Connect with us

Hi, what are you looking for?

News

နယ်မြေစိုးမိုးရေးလုပ်ဆောင်စဥ် ရဲတစ်ဦးကို အရှင်ဖမ်းမိဟု Peal Jokers အဖွဲ့ အသိပေး

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲနှင့် ပျူစောထီးပူးပေါင်းအဖွဲ့များက ကျေးရွာများသို့ ဝင်ရောက်စီးနင်းကာ ဖမ်းဆီးသတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိသည်။

နယ်မြေစိုးမိုးရေးလုပ်ငန်းများလုပ်ဆောင်စဥ် စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတစ်ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် Peal Jokersအဖွဲ့က ယနေ့(ဖေဖော်ဝါရီ ၅) ထုတ်ပြန်သည်။

Peal Jokers အဖွဲ့ခွဲ(၁)မှ ဗိုလ်မဲလုံးဦးဆောင်သောအဖွဲ့က ပုလဲ-ဂန့်ဂေါလမ်းပိုင်းတွင်း နယ် မြေရှင်းလင်းရေးပြုလုပ်စဥ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဖမ်းဆီးရမိထားသည့် စစ်ကောင်စီတပ်ရဲသား မျိုးသီဟထွန်း(ကိုယ်ပိုင်အမှတ် – လ၂၈၄၆၀၉) သည် ယခင်က ရန်ကုန်တိုင်းတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး လက်ရှိတွင် နေပြည်တော်၌ တာဝန်ကျနေကြောင်း အဖမ်းခံရသူ ရဲတပ်သားက Pale Jokers အဖွဲ့၏ မေးမြန်းမှုကို ဖြေကြားထားသည်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲနှင့် ပျူစောထီးပူးပေါင်းအဖွဲ့များက ကျေးရွာများသို့ ဝင်ရောက်စီးနင်းကာ ဖမ်းဆီးသတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

ထိုသို့ကျူးလွန်မှုများကို ယခုရက်ပိုင်းအတွင်း ခပ်စိပ်စိပ်ပြုလုပ်လျက်ရှိရာ ဖေဖော်ဝါရီ ၃ ရက်၊ ၄ ရက်နှင့် ၅ ရက်တို့တွင် မင်းတိုင်ပင်၊ ကိုင်းတွင်းကြီးနှင့် လှော်ကားကျေးရွားများတွင် နေအိမ်များ မီးရှို့ဖျက်ဆီးခြင်း၊ ပစ္စည်းများဖောက်ထွင်းခိုးယူခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းများ လုပ်ဆောင်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် လှည်းတန်းဘူတာမှာ ထိုင်နေတဲ့ လူငယ် ၂ဦးကို စစ်တပ် လက်အောက်ခံ ရဲနဲ့ အရပ်ဝတ်က ဖုန်းယူစစ်ပြီးဖမ်းဆီးသွားတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေ ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။

ဆောင်းပါး

ရဲတပ်သားဟာဘုရားရှိခိုးအပြီး စေတီအနီးမှာ တစ်ဦးတည်း ထိုင်နေတုန်း အသက် ၅၀ ကျော်နဲ့ ၄၀ ဝန်းကျင် ယောကျာ်းကြီး ၃ ဦး ရောက်လာတယ်။ ရဲတပ်သားလေးကို ခပ်မာမာနဲ့ "ငါတို့နဲ့ လိုက်ခဲ့"လို့ ခေါ်တယ်။ ရဲတပ်သားလည်း သူကိုယ်တိုင်က လွှတ်တော်ကို လုံခြုံရေးတာဝန်ယူထားရသူ။ ပြီးတော့ သူများတွေကိုသာ...