Connect with us

Hi, what are you looking for?

LuduNwayOo

News

ကိုး​တောင်ဘို့ ​ကျေးရွာတိုက်ပွဲတွင် PDF ရဲ​ဘော် ၁၃ ဦးထက်မနည်းကျဆုံး

“ကျွန်တော်တို့ဘက်က ကျဆုံးမှုများသွားတယ်။ အဓိကကတော့ လက်နက်အင်အား မမျှတာပဲဗျာ”ဟု ကန့်ဘလူအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။

● လက်နက်အင်အားမမျှသဖြင့် ကျဆုံးမှုများခဲ့ခြင်းဖြစ်၍ လက်နက်တပ်ဆင်​ရေးဝိုင်းဝန်းကူညီကြရန်​တောင်းဆို

ကန့်ဘလူမြို့ နယ်၊ကိုးတောင်ဘို့ကျေးရွာ တိုက်ပွဲတွင် လက်နက်အင်အားမမျှ၍ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်လူငယ် ၁၃ဦးထက်မနည်းကျဆုံးခဲ့ရပြီး လက်
န​က်အမြန်ဆုံးတပ်ဆင်​နိုင်ရန်အတွက်ကူညီကြ​ပေးရန် ကိုး​တောင်ဘို့ပြည်သူ့ကာကွယ်ရေးအဖွဲ့များက တောင်းဆိုသည်။

အကြမ်းဖက်စစ်ကောင်စီသည် ကိုးတောင်ဘို့တိုက်နယ် ကိုးတောင်ဘို့ကျေးရွာအုပ်စုကို ဖေဖော်ဝါရီ ၂ ရက်က စတင်တပ်စွဲကာအကြမ်းဖက်ပြီး လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သည်။ထို့​နောက် ဖေဖော်ဝါရီ ၄ရက်တွင် လက်လုပ်​သေနတ်များအဓိကကိုင်​ဆောင်ထား​သော ဒေသခံ ပြည်သူ့ကာကွယ်​​ရေးတပ်ဖွဲ့နှင့်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီးစစ်​ကောင်စီတပ်က လက်နက်ကြီးများအသုံးပြုပစ်ခတ်တိုက်ခိုက်သည်။ စစ်ကောင်စီဘက်​က ထိခိုက်မှုကို မသိ့ရှိရသေးသော်လည်း ၍ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်လူငယ် ၁၃ဦးကျဆုံးခဲ့ရသည်ဟုပြည်သူ့ကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်သည်။

” ငါတို့ကိုလက်နက်တပ်ဆင်ပေးကြပါ။ ငါတို့မှာတော်လှန်ချင်တဲ့စိတ်ဓာတ်ရှိတယ်။ငါတို့မှာလက်နက်မရှိဘူး။ငါတို့မှာလူအင်အားရှိတယ်။ လက်နက်ဝယ်ဖို့ငွေအားမရှိဘူး။ငါတို့မှာခွန်အားတွေရှိတယ်။ တိုက်ပွဲဝင်ဖို့စစ်ပညာမရှိဘူး။ငါတို့မှာသတ္တိ‌တွေရှိတယ်။ တိုက်ပွဲဝင်ဖို့ဗျူဟာမရှိဘူး။ဒါပေမယ့် ငါတို့အရှုံးမပေးပါဘူး”ဟု ကိုးတောင်ဘို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ သတင်းများကို ဖော်ပြပေးနေသည့် Kotaungbo Revolution – KR-Team ကရေးသားထားသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ဘက်က ကျဆုံးမှုများသွားတယ်။ အဓိကကတော့ လက်နက်အင်အား မမျှတာပဲဗျာ”ဟု ကန့်ဘလူအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် လူငယ်များ ကျဆုံးခဲ့ရသည့်အပေါ် အလွန်ဝမ်းနည်းရပြီး လက်နက်တပ်ဆင်ပေးရန်နှင့် လှူဒါန်းပေးကြရန် ကန့်ဘလူဒေသခံများက တိုက်တွန်းသည်။

ယမန်​နေ့က တိုက်ပွဲတွင်ကျဆုံးသွား​သောလူငယ်များမှာ ​ကောလင်း PDFမှ တပ်ဖွဲ့ဝင်များဖြစ်​ကြောင်း မီဒီယာအချို့တွင် ​ဖော်ပြခဲ့သဖြင့် ကောလင်းပြည်သူ့ကာ
ကွယ်ရေးအဖွဲ့ကလည်း ကျဆုံးသွား​သောလူငယ်များမှာ ​ကိုး​ထောင်ဘို့ ရွာမှ PDF ရဲ​ဘော်များဖြစ်​ကြောင်း ယ​နေ့ထုတ်ပြန်သည်။

“တိုက်ပွဲမှာကျဆုံးခဲ့ရတဲ့ရဲဘော်တွေဟာ
KLPDF(ကောလင်း) မှရဲဘော်များမဟုတ်ပါဘူးခင်ဗျာ။ကန့်ဘလူခရိုင် ကန့်ဘလူမြို့ ကိုးတောင်ဘို့တိုက်နယ်မှ ပကဖ ရဲဘော် သူရဲကောင်းများဖြစ်ပါတယ်။
ကျဆုံးစာရင်းဟာလိုင်းပေါ်တင်ထားတဲ့ (၁၃)ဦးထက်အနည်းငယ်ပိုနိုင်ပါသေးတယ်လို့သိရပါတယ်။လက်နက်ချင်းမမျှတာတောင် သည်လိုတော်လှန်နေကြတဲ့ရဲဘော်တွေကို လေးစားဦးညွှတ်ပါတယ်။ရဲဘော်တို့ ခင်ဗျား တို့သိပ်ကို ရဲရင့်ခဲ့ပါတယ် ငြိမ်ချမ်းရာမှာအနားယူပါတော့။ခင်ဗျားတို့အတွက် ကျုပ်တို့တွေ ရဲရင့်ရမယ်”ဟု Kawlin Revolution-KR က ထုတ်ပြန်ထားသည်။

တိုက်ပွဲတွင်ကျဆုံးခဲ့သော ရဲဘော်များအနက် The Secret Warrior Kawlin မှ ရဲ ဘော်တစ်ဦးပါရှိသောကြောင့် အမိန့်ပြန်တမ်းစာကို ယနေ့ ထုတ်ပြန်ခဲ့သည်။

“ရဲဘာ် ခင်ဗျားဟာ သိပ်ရဲရင့်ခဲ့တယ်။သိပ် လည်း သတ္တိရှိခဲ့တယ် ခင်ဗျားဟာကျုပ်တို့နဲ့တစ်သွေးထဲတစ်သားထဲရပ်တည်ခဲ့တယ်။ကျုပ်တို့ Secret Warrior ရဲ့ရဲရင့်တဲ့ တပ်သားအဖြစ်ပြည်သူအတွက်ရဲဝံ့စွာရပ်တည်ခဲ့ပြီးနယ်စည်းမခြားပဲသွေးချင်းရဲရဲနီကြောင်း စွမ်းဆောင်ပြခဲ့တယ်။4.2.2022ရက်နေ့တွင်ကိုးတောင်ဘို့ တိုက်ပွဲမှာ ရဲဘော်ဟာ ရဲရင့်စွာ အသက်ကိုပေးလှူခဲ့ပြီးဖြစ်တယ်ရဲဘော်ငြိမ်းချမ်းစွာအနားယူပါThe Secret Warrior Kawlin မှခင်ဗျားကိုတာဝန်ကနေရပ်စဲကြောင်း အမိန့်ပြန်လိုက်ပါတယ်ခင်ဗျားရဲ့ မပြီးပြတ်နိုင်ခဲ့တဲ့ ရည်မှန်းချက်တွေကိုကျုပ်တို့ Secret Warrior မှဆက်လက်ဆောင်ရွက်သွားပါမည်ဟု ကတိပြုလိုက်ပါသည်”ဟူ၍ ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ၆၀ မမ ကဲ့သို့ လက်နက် ကြီးအများအ ပြား တိုက်ပွဲ အတွင်းအသုံးပြုခဲ့သည့်အတွက် ကိုးတောင်ဘို့ရွာနေပြည်သူ အချို့လည်း သေဆုံးထိ့ခိုက်ခဲ့သည်ဟု သတင်းထွက်ပေါ်နေသော်လည်း လူထုနွေဦးမှသီးခြား အတည်မပြုနိုင်သေးပေ။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့( ဖေဖော်ဝါရီ ၅ရက်)လည်း
ကိုးတောင်ဘို့ရွာမဘုန်းကြီးကျောင်းဝင်းအတွင်း တပ်စွဲထားဆဲဖြစ်ပြီး အနီးဝန်းကျင်ကျေးရွာများကို စစ်ကြောင်းထိုးနေသည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေး ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။