Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်ကိုတိုက်ခိုက်၊ ဖြစ်စဥ်ကိုလာ​စစ်​ဆေး​သောယာဥ်တန်းကိုပါထပ်မံတိုက်ခိုက်သဖြင့်အနည်းဆုံး ၄ဦး​သေဆုံးဟု နွားထိုးကြီးPDFထုတ်ပြန်

အကြမ်းဖက်စစ်တပ်ဘက်မှ ​လေးခွဖြင့်ပစ်ခတ်ခံရသည်ဟု ထုတ်ပြန်ထားသော်လည်း မိမိတို့ဘက်မှသေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းနွားထိုးကြီး PDFက အသိပေးသည်။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ ပစ်ခတ်ခံရပြီး လာရောက်စစ်ဆေးသည့် ယာဥ်တန်းပါမိုင်းဆွဲခံရကြောင်း ဒေသခံများက​ပြောသည်။

နွားထိုးကြီးမြို့နယ်၊ လက်ဝဲကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်များသည် ယမန်နေ့ (ဖေဖော်ဝါရီလ ၃ ရက်)ညပိုင်းက ၎င်းတို့ထုတ်ပြန်ထားသော ညမထွက်ရအမိန့်အား လိုက်နာမှုမရှိဘဲ ညအချိန်မတော်မူးရူးရမ်းကားနေသောကြောင့် နွားထိုးကြီး PDFအဖွဲ့ကတာဝန်သိတတ်စွာဖြင့် ပစ်ခတ်သတိပေးခဲ့သော်လည်း မတော်တဆထိမှန်သွားသောကြောင့် အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း နွားထိုးကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်တပ်ဘက်မှ ​လေးခွဖြင့်ပစ်ခတ်ခံရသည်ဟု ထုတ်ပြန်ထားသော်လည်း မိမိတို့ဘက်မှသေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းနွားထိုးကြီး PDFက အသိပေးသည်။

“မနေ့ညက ၈ နာရီခွဲလောက်က သူတို့ပုံမှန်ကင်းပတ်နေကျအချိန်ပဲ။ သူတို့ကရှစ်ယောက်ပါတယ်။ အဲချိန်မှာဝင်ပစ်တာ။ အရှည်နဲ့ပဲဝင်ပစ်တာ။ မိုင်းဆွဲတာမဟုတ်ဘူး။ ခဏနေတော့သူတို့ဘက်က လက်နက်ကြီးတွေနဲ့ပြန်ပစ်လို့ ကျွန်တော်တို့က ပြန်ဆုတ်ခဲ့ရတာ။ ပထမသုံးကောင်ကတော့ သေချာ
ပေါက်သေတယ် နေရာမှာတင်ပုံလဲသွားတာ။ ကျန်တဲ့သူကထွက်ပြေးတာ”ဟုနွားထိုးကြီး PDF အဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယနေ့နံနက် ၇ နာရီ ခွဲခန့်တွင် ယမန်နေ့ညကဖြစ်စဥ်သို့လာရောက်စုံစမ်းသည့်ယာဥ်တန်းအား နွားထိုးကြီးမြို့အနောက်ဘက် ကျောက်လုံးကုန်းကြီးအကွေ့တွင် မိုင်း ၈ လုံးဖြင့်ထပ်မံဆွဲတိုက်ခိုက်ခဲ့ရာထိခိုက်မှုများရှိကြောင်း၊ အသေးစိတ် စုံစမ်းနေပြီး ထပ်မံသတင်းထုတ်ပြန်ပေးမည်ဟု နွားထိုးကြီး PDF အဖွဲ့တာဝန်ရှိသူကပြောသည်။

နွားထိုးကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့သည် ဖေဖော်ဝါရီလ ၂ ရက်နေ့ကလည်း ပြည်သူကို မီတာခကောက်ခံနေသည့်လျှပ်စစ်ရုံးအား သတိပေးဖောက်ခွဲခဲ့သေးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ကျင်ဒွေးတံတားကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျင်ဒွေးတံတား ထိန်းသိမ်းပြုပြင်နေတဲ့ အရပ်သား ၉ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ လမ်းတံတားပြင်ဆင်နေတဲ့ ဆောက်လုပ်ရေးလုပ်သား၉ဦး သေဆုံးပြီး ၂ဦးဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။။