Connect with us

Hi, what are you looking for?

News

တစ်ပတ်အတွင်း စစ်ကောင်စီတပ်သား ၃၂၀ကျော်သေဟု NUGထုတ်ပြန်

ကာကွယ်ရေးဝန်ကြီးဌာန က ဇန်နဝါရီ ၂၅ရက်မှ ၃၁ရက် အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် ပဋိပက္ခဖြစ်စဉ်များကို စုစည်းဖော်ပြလိုက်ခြင်းဖြစ်သည်။

နိုင်ငံတစ်ဝန်း၌ ဇန်နဝါရီနောက်ဆုံး တစ်ပတ်အတွင်း တိုက်ပွဲနှင့် ပဋိပက္ခဖြစ်စဉ် ၁၇၈ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၃၂၇ဦး သေဆုံးကာ ၁၉၇ဦး ဒဏ်ရာရရှိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ကာကွယ်ရေးဝန်ကြီးဌာန က ဇန်နဝါရီ ၂၅ရက်မှ ၃၁ရက် အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် ပဋိပက္ခဖြစ်စဉ်များကို စုစည်းဖော်ပြလိုက်ခြင်းဖြစ်သည်။

တိုက်ပွဲနှင့် ပဋိပက္ခဖြစ်စဉ်များမှာ ပြည်သူ့ခုခံတော်လှန်စစ် ၉၆ကြိမ်၊ လက်နက်ကိုင်တိုက်ပွဲ ၃၁ကြိမ်နှင့် ပေါက်ကွဲမှု ၅၁ကြိမ် ဖြစ်သည်ဟုဆိုသည်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ အကြမ်းဖက်ကျုးလွန်ခဲ့သည့် ဖြစ်စဉ်ပေါင်း (၁၀၁) ကြိမ် ရှိခဲ့ပြီးထိုသို့ အကြမ်းဖက်မှုများကြောင့် အပြစ်မဲ့ ‌ဒေသခံပြည်သူ (၆၂)ဦးသေဆုံးခဲ့ကာ (၃၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး (၁၆၇) ဦးအထိ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ယခု အချက်အလက်များသည် သတင်းမီဒီယာများနှင့် မြေပြင်မှ တိုက်ရိုက်ရရှိသော သတင်းအချက်အလက်များကို ဆန်းစစ်လေ့လာစုစည်းထားခြင်းဖြစ်ပြီး မြေပြင်တွင် ယခု ဖော်ပြသည့်အရေအတွက်ထက် ပိုများနိုင်ကြောင်း အသိပေးထာသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။