Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​ကောင်စီတပ်ကိုတိုက်ခိုက်၊ ဖြစ်စဥ်ကိုလာ​စစ်​ဆေး​သောယာဥ်တန်းကိုပါထပ်မံတိုက်ခိုက်သဖြင့်အနည်းဆုံး ၄ဦး​သေဆုံးဟု နွားထိုးကြီးPDFထုတ်ပြန်

အကြမ်းဖက်စစ်တပ်ဘက်မှ ​လေးခွဖြင့်ပစ်ခတ်ခံရသည်ဟု ထုတ်ပြန်ထားသော်လည်း မိမိတို့ဘက်မှသေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းနွားထိုးကြီး PDFက အသိပေးသည်။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ ပစ်ခတ်ခံရပြီး လာရောက်စစ်ဆေးသည့် ယာဥ်တန်းပါမိုင်းဆွဲခံရကြောင်း ဒေသခံများက​ပြောသည်။

နွားထိုးကြီးမြို့နယ်၊ လက်ဝဲကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်များသည် ယမန်နေ့ (ဖေဖော်ဝါရီလ ၃ ရက်)ညပိုင်းက ၎င်းတို့ထုတ်ပြန်ထားသော ညမထွက်ရအမိန့်အား လိုက်နာမှုမရှိဘဲ ညအချိန်မတော်မူးရူးရမ်းကားနေသောကြောင့် နွားထိုးကြီး PDFအဖွဲ့ကတာဝန်သိတတ်စွာဖြင့် ပစ်ခတ်သတိပေးခဲ့သော်လည်း မတော်တဆထိမှန်သွားသောကြောင့် အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း နွားထိုးကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်တပ်ဘက်မှ ​လေးခွဖြင့်ပစ်ခတ်ခံရသည်ဟု ထုတ်ပြန်ထားသော်လည်း မိမိတို့ဘက်မှသေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းနွားထိုးကြီး PDFက အသိပေးသည်။

“မနေ့ညက ၈ နာရီခွဲလောက်က သူတို့ပုံမှန်ကင်းပတ်နေကျအချိန်ပဲ။ သူတို့ကရှစ်ယောက်ပါတယ်။ အဲချိန်မှာဝင်ပစ်တာ။ အရှည်နဲ့ပဲဝင်ပစ်တာ။ မိုင်းဆွဲတာမဟုတ်ဘူး။ ခဏနေတော့သူတို့ဘက်က လက်နက်ကြီးတွေနဲ့ပြန်ပစ်လို့ ကျွန်တော်တို့က ပြန်ဆုတ်ခဲ့ရတာ။ ပထမသုံးကောင်ကတော့ သေချာ
ပေါက်သေတယ် နေရာမှာတင်ပုံလဲသွားတာ။ ကျန်တဲ့သူကထွက်ပြေးတာ”ဟုနွားထိုးကြီး PDF အဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယနေ့နံနက် ၇ နာရီ ခွဲခန့်တွင် ယမန်နေ့ညကဖြစ်စဥ်သို့လာရောက်စုံစမ်းသည့်ယာဥ်တန်းအား နွားထိုးကြီးမြို့အနောက်ဘက် ကျောက်လုံးကုန်းကြီးအကွေ့တွင် မိုင်း ၈ လုံးဖြင့်ထပ်မံဆွဲတိုက်ခိုက်ခဲ့ရာထိခိုက်မှုများရှိကြောင်း၊ အသေးစိတ် စုံစမ်းနေပြီး ထပ်မံသတင်းထုတ်ပြန်ပေးမည်ဟု နွားထိုးကြီး PDF အဖွဲ့တာဝန်ရှိသူကပြောသည်။

နွားထိုးကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့သည် ဖေဖော်ဝါရီလ ၂ ရက်နေ့ကလည်း ပြည်သူကို မီတာခကောက်ခံနေသည့်လျှပ်စစ်ရုံးအား သတိပေးဖောက်ခွဲခဲ့သေးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။