁ စက်တင်ဘာလဆန်းပိုင်းမှစ၍ စစ်ကောင်စီတပ်များက မီးရှို့၍ အိမ်ခြေများ မီးလောင်ခဲ့ရာ ဒီဇင်ဘာလကုန်အထိ ၁၈ကြိမ်ထက်မနည်း မီးရှို့ခံရပြီး ဘာသာရေးဆိုင်ရာအဆောက်အအုံ ၃၀ ခန့်အပါအဝင် အိမ်ခြေ ၆၉၀မီးလောင်ခဲ့သည်ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများက ထန်တလန်မြို့ပေါ်ရှိနေအိမ်များကို ထပ်မံမီးရှို့ ဖျက်ဆီးလိုက်၍ ဇန်နဝါရီလကုန်ပိုင်းနှင့် ဖေဖော်ဝါရီ ၁ရက်အတွင်း အိမ်ခြေ ၉၀ကျော် မီးလောင်ပျက်စီးခဲ့သည်ဟု ထန်တလန် စစ်ရှောင်များနေရာချထားရေးကော်မတီ (TPAC-IDPs)က ထုတ်ပြန်သည်။

ထန်တလန်တွင် ၂၀၂၁ စက်တင်ဘာလဆန်းပိုင်းမှစ၍ စစ်ကောင်စီတပ်များက မီးရှို့၍ အိမ်ခြေများ မီးလောင်ခဲ့ရာ ဒီဇင်ဘာလကုန်အထိ ၁၈ကြိမ်ထက်မနည်း မီးရှို့ခံရပြီး ဘာသာရေးဆိုင်ရာအဆောက်အအုံ ၃၀ ခန့်အပါအဝင် အိမ်ခြေ ၆၉၀မီးလောင်ခဲ့သည်ဟု ဆိုသည်။

ဇန်နဝါရီ ၃ရက်မှ ၅ရက်အထိ နောက်ထပ် အိမ်ခြေ၁၅၁ လုံး မီးရှို့ခံခဲ့ရပြီး ဇန်နဝါရီ ၃၀၊ ၃၁ရက်နှင့် ဖေဖော်ဝါရီ ၁ရက်များတွင် စစ်ကောင်စီတပ်သားများက ထန်တလန်မြို့ပေါ် နေအိမ်များကို ထပ်မံမီးရှို့ခဲ့ရာ ခရစ်ယာန်ဘုရားကျောင်း အပါအဝင် အိမ်ခြေ ၉၄လုံး မီးလောင်ပြာကျခဲ့သည်ဟု TPAC-IDPsက ထုတ်ပြန်သည်။

ပြီးခဲ့သည့် ရက်ပိုင်း၌ စစ်ကောင်စီတပ်များက ထပ်မံမြို့ရှိ နေအိမ်များကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့သည်ကို အတည်ပြု၍ရကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ကတော့အရေအတွက် အတိအကျမပြောနိုင်ပေမယ့် နယ်ခံတွေပြောတာက ဖြစ်နိုင်ခြေရှိပါတယ် ၉၀ ကျော်ဆိုတာ။ အားလုံးဆို စက်ဘာကနေစရင်တော့ ၉၀၀ ကျော်ရှိပြီပေါ့”ဟု ၎င်းက ဆိုသည်။

ထန်တလန်မြို့နယ်တွင် ယမန်နေ့က တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ ​လေးဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ လက်ရှိတွင် ချင်းပြည်နယ်၌ ချင်းကာကွယ်ရေးတပ် (CDF)တပ်များရှိမည်ဟု ယူဆသည့် နေရာဒေသများကို စစ်ကောင်စီတပ်မှ တပ်အင်အားများဖြန့်ထားသည်ကို တွေ့ရကြောင်း ဆလိုင်းထက်နီက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းညီနောင်အဖွဲ့များအနေဖြင့်စစ်ဆင်ရေးဖော်ဆောင်ရာ၌ CNF/CNA နှင့်အတူ ပူးပေါင်းပါဝင်စေချင်သည်ဟုလည်း ဆလိုင်းထက်နီက ပြောကြားသည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

သတင်း

ဝန်ကြီးချုပ် ဦးဆောင်သည့် ချင်းပြည်အစိုးရ သည် ဧပြီ ၁၃ရက်မှ ၁၉ရက်အတွင်း ချင်းပြည်နယ်အတွင်းရှိ ဇိုဖေ၊ လောက်တူ၊ ဇိုတုန်နှင့် ဆဲန်ထန်ဒေသများသို့ သွားရောက်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်ဟု ချင်းပြည်အစိုးရက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများကို ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တွင်လည်း အတင်းအကျပ် ဖိအားပေးခိုင်းစေခဲ့သည်ဟု ရိုဟင်ဂျာအရေးဆောင်ရွက်သူများကပြောသည်။